ရန်ကုန်မြို့ရှိ သက်ကြီးရွယ်အို Customer များအတွက် Senior Citizens – KBZPay စင်တာအား ဖွင့်လှစ်
ကမ္ဘောဇဘဏ် အနေဖြင့် ရန်ကုန်မြို့ရှိ အသက် (၆၀) နှင့်အထက် customer များအား ဝန်ဆောင်မှုများ ပေးအပ်ရာတွင် ပိုမိုအဆင်ပြေနိုင်စေရန်အတွက် Senior Citizens - KBZPay စင်တာအား ရန်ကုန်မြို့တွင် ဖွင့်လှစ်ပေးထားပါသည်။ အဆိုပါ စင်တာတွင် အောက်ပါဝန်ဆောင်မှုများအား တနင်္လာနေ့မှ သောကြာနေ့ မနက် ၉နာရီ ၃၀မိနစ်မှ ညနေ ၃နာရီ အတွင်း ရယူနိုင်မည် ဖြစ်ပါသည်။ ■ KBZPay အကောင့်ဖွင့်လှစ်ခြင်း■ ကိုယ်ပိုင်ဘဏ်အကောင့်အား KBZPay အကောင့်နှင့် ချိတ်ဆက်ခြင်း■ ကမ္ဘောဇဘဏ်နှင့် KBZPay အကောင့်များ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ ပြင်ဆင်ခြင်း■ KBZPay အေးဂျင့် မှ ငွေထုတ်ခြင်း (ဝန်ဆောင်ခပေးဆောင်ရမည်ဖြစ်သည်) အထက်ဖော်ပြပါ ဝန်ဆောင်မှုများ...



