မြင့်မားသောအတိုးနှုန်း ၈.၅% ရရှိနိုင်သည့် ရက် ၃၀ အထူးငွေသားစာရင်းသေအပ်ငွေစာရင်းသစ်

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ 

ကမ္ဘောဇဘဏ်မှ customer များအတွက် ပိုမိုများပြားသော အတိုးနှုန်း ၈.၅% ရရှိနိုင်သည့် ရက် ၃၀ အထူးငွေသားစာရင်းသေအပ်ငွေစာရင်းအား မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါသည်။

Customer များအနေဖြင့် ကမ္ဘောဇဘဏ် ရက် ၃၀ အထူးငွေသား စာရင်းသေအပ်ငွေစာရင်းအား တစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ်ခွဲတိုင်းတွင် သွားရောက်ဖွင့်လှစ်နိုင်ပြီဖြစ်ပါသည်။ ရက် ၃၀ အထူးငွေသားစာရင်းသေအပ်ငွေ စာရင်းသစ်အား အောက်ပါ customer များမှ ပေးသွင်းငွေ ကျပ်ငွေ ၁,၀၀၀,၀၀၀ ဖြင့် ဖွင့်လှစ်နိုင်ပါသည်။

  • လူပုဂ္ဂိုလ်များ (တစ်ဦးချင်း သို့မဟုတ် နှစ်ဦး၊ သုံးဦးစသဖြင့် တွဲဖက်စာရင်းများ)
  • အဖွဲ့အစည်းများ (NGO, INGO, Pagoda Trustees, Universities, etc)
  • ကုမ္ပဏီများ (DICA Issued Company Registration)
  • စီးပွားရေးလုပ်ငန်း နှင့ ကုမ္ပဏီများ (Non-DICA Issued Company Registration)

အသေးစိတ်သိရှိလိုပါက 09 9510 18555 သို့မဟုတ် 8555သို့ ခေါ်ဆိုမေးမြန်းနိုင်ပါသည်။

ကမ္ဘောဇဘဏ်၏ ဝန်ဆောင်မှုများကို အသုံးပြုခြင်းအတွက် ကျေးဇူးတင်ရှိပါသည်။

***အတိုးနှုန်းအား မည်သည့်အချိန်၌မဆို ပြင်ဆင်ရန် (သို့မဟုတ်) ဖြည့်စွက်ရန် ကမ္ဘောဇဘဏ်တွင် အခွင့်အာဏာရှိပါသည်။ ဘဏ်သည် ပြင်ဆင်သည့် စည်းကမ်းချက်များအား ဘဏ်၏ Website တွင် ထုတ်ပြန်ခြင်း (သို့မဟုတ်) ဘဏ်မှသင့်တော်သည့် အခြားနည်းလမ်းတစ်ခုခုဖြင့်ဖြစ်စေ ဆက်သွယ်အကြောင်းကြားနိုင်သည်။ Website ပေါ်တွင် ထုတ်ပြန်သည့် ပြင်ဆင်ချက်များအပါအဝင် အဆိုပါစည်းကမ်းချက်များကို ပုံမှန်စစ်ဆေးရန် ငွေအပ်နှံသူတွင် တာဝန်ရှိပါသည်။