စာရင်းသေအပ်ငွေစာရင်းကို KBZ m/iBanking မှတစ်ဆင့် ဖွင့်လှစ်နိုင်ပြီး တစ်နှစ်လျှင် အတိုးနှုန်း ၈.၅ % အထိရယူလိုက်ပါ

စာရင်းသေအပ်ငွေစာရင်းအား အသစ်ဖွင့်လှစ်လိုသည့် Customer များအနေဖြင့် ဘဏ်ခွဲသို့လာရောက်စရာမလိုအပ်ဘဲ  KBZ iBanking (သို့) mBanking ရှိရုံဖြင့် စာရင်းကို လွယ်ကူစွာဖွင့်လှစ်နိုင်ပြီး တစ်နှစ်လျှင်အတိုးနှုန်း ၈.၅% အထိရယူခံစားနိုင်ပါပြီ။ စာရင်းဖွင့်ရာတွင် Individual အကောင့် နှင့် Corporate/Business အကောင့် စသည်ဖြင့်ဖွင့်လှစ်နိုင်ပြီး ကနဦးအပ်နှံငွေအား မိမိ၏ ပုံမှန်အပ်ငွေစာရင်းများ (ငွေစုဘဏ်၊ ခေါ်ယူ၊ စာရင်းရှင်) တို့မှလွှဲပြောင်းကာ ဖွင့်လှစ်နိုင်ပါတယ်။    

KBZ m/iBanking မှတစ်ဆင့် ဖွင့်လှစ်နိုင်သော စာရင်းသေအပ်ငွေစာရင်း ကာလအပိုင်းအခြားများနှင့် အတိုးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • ရက်(၃၀) စာရင်းသေအပ်ငွေစာရင်း : တစ်နှစ်လျှင် ၈% 
  • ရက်(၆၀) စာရင်းသေအပ်ငွေစာရင်း တစ်နှစ်လျှင် ၈.၂၅% 
  • ရက်(၉၀) စာရင်းသေအပ်ငွေစာရင်း တစ်နှစ်လျှင် ၈.၅% 
  • ရက်(၁၈၀) စာရင်းသေအပ်ငွေစာရင်း တစ်နှစ်လျှင် ၈.၂% 
  • ရက်(၂၇၀) စာရင်းသေအပ်ငွေစာရင်း တစ်နှစ်လျှင် ၈.၃% 
  • ရက်(၃၆၀) စာရင်းသေအပ်ငွေစာရင်း တစ်နှစ်လျှင် ၈.၅% 
  • ရက်(၁၀၈၀) စာရင်းသေအပ်ငွေစာရင်း တစ်နှစ်လျှင် ၈% 

စာရင်းသေအပ်ငွေစာရင်းအား KBZ mBanking မှ ဖွင့်လှစ်ပုံအဆင့်ဆင့် 

၁. KBZ mBanking သို့ login ဝင်ပါ။ 

၂. KBZ mBanking ၏ ဘယ်ဘက်အပေါ်ဒေါင့်ရှိ hamburger menu (လိုင်းသုံးလိုင်း) ကိုနှိပ်ပါ။ 

၃. ထို့နောက် Accounts ထဲသို့ဝင်ကာ Open Term Deposit ကိုရွေးချယ်ပြီး  Individual  အကောင့် နှင့် Corporate/Business အကောင့် စသည်ဖြင့်ဖွင့်လှစ်နိုင်ပါသည်။ 

စာရင်းသေအပ်ငွေစာရင်းအား KBZ iBanking မှ ဖွင့်လှစ်ပုံအဆင့်ဆင့် 

၁. KBZ iBanking သို့ https://ibanking.kbzbank.com/B001/login.jsp မှတဆင့် login ဝင်ပါ။ 

၂. ဘယ်ဘက် menu တွင်ရှိသော Account သို့နှိပ်ပြီး Open Term Deposit ကိုဆက်လက်ရွေးချယ်ကာ Individual (Single) အကောင့် နှင့် Corporate/Business အကောင့် ကို ရွေးချယ်ဖွင့်လှစ်နိုင်ပါသည်။

အသေးစိတ်အချက်အလက်များကို KBZ Call Center 8555 (Non MPT user), 09951018555 (MPT User) သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

iBanking သို့ login ဝင်ရန် – KBZ iBanking

mBanking အက်ပလီကေးရှင်းအား ဒေါင်းလုတ်ရယူရန်
Andriod – https://bit.ly/3GKG3ra
App Gallery – https://bit.ly/3tanfM2
iOs – https://apple.co/3m9ZAYt