မေလအတွက် ငွေစုဘဏ်အပ်ငွေစာရင်း၏ အပ်ငွေကာလအား တိုးမြှင့်ပေးခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ 

၂၀၂၁ခုနှစ်၊ ဧပြီလ ၂၇ရက် နေ့ပါ ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ  အများပြည်သူရုံးပိတ်ရက်များဖြစ်သည့် ဧပြီလ ၃၀ရက်နေ့ မှ မေလ ၂ရက်နေ့အထိအား အစားထိုးပေးသည့်အနေဖြင့် ကမ္ဘောဇဘဏ် ငွေစုဘဏ်အပ်ငွေစာရင်း၏ အပ်ငွေများကို  မေလ ၇ ရက်အထိ အပ်နှံနိုင်ပြီဖြစ်ပါသည်။ မေလ ၇ ရက်နေ့အထိ ငွေစုဘဏ်အပ်ငွေစာရင်းသို့အပ်ငွေများသည် မေလအတွက် အတိုးနှုန်းတွက်ချက်ရာတွင် အကျုံးဝင်မည်ဖြစ်ပါသည်။

ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို KBZ iBanking/mBanking၊ KBZPay၊ မြန်မာနိုင်ငံ၏ ကွန်ရက်အကျယ်ပြန့်ဆုံးဖြစ်သည့် ဘဏ်ခွဲများနှင့် ATM များမှတဆင့် ဘဏ္ဍာရေး စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်ကြောင်းလည်း အကြောင်းကြားအပ်ပါသည်။ 

လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။