မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအတွက် ဘဏ်ဝန်ဆောင်မှုများကို စတင်ရယူနိုင်ပါပြီ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် အသုံးပြုသူများ

မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်ရေး (Border Trade) လုပ်ငန်းများအတွက် ဘဏ်ဝန်ဆောင်မှုများကို ကမ္ဘောဇဘဏ်တွင် ရယူနိုင်ပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ကမ္ဘောဇဘဏ်မှ ဆောင်ရွက်ပေးမည့် ဝန်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • ယွမ်စာရင်းဖွင့်လှစ်ခြင်း
  • ကျပ်ငွေစာရင်း နှင့် ယွမ်စာရင်း တိုက်ရိုက်လွှဲပြောင်းနိုင်ခြင်း
  • တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချသော ကုန်ဖိုးငွေလွှဲ ဝင်ရောက်လာပါက Customer ၏ ဘဏ်စာရင်းသို့ ထည့်သွင်းပေးခြင်း
  • ကုန်ပစ္စည်းတန်ဖိုးပေးချေရန်အတွက် တရုတ်နိုင်ငံရှိကုန်ရောင်းသူထံသို့ ငွေလွှဲပေးပို့ခြင်း

Customer များအနေဖြင့် ကမ္ဘောဇဘဏ်တွင် တရုတ်ယွမ်အကောင့် ဖွင့်လှစ်ရန်အတွက် လိုအပ်သော စာရွက်စာတမ်းများမှာ –

၁)ကုမ္ပဏီ ယွမ်စာရင်းဖွင့်ခွင့် လျှောက်လွှာအား ဖြည့်စွက်ရန်
၂) သက်တမ်းရှိ ကုမ္ပဏီ မှတ်ပုံတင်လက်မှတ်
၃) Company Extract from DICA
၄) ကုမ္ပဏီ၏ Constitution
၅) ကုမ္ပဏီအစည်းအဝေးဆုံးဖြတ်ချက်
၆) ပို့ကုန်သွင်းကုန်မှတ်ပုံတင်လက်မှတ်
၇) စာရင်းပိုင်ရှင်များ၏ မှတ်ပုံတင် စသည်တို့ ဖြစ်ပါသည်။ 

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးအတွက် ဘဏ်ဝန်ဆောင်မှုပေးနိုင်သော ကမ္ဘောဇဘဏ်ခွဲများမှာ –

ဘဏ်ခွဲအမည်လိပ်စာ
မူဆယ်ဘဏ်ခွဲ ၁ဟ – ၁/၁၊ ပြည်ထောင်စုလမ်းနှင့် ခွာညို လမ်းထောင့်၊ ဟိုမွန်ရပ်ကွက်၊ မူဆယ်
မူဆယ်ဘဏ်ခွဲ ၂ကလ-၂၁/ကောင်းမှုလွယ်ရပ်ကွက်၊ ပြည်ထောင်စုလမ်း၊ မူဆယ်
ရန်ကုန်ဘဏ်ခွဲ ၂၀၆ (IBD)အမှတ် ၅၃၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပတ်လမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်
မန္တလေးဘဏ်ခွဲ ၃၆ (IBD)အကွက် ၇၊ ၇၃ လမ်း၊ သဇင်လမ်းနှင့် ‌ရွှေ၀ါလမ်းကြား၊ မြို့သစ် (၁) ရပ်ကွက်၊ မင်္ဂလာမန္တလေး, ချမ်းမြသာစည်မြို့နယ်

ဝန်ဆောင်မှုအကြောင်း အသေးစိတ်သိရှိလိုပါက Trade Sales phone: 09880593363, 09880593364, 09880593367, 09880593360 (သို့) email: [email protected] နှင့် [email protected] သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။