KBZ mBanking  နဲ့  ကမ္ဘောဇဘဏ်အကောင့်အချင်းချင်း ငွေလွှဲပြီး ၁သိန်းကျပ်ငွေသားဆုများ ကံထူးလိုက်ပါ အစီအစဉ်၏ မေးလေ့ မေးထရှိသော မေးခွန်းများ

အစီအစဥ်အား KBZ Online Banking ထဲရှိ Transfer Other (KBZ-KBZ)လုပ်ဆောင်ချက်ဖြင့် ၁၀ သိန်း နှင့် အထက် ငွေလွှဲသူအားလုံး ဤအစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပါသည်။

အစီအစဥ်ကာလသည်  ၁၈.၀၈.၂၀၂၃ မှ ၁.၀၉.၂၀၂၃  အထိ ၁၅ရက်တိတိ ကြာမြင့်မှာဖြစ်ပါသည်။

သတ်မှတ်ထားသော အထူးအစီအစဥ် ကာလအတွင်း KBZ Online Banking ထဲရှိ Transfer Other (KBZ-KBZ)လုပ်ဆောင်ချက်ဖြင့် ၁၀ သိန်း နှင့် အထက် ငွေလွှဲသူအားလုံး ဤအစီအစဥ်တွင် အလိုအလျောက် ပါဝင်ခွင့်ရရှိမည်ဖြစ်ပါသည်။ ‌

အစီအစဉ်တွင် အောက်ပါငွေသားဆုများကို ကံထူးနိုင်မည်ဖြစ်ပါသည်။

– ၁ သိန်းတန် ငွေသားဆုကြီး (၃) ဆု

အစီအစဥ်တွင် KBZ Online Banking ထဲရှိ Transfer Other (KBZ-KBZ) လုပ်ဆောင်ချက်ဖြင့် ၁၀ သိန်း နှင့် အထက် ငွေလွှဲသူအားလုံး အကျုံးဝင်မည်ဖြစ်ပါသည်။

ငွေလွှဲလုပ်ဆောင်ချက် အကြိမ်ရေ အရေအတွက် ကန့်သတ်ထားတာ မရှိပါ။

ကံထူးသူများကို အပြာရောင် အမှတ်ခြစ်ပါသော ကမ္ဘောဇဘဏ်၏ တရားဝင် Facebook စာမျက်နှာ နှင့် KBZ offical website တို့တွင် ကြေညာပေးပါမည်။ ထို့နောက် ကံထူးသူများကိုSMS မှတစ်ဆင့် အသိပေးအကြောင်းကြားသွားပါမည်။ ထို SMS တွင် ဤcampaign တွင် ပါဝင်သည့်အတွက် ဆုငွေ ၁သိန်းကျပ် ကံထူးသွားကြောင်း အသိပေးသွားမည်ဖြစ်ပြီး Customer များထံမှ လျှို့ဝှက်နံပါတ်တောင်းခံခြင်းကို မည်သည့်အခါမှ မပြုလုပ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။ လူကြီးမင်းတို့အနေဖြင့်လည်း OTP နှင့် PIN အား မည်သူ့ကိုမှ မျှဝေခြင်းမပြုရန် အသိပေးလိုပါတယ်။

ကံထူးသူများအား ကြေညာပြီးနောက် ကံထူးရှင်၏ ကံထူးသွားသော ကမ္ဘောဇဘဏ်အကောင့်ထဲသို့ သတ်မှတ်ရုံးဖွင့်ရက် (၅) ရက်အတွင်း တိုက်ရိုက် ထည့်ပေးမည် ဖြစ်ပါသည်။  ဘဏ်အကောင့်ထဲသို့ထည့်ပြီးပါက SMS ပို့ပေးပါမည်။ အစိုးရရုံးပိတ်ရက်များ  သို့မဟုတ် KBZ Bank မှထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ငွေသားဆုငွေများအား ထည့်သွင်းပေးမည့်အချိန်သည် အပြောင်းအလဲရှိနိုင်ပါသည်။

သတိပြုရန်။ KBZ Bankသည် ယခု အစီအစဉ်​၏ တစိတ်တဒေသဖြစ်သည့် အသုံးပြုသူတို့​၏ အကောင့်အချက်အလက်များ ၊ OTP သို့မဟုတ် စကားဝှက်များ ကို အသုံးပြုသူများထံမှ မည်သည့်အခါမျှ ဖုန်းဆက်ခေါ်ယူ မေးမြန်းတောင်းယူမည် မဟုတ်ပါ။ ထိုကဲ့သို့သော သတင်းအချက် အလက်များကို တစ်စုံတစ်ယောက်မှ ဖုန်းဆက်မေးမြန်းလာပြီဆိုပါက ထိုသူတို့​၏ မေးခွန်းများကို ပြန်လည်ဖြေကြားခြင်း မပြုခြင်းဖြင့် လိမ်လည်မှုများကို ရှောင်ရှားပါ။