Effective as of 19th March 2026
Visa/Mastercard Prepaid Card လာရောက်လျှောက်ထားလျှင် Customer တွင် မည်သည့် ဘဏ်အကောင့်မဆို အနည်းဆုံး (၁)ခုရှိထားရမည်ဖြစ်ပါသည်။
(၁) Customer ကိုယ်တိုင်လာရောက်၍ NRC (Or) Passport ယူလာရပါမည်။
(၂) Card Registration Fee – 10,000 MMK
(၃) Card Initial Deposit – USD 50 (OR) 50,000 MMK
(၄) Minimum card balance – USD 20 (OR) 20,000 MMK
Visa/Mastercard Prepaid Card ကို နေ့ချင်းအပြီး ရရှိနိုင်ပါသည်။
Prepaid Card Lost/ Renewal များ လာရောက်လျှောက်ထားပါက သတ်မှတ်ထားသော ဘဏ်ခွဲများတွင် နေ့ချင်းပြီးရရှိနိုင်မည်ဖြစ်ပါသည်။
မည်သည့်ဘဏ်အကောင့်မဆို အနည်းဆုံး (၁)ခုရှိထားပါက USD (သို့မဟုတ်) MMK Currency ဖြင့် လာရောက်လျှောက်ထားနိုင်ပါသည်။
Prepaid Card Customer သည် Password မေ့သွားပါက Customer ကိုယ်တိုင် Call Center သို့ဆက်သွယ်၍ (သို့မဟုတ်) နီးစပ်ရာ ဘဏ်ခွဲသို့သွားရောက်လျှောက်ထား၍ Pin Number အသစ်ပြန်လည်ရယူနိုင်ပါသည်။
ကတ်ထဲမှ Pin Reissue Fees – 1 USD အား Auto ဖြတ်သွားမည်ဖြစ်ပါသည်။
- Prepaid Card ကို ၁ လအတွင်း USD 1,500 အထိ အသုံးပြုနိုင်ပါသည်။
- Overseas ATM တွင် (၁) ရက်လျှင် USD 50 နှင့်ညီမျှသော Currency ထုတ်ယူနိုင်ပြီး၊ တစ်ပတ်လျှင် USD 100 နှုန်းဖြင့် (၄) ပတ်အတွင်း အများဆုံး USD 400 အထိ ထုတ်ယူနိုင်ပါသည်။ ထပ်မံအသုံးပြုခွင့် လက်ကျန် USD 1,100 ကို Online Payment များတွင် အသုံးပြုနိုင်ပါသည်။
Prepaid Card အတွင်းသို့ 3,000 USD (သို့မဟုတ်) ၁၅,၀၀၀,၀၀၀ ကျပ် (သို့မဟုတ်) ထိုပမာဏနှင့်ညီမျှသော USD/ MMK Currency (၂) မျိုးစလုံး၏ Maximum Top Up Limit ပြည့်သည်အထိ ထည့်သွင်းခွင့်ရှိပါသည်။
Customer မှ Top Up ဖြည့်သွင်းလိုပါက USD နှင့်ဖြစ်စေ၊ MMK နှင့်ဖြစ်စေ၊ Currency (၂) မျိုးစလုံးနှင့်ဖြစ်စေ Top Up ဖြည့်သွင်းနိုင်ပါသည်။
Prepaid Card Monthly Statement ကို Customer ၏ အီးမေးလ်သို့ လစဉ် ၁၆ ရက်နေ့တိုင်း အလိုအလျောက် ပေးပို့ပါသည်။
Prepaid Card အတွင်းသို့ လတ်တလောတွင် Account Transfer ဖြင့် ဖြည့်သွင်းခွင့် မရနိုင်သေးပါ။
Prepaid Card ၏ လစဥ်အသုံးပြုခွင့်ရက်ကို Calendar Date (ပြက္ခဒိန်ပါ ရက်စွဲများ) အတိုင်း သတ်မှတ်ထားပါသည်။
Customer သည် မည်သည့် Wallet ကို အသုံးပြုသည်ဖြစ်စေ လစဥ်ပြုလုပ်နိုင်သော Transaction ခွင့်ပြုပမာဏမှာ အများဆုံး USD 1,500 (သို့မဟုတ်) USD 1,500 နှင့်ညီမျှသော MMK ပမာဏသာ ဖြစ်ပါသည်။
Prepaid Card အတွင်းသို့ USD Currency ဖြင့် USD 50 မှစတင်၍ သတ်မှတ်ထားသော Card Wallet Limit USD 3,000 ပြည့်သည်အထိ ထည့်သွင်းနိုင်ပါသည်။
Prepaid Card အတွင်းသို့ မြန်မာကျပ်ငွေဖြင့် ၅၀,၀၀၀ ကျပ်မှ စတင်၍ သတ်မှတ်ထားသော Card Wallet Limit ၁၅,၀၀၀,၀၀၀ ကျပ် (သိန်း ၁၅၀) ပြည့်သည်အထိ ထည့်သွင်းနိုင်ပါသည်။