ကမ္ဘောဇအိမ်ရာချေးငွေ စင်တာ နေရာပြောင်းလဲဖွင့်လှစ်ခြင်း

အိမ်ရာ ချေးငွေ ရယူခြင်း လုပ်ငန်းစဉ် ၊ အကြောင်းအရာများ နှင့် ပတ်သက်သော ဝန်ဆောင်မှုများ ပေးအပ်နေသည့်
ကမ္ဘောဇအိမ်ရာချေးငွေ စင်တာ ၂ ခု ဖြစ်သည့် 

  • ကမာရွတ် ၂ – အမှတ် (၆၁၇) ၊ ပြည်လမ်း ၊ ၂ ရပ်ကွက်၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့  နှင့် 
  • သင်္ဃန်းကျွန်း ၂၊ အမှတ် (၂ ၊ ၃ ၊ ၄) ရတနာလမ်း၊ မလိခ အိမ်ရာ၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့

ကို ဒီဇင်ဘာလ ၁ ရက် ၂၀၂၁ ခုနှစ်မှ စတင်ပြီး 

  • အမှတ် ၁၃၃ B ၊ အနောက်ရွှေဂုံတိုင်လမ်း ၊ ဗဟန်းရပ်ကွက် ၊ ရန်ကုန်မြို့ ၊ ဖုန်း ( ၀၁ ၅၅၆၄၂၉ ၊ ၅၅၆ ၄၅၂ ၊ ၅၅၆ ၄၅၃ ၊ ၅၅၆ ၄၂၆ ၊ ၅၅၆ ၄၂၈) သို့ပြောင်းလဲ ဖွင့်လှစ်လိုက်ပြီဖြစ်ပါသည်။ 

အိမ်ရာချေးငွေ နှင့် ပတ်သက်သည့် အကြောင်းအရာများကို အသစ်ပြောင်းလဲ ဖွင့်လှစ်လိုက်သော အိမ်ရာချေးငွေ စင်တာ မှ ဖြစ်စေ၊ တစ်ခြားသော ကမ္ဘောဇအိမ်ရာချေးငွေ စင်တာ နှင့် ဘဏ်ခွဲများတွင် ဖြစ်စေ ဆက်သွယ် မေးမြန်းနိုင်ပါသည်။