ATM တွင် ငွေထုတ်ယူမှုနှင့် ပတ်သက်၍ အမေးများသော မေးခွန်းများ

ယခုလတ်တလောအချိန်တွင် KBZ မှ ထုတ်ပေးထားသော MPU Debit (ATM ကတ်) ဖြင့်သော်လည်းကောင်း၊ mBanking Cardless Withdrawal ဖြင့်သော်လည်းကောင်း ငွေသားထုတ်ယူနိုင်ပါသည်။ ထို့အပြင် ကမ္ဘောဇဘဏ်၏ Payroll ဝန်ဆောင်မှုရယူထားသော ကုမ္ပဏီများအတွက် သီးသန့်ထုတ်ပေးထားသည့် ATM Cash account (Payroll) ကတ်များမှတစ်ဆင့် ငွေသားထုတ်ယူနိုင်ပါသည်။ 

i)     ကမ္ဘောဇဘဏ် ပုံမှန်အကောင့်ဟောင်း နှင့်ချိတ်ဆက်ထားသည့် MPU Debit (ATM ကတ်) မှ 

  • (၁) ရက်လျှင် ငွေသား အများဆုံး (၁၀) သိန်းကျပ်
  • (၁) ပတ်လျှင် ငွေသား အများဆုံး (၂၀) သိန်းကျပ် ထိ 

ii)     ကမ္ဘောဇဘဏ် ငွေစာရင်းအကောင့် နှင့်ချိတ်ဆက်ထားသည့်MPU Debit (ATM ကတ်) မှ 

  • (၁) ရက်လျှင် ငွေသား အများဆုံး(၁၀)သိန်းနှင့် နေ့စဉ်ထုတ်နိုင်ပါသည်။

ii)   KBZ mBanking ၏ Cardless Withdrawal ဖြင့် တစ်ပတ်လျှင်အများဆုံး (၃) သိန်းကျပ် ထုတ်ယူနိုင်ပါသည်။

ATM Cash Account များသည် ကမ္ဘောဇဘဏ်၏ Payroll ဝန်ဆောင်မှုကို ရယူထားသော ကုမ္ပဏီများအတွက် စီစဉ်ဆောင်ရွက်ပေးနေသော ထုတ်ကုန်တစ်ခုဖြစ်ပါသည်။ ATM Cash Account (Payroll) ရယူလိုပါက Payroll Department Phone: 012307005 Email: [email protected] သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 

MPU ကတ်မရှိသော (သို့မဟုတ်) ပါမလာခဲ့သော Customer များသည် KBZ mBanking ၏ Cardless Withdrawal ဖြင့် တစ်ပတ်လျှင်အများဆုံး (၃) သိန်းကျပ် ငွေထုတ်ယူနိုင်သည့်အပြင် အခြားသောဝန်ဆောင်မှုများဖြစ်သည့် KBZ MPU Debit Card Transfer (KBZ MPU ကတ်အချင်းချင်း ငွေလွှဲခြင်း)၊ ဘဏ်အကောင့်စာရင်းစစ်ဆေးခြင်း(Balance Enquiry)၊ဘဏ်အကောင့်စာရင်းထုတ်ယူခြင်း (Mini-statement) ၊ PIN နံပါတ်ပြောင်းလဲသတ်မှတ်ခြင်း (PIN Change)နှင့် KBZ mBanking အကောင့် activate ပြုလုပ်ခြင်းများ ပြုလုပ်နိုင်ပါသည်။ 

ယခုလတ်တလောအချိန်တွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နှင့် တောင်ကြီးမြို့များရှိ သတ်မှတ်ထားသော ATM များတွင် ငွေသားထုတ်ယူနိုင်ပါသည်။ အခြားမြို့များတွင်လည်း ငွေသားထုတ်ယူနိုင်သော ATM အရေအတွက်များကို တိုးချဲ့နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး ATM များစာရင်းကို အချိန်နှင့်တပြေးညီ ကြေညာပေးသွားမည်ဖြစ်ပါသည်။ 

Customer များအနေဖြင့် 24/7 ငွေသားထုတ်ယူ၍ရနိုင်ပါသည်။

ကမ္ဘောဇဘဏ်၏ သတ်မှတ်ထားသော ATM များတွင် Customer များငွေထုတ်ယူနိုင်ရန် အတတ်နိုင်ဆုံးကြိုးစား၍ ငွေဖြည့်ပေးသွားမည်ဖြစ်ပါသည်။ Customer များအနေဖြင့် ယနေ့ငွေထုတ်ရာတွင် အဆင်မပြေခြင်းများရှိခဲ့ပါက နောက်တစ်ရက်တွင် ပြန်လည်လာရောက်ပြီး ငွေသားထုတ်ယူနိုင်ပါသည်။ 

ကမ္ဘောဇဘဏ်၏ Website တွင် ငွေသားထုတ်ယူနိုင်သော ATM စာရင်း အား ကြည့်ရှုနိုင်ပါသည်။