ဘဏ်ခွဲများတွင် ငွေသားပေးသွင်းခြင်း နှင့်ထုတ်ယူခြင်းတို့အား အခမဲ့လုပ်ဆောင်နိုင်ပါပြီ

၂၀၂၁ခုနှစ် နိုဝင်ဘာလ ၂၄ရက်နေ့မှစတင်၍ ပုံမှန်ဘဏ်စာရင်းများနှင့် ငွေစာရင်းအကောင့်အသစ် တို့မှ ငွေသားထုတ်ယူခြင်း၊ ငွေသားထည့်သွင်းခြင်းတို့ကို Home Branch နှင့် စည်ပင်သာယာနယ်နမိတ်တူညီသော (within same city) အခြားဘဏ်ခွဲများတွင် အခမဲ့လုပ်ဆောင်နိုင်ပြီဖြစ်ပါသည်။

စည်ပင်သာယာနယ်နမိတ်မတူညီသော မြို့များ (different city)ရှိ ဘဏ်ခွဲများတွင်သာ ဆက်သွယ်ရေးဝန်ဆောင်ခ ၅၀၀ ကျပ်နှင့် အွန်လိုင်းဝန်ဆောင်ခ အနည်းဆုံး ၅၀၀ကျပ်တို့ကိုပေးဆောင်ရန်လိုအပ်ပါသည်။

အသေးစိတ်သိရှိလိုပါက ကမ္ဘောဇဘဏ် Call Center 09951018555 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။