ကမ္ဘောဇဘဏ်၏ စာရင်းသေအပ်ငွေစာရင်းများနှင့် စုငွေများတိုးပွားလိုက်ပါ

နှစ်သစ်ကို တိုးပွားခြင်းတွေနဲ့အစပြုဖို့ တစ်နှစ်လျှင်အတိုးနှုန်း ၉.၂၅%အထိရရှိသော ကမ္ဘောဇဘဏ်စာရင်းသေအပ်ငွေစာရင်းများကို ဖွင့်လှစ်၍ ငွေအပ်နှံနိုင်ပြီဖြစ်ပါသည်။ Customer များ၏ စုငွေများပိုမိုတိုးပွား လာစေရန် ရည်ရွယ်၍ ကမ္ဘောဇဘဏ်စာရင်းသေအပ်ငွေစာရင်းများ၏ တိုးနှုန်းကိုအောက်ပါအတိုင်း တိုးမြှင့်သတ်မှတ်ပေးလိုက်ပါသည်။

  • ရက် (၉၀) ပုံမှန်စာရင်းသေအပ်ငွေစာရင်း – တစ်နှစ်လျှင် ၉%
  • ရက် (၉၀) ငွေစာရင်းအကောင့်_စာရင်းသေအပ်ငွေစာရင်း – တစ်နှစ်လျှင် ၉%
  • ရက် (၁၈၀) ပုံမှန်စာရင်းသေအပ်ငွေစာရင်း – တစ်နှစ်လျှင် ၉.၂၅%
  • ရက် (၁၈၀) ငွေစာရင်းအကောင့်_စာရင်းသေအပ်ငွေစာရင်း – တစ်နှစ်လျှင် ၉.၂၅%

အတိုးနှုန်းအသစ်အား ရယူခံစားနိုင်ရန် ဖော်ပြပါ စာရင်းသေအပ်ငွေစာရင်း တစ်ခုခုအား ဇန်နဝါရီလ ၉ ရက် မှ ဇွန်လ ၃၀ ရက် ၂၀၂၃ ခုနှစ်အတွင်း မည်သည့်ကမ္ဘောဇဘဏ်ခွဲတွင်မဆို စာရင်းဖွင့်လှစ်နိုင်ပါသည်။ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များရှိပါသည်။