Announcements

ငွေစုဘဏ်အပ်ငွေစာရင်း၏ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ၏​ တိုးမြင့်လာသော အပ်ငွေအပေါ်တွင် တစ်နှစ်လျှင် အတိုးနှုန်း ၈% အထိ ရယူပါ

ငွေစုဘဏ်အပ်ငွေစာရင်း၏ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ၏​ တိုးမြင့်လာသော အပ်ငွေအပေါ်တွင် တစ်နှစ်လျှင် အတိုးနှုန်း ၈% အထိ ရယူပါ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်ငွေစုဘဏ်အပ်ငွေစာရင်းသုံးစွဲသူ customer များ ကမ္ဘောဇဘဏ် ငွေစုဘဏ်အပ်ငွေစာရင်းသုံးစွဲသူ customer များအတွက် စိတ်လှုပ်ရှားစရာကောင်းသော အစီအစဉ်တစ်ခုကို မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါသည်။  ပုံမှန်ငွေစုဘဏ်အပ်ငွေစာရင်းcustomer များအနေဖြင့် မိမိတို့၏ ဒီဇင်ဘာလ နှင့် နိုဝင်ဘာလ ၂၀၂၁ ခုနှစ်အတွင်း ပျှမ်းမျှသတ်မှတ်ချက်ပြည့်မီသော တိုးမြင့်လာသည့် လက်ကျန်ငွေအပေါ်တွင်  အပိုဆောင်းအတိုးငွေ တစ်နှစ်လျှင် ၃% အား ထပ်မံပေးအပ်သွားပါမည်။   လိုအပ်သည့်အချက်အလက်များ ပြည့်စုံပါက  ငွေစုဘဏ်အပ်ငွေစာရင်း၏ တိုးမြင့်လာသော လက်ကျန်ငွေပေါ်တွင် တစ်နှစ်လျှင်အတိုးနှုန်း ၈% အထိ ( ပုံမှန်အတိုးနှုန်း တစ်နှစ်လျှင် ၅% + အပိုဆောင်း အတိုးနှုန်း တစ်နှစ်လျှင် ၃%) ရရှိမည်ဖြစ်ပါသည်။ အပိုဆောင်းအတိုးငွေအား ရယူရန် customer များအနေဖြင့် ၂၀၂၁ခုနှစ်...
ကမ္ဘောဇဘဏ်ခွဲများတွင် Western Union, Merchant Trade, Krung Thai Bank (ငွေလွှဲထုတ်ပေးခြင်း) Premium Service ဝန်ဆောင်မှုရယူနိုင်ပါပြီ

ကမ္ဘောဇဘဏ်ခွဲများတွင် Western Union, Merchant Trade, Krung Thai Bank (ငွေလွှဲထုတ်ပေးခြင်း) Premium Service ဝန်ဆောင်မှုရယူနိုင်ပါပြီ

ပြည်ပနိုင်ငံများရှိ နိုင်ငံတကာ ငွေလွှဲအဖွဲ့အစည်းများဖြစ်ကြသည့် Western Union, Merchant Trade, Kurang Thai Bank တို့မှတစ်ဆင့် ငွေလွှဲပေးပို့ပြီး PIN Number (လျှို့ဝှက်ကုတ်) ဖြင့်  မြန်မာပြည်အနှံ့ရှိ ကမ္ဘောဇဘဏ်ခွဲများတွင်
တန်ဆောင်တိုင်ရုံးပိတ်ရက် ဘဏ်ပိတ်ရက်များ ကြေညာခြင်း

တန်ဆောင်တိုင်ရုံးပိတ်ရက် ဘဏ်ပိတ်ရက်များ ကြေညာခြင်း

၂၀၂၁ ခုနှစ်  နိုဝင်ဘာလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့သည် တန်ဆောင်တိုင်ရုံးပိတ်ရက် ဘဏ်ပိတ်ရက်များဖြစ်ပါသောကြောင့် ကမ္ဘောဇဘဏ်ခွဲများ အားလုံးကို ပိတ်ထားမည်ဖြစ်ပြီး customer များအနေဖြင့် ငွေကြေးကိစ္စများကို  KBZ mBanking, iBanking နှင့် KBZPay တို့ မှတစ်ဆင့် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း လေးစားစွာ အကြောင်းကြားအပ်ပါတယ်။ လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
ထပ်မံတိုးမြှင့်လိုက်သော စာရင်းသေအပ်ငွေစာရင်း၏ အတိုးနှုန်းအသစ်များ

ထပ်မံတိုးမြှင့်လိုက်သော စာရင်းသေအပ်ငွေစာရင်း၏ အတိုးနှုန်းအသစ်များ

ကမ္ဘောဇဘဏ်မှ အောက်တိုဘာလ ၂၅ရက်နေ့မှစ၍  တိုးမြှင့်လိုက်သော စားရင်းသေအပ်ငွေစာရင်း၏ အတိုးနှုန်းအသစ်များကို customer များ ခံစားရယူနိုင်ပြီဖြစ်ပါသည်။
ကမ္ဘောဇဘဏ်အကောင့်အချင်းချင်း KBZ i/mBanking တို့မှတဆင့် ဒီဇင်ဘာလ နှစ်ကုန်ပိုင်းအထိ အခမဲ့ငွေလွှဲနိုင်ပါပြီ

ကမ္ဘောဇဘဏ်အကောင့်အချင်းချင်း KBZ i/mBanking တို့မှတဆင့် ဒီဇင်ဘာလ နှစ်ကုန်ပိုင်းအထိ အခမဲ့ငွေလွှဲနိုင်ပါပြီ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် Online Banking အသုံးပြုသူ customer များ  ကမ္ဘောဇဘဏ် Online Banking အသုံးပြုသူ customer များအတွက် ငွေလွှဲဝန်ဆောင်မှုများ ပြုလုပ်ရာတွင် အဆင်ပြေချောမွေ့စေရန် ကမ္ဘောဇဘဏ်နေဖြင့် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်ပြီး KBZ mBanking နှင့် iBanking တို့မှတဆင့် ငွေလွှဲခ "အခမဲ့" အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ပြီးဖြစ်ပါသည်။ ယခုဆက်လက်ပြီး ဤအစီအစဉ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနှစ်ကုန်ပိုင်းထိ ဆက်လက်တိုးမြှင့်ပေးသွားမည် ဖြစ်သောကြောင့် ကမ္ဘောဇဘဏ်အကောင့်အချင်းချင်း (မြန်မာကျပ်ငွေ) အတွက် KBZ mBanking နှင့် iBanking မှ ငွေလွှဲမှုများကို အခမဲ့ဖြင့် ဆက်လက်လုပ်ဆောင်သွားနိုင်မည် ဖြစ်ပါသည်။  mBanking နှင့်...
မြင့်မားသောအတိုးနှုန်း ၈.၅% ရရှိနိုင်သည့် ရက် ၃၀ အထူးငွေသားစာရင်းသေအပ်ငွေစာရင်းသစ်

မြင့်မားသောအတိုးနှုန်း ၈.၅% ရရှိနိုင်သည့် ရက် ၃၀ အထူးငွေသားစာရင်းသေအပ်ငွေစာရင်းသစ်

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ  ကမ္ဘောဇဘဏ်မှ customer များအတွက် ပိုမိုများပြားသော အတိုးနှုန်း ၈.၅% ရရှိနိုင်သည့် ရက် ၃၀ အထူးငွေသားစာရင်းသေအပ်ငွေစာရင်းအား မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါသည်။ Customer များအနေဖြင့် ကမ္ဘောဇဘဏ် ရက် ၃၀ အထူးငွေသား စာရင်းသေအပ်ငွေစာရင်းအား တစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ်ခွဲတိုင်းတွင် သွားရောက်ဖွင့်လှစ်နိုင်ပြီဖြစ်ပါသည်။ ရက် ၃၀ အထူးငွေသားစာရင်းသေအပ်ငွေ စာရင်းသစ်အား အောက်ပါ customer များမှ ပေးသွင်းငွေ ကျပ်ငွေ ၁,၀၀၀,၀၀၀ ဖြင့် ဖွင့်လှစ်နိုင်ပါသည်။ လူပုဂ္ဂိုလ်များ (တစ်ဦးချင်း သို့မဟုတ် နှစ်ဦး၊ သုံးဦးစသဖြင့် တွဲဖက်စာရင်းများ) အဖွဲ့အစည်းများ (NGO, INGO, Pagoda Trustees, Universities, etc)...
သီတင်းကျွတ်ရုံးပိတ်ရက် ဘဏ်ပိတ်ရက်များ ကြေညာခြင်း

သီတင်းကျွတ်ရုံးပိတ်ရက် ဘဏ်ပိတ်ရက်များ ကြေညာခြင်း

၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိသည် သီတင်းကျွတ်ရုံးပိတ်ရက် ဘဏ်ပိတ်ရက်များဖြစ်ပါသောကြောင့် ကမ္ဘောဇဘဏ်ခွဲများ အားလုံးကို ပိတ်ထားမည်ဖြစ်ပြီး ပိတ်ရက်များအတွင်း ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို KBZ iBanking/mBanking နှင့် KBZPay များမှတစ်ဆင့် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။ လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
ကမ္ဘောဇဘဏ်ခွဲပေါင်း ၂၀၀ကျော်တွင် Western Union (ငွေလွှဲထုတ်ပေးခြင်း) Premium Service ဝန်ဆောင်မှုအား ရယူနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာခြင်း

ကမ္ဘောဇဘဏ်ခွဲပေါင်း ၂၀၀ကျော်တွင် Western Union (ငွေလွှဲထုတ်ပေးခြင်း) Premium Service ဝန်ဆောင်မှုအား ရယူနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် အသုံးပြုသူ customer များ  Customer များ ပိုမိုအဆင်ပြေစေရန်အတွက် Western Union (ငွေလွှဲထုတ်ပေးခြင်း) Premium Service  ဝန်ဆောင်မှုအား မြန်မာနိုင်ငံအနှံ့ရှိ ကမ္ဘောဇဘဏ်ခွဲပေါင်း ၂၀၀ကျော်တွင် ငွေပမာဏ အကန့်အသတ်မရှိ (No Withdrawal Limit) ၊ တုံကင်ယူရန်မလို (No Token) စနစ်ဖြင့် ပိုမိုလွယ်ကူလျင်မြန်စွာ ငွေသားထုတ်ယူနိုင်ပြီဖြစ်ပါသည်။  အသေးစိတ်သိရှိလို့ပါက KBZ Bank Call Center  09951018555 (သို့)Phone: 01-2307162, 09-443211683 Email: kbz.westernunion@kbzbank.com တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။ Western Union (ငွေလွှဲထုတ်ပေးခြင်း) Premium Serviceဝန်ဆောင်မှုရယူနိုင်သည့် ဘဏ်ခွဲစာရင်းများ ကြည့်ရူရန် - ဘဏ်ခွဲများစာရင်း
အောက်တိုဘာလအတွင်း ကမ္ဘောဇဘဏ်အကောင့်အချင်းချင်း KBZ i/mBanking တို့မှတဆင့် အခမဲ့ငွေလွှဲနိုင်ခြင်း

အောက်တိုဘာလအတွင်း ကမ္ဘောဇဘဏ်အကောင့်အချင်းချင်း KBZ i/mBanking တို့မှတဆင့် အခမဲ့ငွေလွှဲနိုင်ခြင်း

ကမ္ဘောဇဘဏ် Online Banking အသုံးပြုသူ customer များအနေဖြင့် အောက်တိုဘာလအတွင်း KBZ mBanking နှင့် iBanking တို့မှတဆင့် ကမ္ဘောဇဘဏ်အကောင့်အချင်းချင်းအတွက် မြန်မာကျပ်ငွေကို မည်သည့် ငွေလွှဲပမာဏမဆို ငွေလွှဲခ "အခမဲ့" ဖြင့် လွှဲပြောင်းနိုင်မည်ဖြစ်ကြောင်း