စုပေါင်းစုဘူးဖြင့် ငွေစုဆောင်း ငွေသားဆုလက်ဆောင်များရနိုင်မယ့်အခွင့်အရေးကောင်း” တန်ဆောင်တိုင် Campaign ၏ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ
၁။ “စုပေါင်းစုဘူးဖြင့် ငွေစုဆောင်း ငွေသားဆုလက်ဆောင်များ ရနိုင်မယ့် အခွင့်အရေးကောင်း” Campaign ကာလမှာ ၂၀၂၅ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့မှ ၂၀၂၆ခုနှစ် မတ်လ (၃၁) ရက်နေ့အထိ ကျင်းပ ပြုလုပ်မည်ဖြစ်သည်။ ဤ Campaign ၏ ရည်ရွယ်ချက်မှာ ကမ္ဘောဇဘဏ်၏ Customer များ အနေဖြင့် စုဘူးငွေစာရင်းများထဲမှ တစ်ခုဖြစ်သော စုပေါင်းစုဘူးစာရင်း (Recurring Deposit : Group Goal SuBoo Account)အား ဖွင့်လှစ်၍ မိမိတို့၏ အနာဂတ် ရည်မှန်းချက်များအတွက် ငွေစုခြင်းဖြင့် ဆုလက်ဆောင်များ ကံထူးစေနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။ ၂။ ယခု Campaign တွင်ပါဝင်ရန် Campaign...
