KBZ ဘဏ် ငွေစာရင်းအကောင့်အသစ်-စာရင်းရှင်အပ်ငွေစာရင်းများ အထွေထွေ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

ကမ္ဘောဇဘဏ်လီမိတက် (KBZ Bank) ၏ ငွေစာရင်းအကောင့်အသစ်-စာရင်းရှင်အပ်ငွေစာရင်း များအတွက် စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ အဓိပ္ပာယ်သတ်မှတ်ချက်များ

‘ဘဏ်’ ဆိုသည်မှာ ကမ္ဘောဇဘဏ်လီမိတက် (ဘဏ်)ကို ဆိုလိုသည်။

‘ငွေအပ်နှံသူ’ ဆိုသည်မှာ ဘဏ်တွင် ငွေစာရင်းအကောင့်အသစ်-စာရင်းရှင်အပ်ငွေစာရင်း ရှိသည့် KBZ ဘဏ်ငွေအပ်နှံသူ တစ်ဦးကို ဆိုလိုသည်။

‘ချက်’ ဆိုသည်မှာ ဘဏ်မှ ငွေထုတ်ပေးရန် ငွေအပ်နှံသူ၏ အမိန့်လွှာကိုဆိုလိုသည်။

ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း ဆိုသည်မှာ သီးသန့်ငွေစာရင်းအမျိုးအစားဖြစ်ပြီး ငွေအပ်နှံသူက ငွေသားကိုသာ အပ်နှံထည့်သွင်းနိုင်ပြီး ထိုငွေစာရင်းမှ ငွေထုတ်ခြင်း (သို့မဟုတ်) စာရင်းပြောင်းလဲ ခြင်းတို့ကို ကန့်သတ်မှုမရှိဘဲ ဆောင်ရွက်နိုင်သည်။ သို့ရာတွင် တည်နေရာအခြေအနေ၊ ငွေပမာဏနှင့် ငွေထုတ်ယူရန် အကြောင်းကြားသည့် အချိန်ကာလတို့အပေါ်တွင် မူတည်၍ အပ်နှံငွေသားကို ထုတ် ယူခြင်းတွင် သက်ရောက်မှုရှိမည်ဖြစ်သည်။ 

ဤဖွင့်ဆိုချက်တွင် ဖော်ပြထားသော ငွေစာရင်းသို့ အပ်နှံထည့်သွင်းထားသော ငွေပမာဏအပေါ်တွင် ဘဏ်အနေဖြင့် အတိုးပေးမည်မဟုတ်ပါ။ သို့သော် အဆိုပါငွေစာရင်းများအား ချက်စာအုပ်များဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ 

‘ငွေအသွင်းအထုတ်မရှိသောစာရင်း’ ဆိုသည်မှာ ဝန်ဆောင်ခနှင့်အတိုးထည့်ငွေကဲ့သို့ ဘဏ်၏ လုပ်ဆောင်မှုအတိုင်းဆောင်ရွက်သည့်လုပ်ဆောင်မှုမှအပ၊ ဘဏ်ကသတ်မှတ်ထားသည့် ကာလအတွင်း ငွေအပ်နှံသူက စတင်ဆောင်ရွက်သည့် ငွေထုတ်မှု (သို့မဟုတ်) ငွေသွင်းမှုမရှိသည့် ငွေစာရင်းကိုဆိုလိုသည်။

 ‘မိတ်ဆက်သူ’ ဆိုသည်မှာ ငွေအပ်နှံသူအသစ်များအတွက် ထောက်ခံသူအဖြစ် ဆောင်ရွက်ပေးသော ဘဏ်၌ အပ်ငွေစာရင်းရှိပြီးသူ တစ်ဦးကိုဆိုလိုသည်။ 

‘မြန်မာကျပ်ငွေ’ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ တရားဝင်အသုံးပြုသော ငွေကြေးကိုဆိုလိုသည်။ 

‘အခကြေးငွေဇယား’ ဆိုသည်မှာ ဘဏ်၏ဆုံးဖြတ်မှုအရ အချိန်နှင့်အမျှပြောင်းလဲနိုင်သည့် ဘဏ်က ကောက်ခံသော အခကြေးငွေစာရင်းကိုဆိုလိုသည်။ 

‘Website’ ဆိုသည်မှာ www.kbzbank.com လိပ်စာရှိ KBZ ဘဏ်၏ website ကိုဆိုလိုသည်။

၂။ ဘဏ်၌ ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း ဖွင့်လှစ်ခြင်း

(က) ဘဏ်၌ ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း ဖွင့်လှစ်ရန်အတွက် ငွေအပ်နှံသူသည် ဘဏ်မှပေးထားသော သက်ဆိုင်သည့်ပုံစံ အားလုံးကိုဖြည့်စွက်ကာ လိုအပ်သောစာရွက်စာတမ်း အားလုံးကို ပေးရမည်။

(ခ) ငွေအပ်နှံသူသည် အမျိုးသားမှတ်ပုံတင်ကတ် (NRC) သို့မဟုတ် သက်တမ်းရှိသည့် နိုင်ငံကူးလက်မှတ် သို့မဟုတ် အစိုးရထုတ်ပေးထားသည့် အသိအမှတ်ပြုကတ်တစ်ခုကို တင်ပြနိုင်ရမည်။

(ဂ) ငွေအပ်နှံသူသည် အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ပြီး စာရင်းရှင်ငွေစာရင်းဖွင့်လှစ်ရန် ပဋိဉာဉ်ချုပ်ဆိုနိုင်သူဖြစ်ရမည်။

(ဃ) ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း ဖွင့်သည့်အခါ ငွေအပ်နှံသူကို KBZ ဘဏ်ခွဲတွင် စာရင်းဖွင့်လှစ် ထားရှိပြီးဖြစ်သော ငွေအပ်နှံသူများမှ မိတ်ဆက်သူ ၂ ဦးအဖြစ် ထောက်ခံရမည်။

(င) လူတစ်ဦး၏အမည်ဖြင့် ပိုင်ဆိုင်သောငွေစာရင်းအားလုံးကို ထိုပုဂ္ဂိုလ်တစ်ဦးတည်းကသာ ဆောင်ရွက်ရမည်။ ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သောငွေစာရင်းများကို ကုမ္ပဏီကအတည်ပြုပြီး တာဝန်ပေးအပ်ကြောင်း စာဖြင့်သက်သေပြု တာဝန်သတ်မှတ်ပေးထားသည့် ပုဂ္ဂိုလ်/များက ဆောင်ရွက်ရမည်။

(စ ) ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်းသို့ ‘ကနဦး အပ်နှံငွေ’ ငွေကျပ် ၁,၀၀၀,၀၀၀ (ကျပ်ငွေ တစ်သန်း) အား ငွေစာရင်းသို့ ငွေသားထည့်သွင်းအပ်နှံခြင်းဖြင့် ငွေစာရင်းစတင်ဖွင့်လှစ်နိုင်သည်။ ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်းတွင်  ထားရှိရမည့် အနည်းဆုံးပမာဏသည် ကျပ်ငွေ ၁,၀၀၀,၀၀၀ (ကျပ်ငွေ တစ်သန်း)အား ထားရှိရမည်။

(ဆ) နှစ်ဦး (သို့မဟုတ်) နှစ်ဦးထက်ပိုသော အရွယ်ရောက်သူများသည် တွဲဖက်၍ ငွေစာရင်းများ ဖွင့်လှစ်နိုင်သည်။

(ဇ ) လူပုဂ္ဂိုလ်တစ်ဦးချင်း၊ အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် အခြားသော စီးပွားရေးအဖွဲ့ အစည်းများ (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန (သို့မဟုတ်) ပြည်တွင်းလိုင်စင်ရ လုပ်ငန်းများ) သည်လည်း ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်းဖွင့်လှစ်နိုင်သည်။

(ဈ ) ဘဏ်သည် လုံလောက်သောအကြောင်းရှိပါက ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း ဖွင့်လှစ်ခွင့်ပြုရန် ငြင်းပယ်နိုင်သည်။

(ည) ဘဏ်သည် ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်းတွင် အနည်းဆုံးနှင့်အများဆုံး ထားနိုင်ခွင့်ရှိသည့် လက်ကျန်ငွေပမာဏ ကန့်သတ်ချက်ကို အခါအားလျော်စွာ သတ်မှတ်နိုင်သည်။   

(ဋ) ဘဏ်သည် ပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုက အများဆုံး ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း အရေအတွက် ကို အခါအားလျော်စွာ သတ်မှတ်နိုင်သည်။

(ဌ) ဘဏ်သည် ငွေအပ်နှံသူများ ရရှိနိုင်သော ငွေစာရင်းအမျိုးအစားများနှင့် စည်းကမ်းသတ်မှတ်ချက်များကို အခါအားလျော်စွာ ပြင်ဆင်သတ်မှတ်နိုင်သည်။

၃။ ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း လုပ်ငန်းဆောင်ရွက်မှု

(က) ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း အပ်နှံသူသည် ဘဏ်မှသတ်မှတ်ထားသော အနည်းဆုံး လက်ကျန်ငွေ ပမာဏကို ထားရှိရန်လိုအပ်သည်။ 

(ခ) ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်းအတွက်၊ ငွေအပ်နှံသူသည် ငွေထုတ်ရန် သို့မဟုတ် ငွေလွှဲရန် ချက်စာအုပ်ကို အသုံးပြုရမည်။

(ဂ) ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်းတွင် လက်ကျန်ငွေပမာဏအပေါ်တွင် အတိုးခံစားခွင့် မရှိပါ။

(ဃ) ဘဏ်သည် ဘဏ်၏ အခကြေးငွေဇယားတွင် ဖော်ပြထားသကဲ့သို့ ငွေစာရင်းမှ အဖိုးအခများ ကောက်ခံခွင့်ရှိသည်။

(င ) နှစ်ဦး (သို့မဟုတ်) နှစ်ဦးထက်ပိုသော အရွယ်ရောက်သူများဖြင့်တွဲဖက်၍ ဖွင့်လှစ်ထားသော တွဲဖက် ငွေစာရင်းရှင်စာရင်းများအတွက် ငွေအပ်နှံသူတစ်ဦးဦးသေဆုံးလျှင် ကျန်တစ်ဦးဦး (သို့မဟုတ်) ကျန်ရှိ သူများက ငွေထုတ်ယူခွင့်ရှိသည်။

(စ ) ဘဏ်သည် ငွေအပ်နှံသူတစ်ဦး ရူးသွပ်သွားသည့်အခါတွင်ဖြစ်စေ၊ အကြောင်းတစ်စုံတစ်ရာကြောင့် ငွေအပ်နှံသူအနေဖြင့် မိမိ၏အမှုကိစ္စများကို ဆောင်ရွက်နိုင်စွမ်း မရှိသည့်အခါတွင်ဖြစ်စေ ၎င်းအား တရားဝင်အုပ်ထိန်းသူ (သို့မဟုတ်) အုပ်ချုပ်သူကို သတ်မှတ်သည့် နည်းလမ်းများအတိုင်း အပ်နှံငွေကို ထုတ်ပေးရမည်။

၄။ ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း ချက်လက်မှတ်များ

(က) ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း ဖွင့်ပြီးနောက်၊ ငွေအပ်နှံသူကို ချက်စာအုပ်တစ်အုပ်ပေးမည်။ ငွေထုတ်ခြင်းနှင့် တခြား ငွေစာရင်းသို့ ငွေလွှဲခြင်းများအတွက် ချက်လက်မှတ်များကို အသုံးပြုရမည်။

(ခ) ချက်လက်မှတ်များ လုံခြုံစွာသိမ်းထားရန်မှာ ငွေအပ်နှံသူ၏ တာဝန်သာဖြစ်သည်။ ချက်လက်မှတ် တစ်ခုအထားမှားခြင်း၊ ပျောက်ခြင်း (သို့မဟုတ်) အခိုးခံရခြင်းဖြစ်ပွားပါက၊ ငွေအပ်နှံသူသည် ဘဏ်သို့ ချက်ခြင်းစာဖြင့် အကြောင်းကြားရမည်။

(ဂ) ဘဏ်တွင် သူ/သူမ၏ငွေစာရင်းမှ ငွေအပ်နှံသူတစ်ဦးကထုတ်ယူသော ချက်လက်မှတ်များအတွက် ဘဏ်ကပေးထားသည့် ပုံစံများကိုအသုံးပြုရမည်။ အခြားပုံစံများဖြင့် ချက်လက်မှတ်ထုတ်ယူမှုကို ဘဏ်က မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ငြင်းပယ်နိုင်သည်။ နောက်ထပ်ချက်စာအုပ်များ ထုတ်ယူရန် လျှောက်ထားမှုကို ဘဏ်ကပေးထားသည့် လျှောက်လွှာပုံစံကိုသုံး၍ လျှောက်ထားရမည်။

(ဃ) ချက်လက်မှတ်ပေါ်မှ အချက်အလက်ပြင်ဆင်မှုများကို ငွေအပ်နှံသူ၏လက်မှတ်အပြည့်ဖြင့် အတည် ပြုရမည်။ ပြင်ဆင်မှုများကို မပြည့်မစုံလက်မှတ်ထိုးထားသော (သို့မဟုတ်) လက်မှတ်တို ထိုးထားသော ချက်လက်မှတ်များကို ဘဏ်ကလက်မခံဘဲ ငြင်းပယ်မည်။ ချက်လက်မှတ်ပေါ်တွင် မင်ဖြင့်ရေး ရမည် ဖြစ်ပြီး အရေးအသား၊ စာလုံးများမှာ ရှင်းလင်းရမည်။

(င) ချက်လက်မှတ်ပေါ်မှ လက်မှတ်သည် ဘဏ်ကိုနမူနာပေးထားသည့် လက်မှတ်နှင့်မတူခြင်း၊ ထုတ်ယူသည့် ပမာဏအတွက် ကိန်းဂဏန်းနှင့် စာဖြင့်ဖော်ပြချက်နှစ်ခုကွဲလွဲနေလျှင် ဘဏ်ကချက်လက်မှတ်ကို လက်ခံမည်မဟုတ်။

(စ) ထုတ်ယူမည့်ရက်မတိုင်မီ ခြောက်(၆)လစော၍ ရက်စွဲတပ်ထားသော ချက်လက်မှတ်များကို ဘဏ်က လက်ခံမည်မဟုတ်။

(ဆ) အနာဂတ်ရက်စွဲကို ကြိုတပ်ထားသော ချက်လက်မှတ်များကို ဘဏ်က လက်ခံမည်မဟုတ်။

(ဇ) ချက်လက်မှတ်တစ်ခုမှ ငွေထုတ်ပေးခြင်းကိုရပ်ဆိုင်းရန် နှုတ်ဖြင့်တောင်းဆိုမှုကို လက်ခံခြင်း၊ လက်မ ခံခြင်းကို ဘဏ်ကမိမိဆန္ဒအလျောက်ဆုံးဖြတ်မည်။ စာဖြင့်အတည်ပြုသည်ဖြစ်စေ၊ စာဖြင့်အတည် ပြုခြင်း မရှိသည်ဖြစ်စေ၊ အဆိုပါနှုတ်ဖြင့်တောင်းဆိုမှုကြောင့် ငွေထုတ်ပေးမှုကို သဘောရိုးဖြင့် ထုတ်ပေးခြင်း (သို့မဟုတ်) ရပ်ဆိုင်းခြင်းကြောင့် ဘဏ်ကခံစားရနိုင်သည့် မည်သည့်တောင်းဆိုမှု သို့မဟုတ် ဆုံးရှုံးမှုမဆိုမှ ငွေအပ်နှံသူသည် ဘဏ်ကိုကင်းလွတ်ခွင့်ပေးရမည်။

၅။ စာရင်းရှင်းတမ်းများ

(က) ငွေအပ်နှံသူက တောင်းဆိုသည့်အခါ စာရင်းဖွင့်အပ်နှံထားသော ဘဏ်ခွဲ၌ ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း အတွက် ဘဏ်စာရင်းရှင်းတမ်းများ ထုတ်ပေးမည် ဖြစ်သည်။

(ခ) စာရင်းရှင်းတမ်းတွင် အမှားတစ်ခုခုရှိပါက ဘဏ်သို့ချက်ခြင်းအကြောင်းကြားရန်မှာ ငွေအပ်နှံသူ၏ တာဝန်ဖြစ်သည်။

၆။ လွှဲပြောင်းနိုင်မှု

(က) ငွေအပ်နှံသူသို့ ပေးအပ်ထားသည့်အပ်ငွေစာရင်းနှင့် သက်ဆိုင်ရာဝန်ဆောင်မှုများမှာ မည်သည့် အခြေ အနေ၌မဆို လွှဲပြောင်းခွင့်မရှိဘဲ ငွေအပ်နှံသူတစ်ဦးတည်းကသာ အသုံးပြုရမည်။

(ခ ) ဘဏ်သည် ၎င်း၏အခွင့်အရေး၊ အကျိုးခံစားခွင့် (သို့မဟုတ်) တာဝန်များအားလုံးကို မည်သူ့ကိုမဆို လွှဲပြောင်း၊ လွှဲအပ် (သို့မဟုတ်) ရောင်းချခွင့်ရှိပြီး ဤစည်းကမ်းချက်များသည် ဘဏ်ကိုဆက်ခံသူ၊ လွှဲပြောင်း လက်ခံသူများ၏ အကျိုးအတွက် ဆက်လက်အာဏာသက်ရောက်စေရမည်။

(ဂ ) အကျိုးခံစားခွင့် လွှဲအပ်ထားခြင်းမရှိသော ငွေအပ်နှံသူ သေဆုံးပါက အပ်နှံငွေလက်ကျန်ကို အမွေ ထိန်းစာလက်မှတ် (သို့မဟုတ်) အမွေဆက်ခံခွင့်လက်မှတ် တင်ပြရန်မလိုဘဲ ဘဏ်မှသတ်မှတ်ထားသည့် လိုအပ်သည့်စာရွက်စာတမ်းများ တင်ပြနိုင်သူ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ တရားဝင်မွေးစားထား သော သားသမီး (သို့မဟုတ်) ယင်းတို့မရှိလျှင် မြေး (သို့မဟုတ်) ယင်းတို့မရှိလျှင် မိဘ၊ ညီအစ်ကို၊ မောင်နှမအား ထုတ်ပေးရမည်။

၇။ ကြွေးမြီတာဝန်များ

(က) ဘဏ်၏ စာဖြင့်ကြိုတင်ခွင့်ပြုချက်မရဘဲ ငွေအပ်နှံသူသည် ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်းမှနေ၍ သော်လည်းကောင်း၊ ယင်းစာရင်းထဲရှိ ငွေတစ်ခုခုမှသော်လည်းကောင်း၊ ကြွေးမြီတာဝန်တစ်ခုခု (သို့မ ဟုတ်) အခြားသော အဖွဲ့၏ အကျိုးစီးပွားတစ်ခုခု ဖန်တီးခြင်း၊ ဖြစ်ပေါ်ခွင့်ပြုခြင်းတို့ မဖြစ်စေရ။ 

(ခ ) ငွေအပ်နှံသူသည် အပ်နှံငွေနှင့် စပ်လျဉ်း၍ ဘဏ်ကတစ်နည်းနည်းဖြင့် ပိုမိုထုတ်ပေးခဲ့သော ငွေကို ဘဏ်သို့ မပျက်မကွက် ပြန်လည်ပေးအပ်ရန် တာဝန်ရှိသည်။

(ဂ) ဘဏ်သည် အပ်နှံငွေနှင့်စပ်လျဉ်း၍ တစ်နည်းနည်းဖြင့် ပိုမိုထုတ်ပေးခဲ့သောငွေများကို ငွေအပ်နှံသူက ပြန်လည်ပေးအပ်ရန် ပျက်ကွက်ခဲ့လျှင် ဘဏ်အနေဖြင့် မည်သည့်ကန့်သတ်ချက်၊ အသိပေး အကြောင်းကြားခြင်း (သို့မဟုတ်) ကျိုးကြောင်းဆီလျော်သည့် အခြားနည်းလမ်း တစ်စုံတစ်ရာ ပြုလုပ်မည်မဟုတ်ဘဲ အဆိုပါပိုမိုထုတ်ပေးခဲ့သောယင်းငွေများကို ဘဏ်မှ တစ်နည်းနည်းဖြင့် ခုနှိမ် ရယူခြင်းပြုနိုင်သည်။

၈။ စွန့်လွှတ်မှု

(က) ဤစည်းကမ်းချက်ပါ ရပိုင်ခွင့်၊ အာဏာ (သို့မဟုတ်) အခွင့်အရေးကိုကျင့်သုံးရန် ဘဏ်ကပျက်ကွက် ခြင်း (သို့မဟုတ်) နှောင့်နှေးခြင်းသည် စွန့်လွှတ်ခြင်းမမှတ်ယူရပါ။ ထို့အတူ ရပိုင်ခွင့်၊ အာဏာ သို့မဟုတ် အခွင့်အရေးကို တစ်ခုတည်း (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းတည်း ကျင့်သုံးမှုသည်လည်း အခွင့်အရေးများကို စွန့်လွှတ်ခြင်း မမြောက်စေရ။

(ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ဥပဒေအရ ပေးအပ်ထားသော အခွင့်အရေး (သို့မဟုတ်) ကုစားမှု တို့အပြင် ဤစည်းကမ်းချက်များတွင် ဖော်ပြထားသော ဘဏ်၏အခွင့်အရေးများနှင့် ကုစားမှုများအား ထပ်ပေါင်းထည့်ထားခြင်းဖြစ်သည်။

၉။ မရှောင်လွှဲနိုင်သည့် ဖြစ်ရပ်များ

(က) ဤစည်းကမ်းချက်များပါ ဘဏ်၏တာဝန်များကို ထမ်းဆောင်ခြင်းသည် ယင်းတာဝန်များထမ်းဆောင်ရန် ဟန့်တားခြင်း (သို့မဟုတ်) နှောင့်နှေးစေခြင်း ဖြစ်ပေါ်ခြင်းသည် အဆိုပါ ဟန့်တား၊ နှောင့်နှေး၊ နှောင့်ယှက်ခြင်းသည် မရှောင်လွှဲနိုင်သည့်ဖြစ်ရပ်ကြောင့်ဖြစ်လျှင် [မရှောင်လွှဲနိုင်သည့် ဖြစ်ရပ်မှာ ဘဏ်၏ သင့်လျော်သော ထိန်းချုပ်မှုပြင်ပရှိ မည်သည့်ဖြစ်ရပ်မဆို အကန့်အသတ်မရှိပါဝင်ပြီး ယင်း တို့တွင် ဆက်သွယ်ရေးစနစ် တစ်ခုခု အသုံးပြုမရခြင်း၊ အဖျက်အမှောင့်လုပ်ခြင်း၊ မီးဘေး၊ ရေဘေး၊ ပေါက်ကွဲမှု၊ ရန်သူမျိုးငါးပါး၊ အရပ်ဘက် ဆူပူသောင်းကျန်းမှု၊ သပိတ်မှောက်မှု (သို့မဟုတ်) စက်မှု လုပ်ငန်းဆိုင်ရာ အရေးယူဆောင်ရွက်မှုတစ်ခုခု၊ အဓိကရုဏ်း၊ သူပုန်ထမှု၊ စစ်မက် (သို့မဟုတ်) အစိုးရ၏ လုပ်ရပ်တစ်ခုခု၊ ဥပဒေအပြောင်းအလဲများနှင့် အခြား ထိန်းချုပ်မှုသဘာဝရှိသည့် ဆက်စပ် လုပ်ရပ်များ ပါဝင်သည်] အဆိုပါတာဝန်များကို မဖြည့်ဆည်းနိုင်သည့် သင့်တော်သည့်အချိန်အတွင်း နှင့် ထိုသို့မဖြည့်ဆည်းနိုင်စေသော အဆိုပါအကြောင်းရင်း (သို့မဟုတ်) သက်ရောက်မှုဆက်ရှိနေသမျှ ကာလတစ်လျှောက်တို့တွင် ဘဏ်ကတာဝန်ပျက်ကွက်သည်ဟု မှတ်ယူခြင်းမရှိစေရ။

(ခ) အထက်တွင်ဖော်ပြထားသော အကြောင်းရင်းများကြောင့် ဘဏ်၏တာဝန်မထမ်းဆောင်နိုင်မှုမှ ပေါ်ပေါက်လာသော၊ အဖွဲ့တစ်ခုခုမှလုပ်ရပ်တစ်ခုခု (သို့မဟုတ်) မည်သည့်တောင်းဆိုမှုကိုမျှ ဘဏ်က တာဝန် မရှိစေရ။

၁၀။ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် စီးပွားရေးအရေးယူမှုများ

(က) ဘဏ်သည် အချို့လူပုဂ္ဂိုလ်များ (သို့မဟုတ်) အဖွဲ့များနှင့်လုပ်ငန်းဆောင်ရွက်မှုကို တားမြစ်ထားသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် အချို့နိုင်ငံများ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေများကို လိုက်နာရမည်ဖြစ်သည်။ 

(ခ) ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်း (သို့မဟုတ်) အကြမ်းဖက်သမားငွေကြေးထောက်ပံ့မှု ဆန့် ကျင်ရေးနှင့် စီးပွားကုန်သွယ်ရေးအရေးယူမှုအန္တရာယ်များကို စီမံရန် (သို့မဟုတ်) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၏ အခြားဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်အလို့ငှာ ဘဏ်က တောင်းဆိုသည့် သတင်းအချက်အလက်အားလုံးကို ငွေအပ်နှံသူက ပေးရမည်။

(ဂ) ဘဏ်မှ ငွေကြေးလုပ်ငန်းဆောင်ရွက်ပေးရသည့် လုပ်ငန်းစဉ်သည် မြန်မာ (သို့မဟုတ်) အခြားနိုင်ငံများ၏ ဥပဒေကို မချိုးဖောက်ကြောင်း ငွေအပ်နှံသူကကြေညာပြီး အာမခံသည်။

၁၁။ ကင်းလွတ်ခွင့်ပြုခြင်း

(က) ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း လုပ်ဆောင်မှု (သို့မဟုတ်) အသုံးပြုမှု၊ ဤစည်းကမ်းချက်တစ်ခုခုကို ငွေအပ်နှံသူက ချိုးဖောက်မှု၊ မဆောင်ရွက်မှု၊ လုံလောက်အောင်မဆောင်ရွက်မှု (သို့မဟုတ်) ၎င်း၏ တာဝန်များ ဆောင်ရွက်ရာတွင် ငွေအပ်နှံသူ၏ လုပ်ရပ်၊ အမှား၊ ကိုယ်စားပြုမှု၊ မှားယွင်းကိုယ်စားပြုမှု၊ မှားယွင်းပြုမူမှု (သို့မဟုတ်) ပေါ့ဆမှုမှဖြစ်ပေါ်လာသည့် မည်သည့်တာဝန်ရှိမှု၊ မည်သည့်အခြား ဆုံးရှုံးမှုကိုမျှ ဘဏ်မှတာဝန် မရှိစေရန်၊ ငွေအပ်နှံသူသည် သူ/သူမ၏ ကိုယ်ပိုင်ကုန်ကျစရိတ်ဖြင့် ကင်းလွတ်ခွင့်ပြု၊ ကာကွယ်မည်ဟု သူ/ သူမက ဤစည်းကမ်းချက်များတွင် သဘောတူညီသည်။

(ခ) မည်သည့်အခြေအနေမျိုးတွင်မျှ၊ စာရင်းရှင်အပ်ငွေစာရင်းနှင့်စပ်လျဉ်း၍ တိုက်ရိုက်၊ သွယ်ဝိုက်၊ အကျိုးဆက်၊ အထူးပြု (သို့မဟုတ်) စံပြတားမြစ်ခြင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများအတွက် ဘဏ်က ငွေအပ်နှံသူကို ပေးရန် တာဝန်မရှိစေရ။

(ဂ) ဤစည်းကမ်းချက်ပါ တာဝန်တစ်ခုခုကိုဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့် ငွေအပ်နှံသူအနေဖြင့် (တိုက်ရိုက်ဖြစ်စေ (သို့မဟုတ်) သွယ်ဝိုက်၍ဖြစ်စေ) ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှု၊ နစ်နာမှု၊ အငြင်းပွားမှု အစရှိသည့် ကိစ္စရပ်များအတွက် ဘဏ်တွင်တာဝန်မရှိစေရပါ။

(ဃ) ငွေအပ်နှံသူမှတင်ပြလာသော အတည်ပြုထောက်ခံချက်ပေးထားသည့် ချက်လက်မှတ်၊ ပြေစာ (သို့မဟုတ်) အခြားစာချုပ်စာတမ်းများ ငွေကောက်ခံရာမှ ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှု (သို့မဟုတ်) နစ်နာမှုများသည် ငွေအပ်နှံသူ၏ တောင်းဆိုဖော်ပြချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု မှတ်ယူမည် ဖြစ်ပြီး ငွေအပ်နှံသူတွင်သာ တာဝန်ရှိစေမည်ဖြစ်သည်။

(င) ငွေအပ်နှံသူ၏ဘဏ်ရှိ စာရင်းရှင်ငွေစာရင်းနှင့်ပတ်သက်၍ ဘဏ်သည် ဤစည်းကမ်းချက်ပါ ဘဏ်၏ လုပ်ပိုင်ခွင့်များဆောင်ရွက်ရာတွင် ညွှန်ကြားချက်များလက်ခံခြင်း၊ ဖက်စ်ပေးပို့ခြင်းနှင့် အခြားဆက် သွယ်ရေး (သို့မဟုတ်) အီလက်ထရောနစ်ညွှန်ကြားချက်များအားဆောင်ရွက်ခြင်း(သို့မဟုတ်) ဆောင် ရွက်ရန် ပျက်ကွက်ခြင်းတို့ကြောင့် ဘဏ်မှဖြစ်ပေါ်လာနိုင်သည့် အရေးယူမှုများ၊ တရားစွဲဆိုမှုများ၊ တောင်းဆိုမှုများ၊ နစ်နာဆုံးရှုံးမှုများ၊ ကုန်ကျမှုများ၊ အတိုး (တရားစီရင်ဆုံးဖြတ်မှုမတိုင်မီနှင့် ဆုံးဖြတ် ပြီး နောက်နှစ်ခုလုံးအပါအဝင်)နှင့် ကုန်ကျစရိတ်များ (ရှေ့နေနှင့်အမှုသည်ကြား အခြေခံသည့် ဥပဒေ ရေးရာစရိတ်အပါအဝင်) စသည်တို့အတွက် ငွေအပ်နှံသူတွင်သာ တာဝန်ရှိစေမည်ဖြစ်သည်။

(စ) ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း ကို ပိတ်သိမ်းလင့်ကစား အထက်ဖော်ပြပါ ကင်းလွတ်ခွင့်များမှာ ဆက်လက်တည်ရှိရမည်။

၁၂။ အချက်အလက် ထုတ်ဖော်ပြောကြားခြင်း

(က) ဘဏ်သည် သက်ဆိုင်ရာဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်သည့်အခါ (သို့မဟုတ်) ဘဏ် မှ လိုအပ်သည့် (သို့မဟုတ်) အထောက်အကူပြုသည်ဟုယူဆသည့်အခါ (ငွေအပ်နှံသူတစ်ဦးတည်း ဖြစ်စေ၊ အခြားသူများနှင့်ပူးတွဲ၍ဖြစ်စေ ဘဏ်မှရယူထားသည့်ဝန်ဆောင်မှုများ၊ ချေးငွေတစ်ခုခု၏ ကြွေးမြီဆန်းစစ်မှုရည်ရွယ်ချက်အပါအဝင်) ငွေအပ်နှံသူနှင့်ဆိုင်သော အချက်အလက်များ၊ သူ/သူမ၏ ငွေစာရင်း(များ)၊ (သို့မဟုတ်) ရရန်ပိုင်ခွင့်များ (သို့မဟုတ်) ချေးငွေများနှင့် မည်သည့်အချက် အလက်မဆိုကို ငွေအပ်နှံသူ၏ ကိုယ်စား အောက်ပါတို့ထံသို့ ဘဏ်အားပေးခွင့်ပြုသည် –

• ဘဏ်၏ ရုံးချုပ်၊ အဖွဲ့ဝင်ကုမ္ပဏီ၊ ဘဏ်ခွဲ (သို့မဟုတ်) လက်အောက်ခံတစ်ခုခု
• စာရင်းစစ်များ၊ ကျွမ်းကျင်အကြံပေးများနှင့်လျို့ဝှက်ထားရှိရန် တာဝန်နှင့်သက်ဆိုင်သည့် အခြားပုဂ္ဂိုလ်(များ)
• ဘဏ်ကွန်ပျူတာစနစ်များကိုရောင်းချသူ၊ တပ်ဆင်ပေးသူ၊ ပြင်ဆင်ထိန်းသိမ်းသူ (သို့မ ဟုတ်) ပြုပြင်ပေးသူများ
• ဘဏ်၊ ဘဏ်ရုံးချုပ် (သို့မဟုတ်) ဘဏ်ခွဲတစ်ခုခုအပေါ်၊ သို့မဟုတ် ငွေအပ်နှံသူ (သို့မဟုတ်) ငွေအပ်နှံသူ၏စာရင်းရှင်ငွေစာရင်းကဆောင်ရွက်သည့် ငွေကြေးလုပ်ငန်းများအပေါ် စီရင် ပိုင်ခွင့်ရှိသော စတော့အိတ်ချိန်း၊ စျေးကွက် (သို့မဟုတ်) အာဏာပိုင်တစ်ခုခု
• အဆိုပါတောင်းဆိုမှု သို့မဟုတ် မေတ္တာရပ်ခံမှုကို လုပ်ခွင့်ရှိသောအဖွဲ့တစ်ခုခု
• စည်းကမ်းချက်များအရ မိမိ၏အခွင့်အရေး၊ တာဝန် (သို့မဟုတ်) စွန့်စားရမှုများကို ရောင်းချ ရန် (သို့မဟုတ်) လွှဲအပ်ရန် (သို့မဟုတ်) မျှဝေရန် ဘဏ်ကပဋိဉာဉ်ပြုသူ (သို့မဟုတ်) ပဋိဉာဏ်ပြုရန် ကမ်းလှမ်းသူ တစ်ဦးဦး
• ငွေအပ်နှံသူ၏ ငွေစာရင်း(များ) (သို့မဟုတ်) ချေးငွေများ (သို့မဟုတ်) ဘဏ်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ဝန်ဆောင်မှုများပေးရန်အတွက် ဘဏ်ကပဋိဉာဉ်ပြုသူ (သို့မ ဟုတ်) ပဋိဉာဏ်ပြုရန် ကမ်းလှမ်းသူတစ်ဦးဦး (အေးဂျင့်၊ ကန်ထရိုက်တာ (သို့မဟုတ်) တတိ ယ အဖွဲ့ ဝန်ဆောင်မှုပေးသူများ အပါအဝင်)
• ငွေအပ်နှံသူနှင့်ဆက်ဆံရန် (သို့မဟုတ်) ငွေအပ်နှံသူကိုဝန်ဆောင်မှုပေးရန် (သို့မဟုတ်) ငွေ အပ်နှံသူ၏ ငွေစာရင်းများ၊ ချေးငွေများဆိုင်ရာလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆက်ဆံရေး အရာရှိများအပါအဝင် ဘဏ်၊ ဘဏ်၏ရုံးချုပ် (သို့မဟုတ်) အဖွဲ့ဝင်ကုမ္ပဏီကခန့်ထားသည့် (သို့မဟုတ်) အေးဂျင့်အဖြစ်ပါဝင်စေသည့် ပုဂ္ဂိုလ်တစ်ဦးဦး
• ဒေတာတွက်ချက်မှုနှင့် အခြားအုပ်ချုပ်ရေးလုပ်ငန်းများကို ဘဏ်ကဗဟိုထိန်းချုပ်နိုင်ရန် (သို့ မဟုတ်) အထက်ပါဝန်ဆောင်မှု/လုပ်ငန်းများအတွက် ဘဏ်၏ရုံးချုပ်၊ ယင်း၏ အဖွဲ့ဝင်များ (သို့မဟုတ်) တတိယအဖွဲ့ များသို့ လုပ်ငန်းအပ်နှံနိုင်ရန် ဆောင်ရွက်ခြင်း
• ၎င်း/သူ/သူမ၏တာဝန်ကိုထမ်းဆောင်ရာတွင် ငွေအပ်နှံသူကပြစ်ချက်ကျူးလွန်သည့် ဖြစ်ရပ် တွင် အစိုးရ/ စည်းကမ်းထိန်းသိမ်းရေး/တရားရေးအာဏာပိုင် တစ်ဦးဦးထံသို့ ပေးအပ်ခြင်း

၁၃။ အထွေထွ

(က) ဘဏ်သို့ ငွေအပ်နှံသူကပေးထားသည့် သူ/သူမ၏လိပ်စာ၊ ဆက်သွယ်ရန်ဖုန်း (သို့မဟုတ်) အခြား အချက်အလက်တစ်ခုခု အပြောင်းအလဲဖြစ်ပါက ငွေအပ်နှံသူသည်ဘဏ်သို့ ဖြစ်နိုင်သမျှစောလျင်စွာ အကြောင်းကြားရမည်။

(ခ) မိမိ၏အပ်ငွေစာရင်းကို သူ/သူမ/၎င်းက ပိတ်သိမ်းရန်ရွေးချယ်ပါက ဘဏ်၏ဘဏ်ခွဲသို့ ငွေအပ်နှံသူ သည် ကိုယ်တိုင်လာရောက်ရမည်။

(ဂ) အပ်ငွေစာရင်းကို ပိတ်သိမ်းသည့်အခါ၊ ငွေအပ်နှံသူသည် ၎င်း၏ချက်စာအုပ် (သို့မဟုတ်) ဘဏ် စာအုပ်ကို ချက်ခြင်းပြန်အပ်ရမည်။ ငွေစာရင်းရှိငွေကြေးအားလုံးကို ငွေအပ်နှံသူထံသို့ ချက်ခြင်း ပြန်လည် ပေးအပ်မည်။

(ဃ) လုံလောက်သောအကြောင်းရင်းများအတွက် ငွေစာရင်းကို မည်သည့်အချိန်၌မဆို ဘဏ်က ပိတ်သိမ်းခွင့်ရှိပြီး ဘဏ်ကအခါအားလျော်စွ ာသတ်မှတ်ထားသည့်အချိန်ကာလအထိ လက်ကျန်ငွေ “ သုည (၀)”   ဖြစ်နေသော ငွေစာရင်းများကိုလည်း ဘဏ်ကပိတ်သိမ်းခွင့်ရှိသည်။

(င) ဘဏ်ကအခါအားလျော်စွာ သတ်မှတ်ထားသည့်ကာလတစ်ခုအထိ ငွေစာရင်းသည် အထုတ်အသွင်းမရှိ (သို့မဟုတ်) စာရင်းသေဖြစ်နေလျှင် ထိုငွေစာရင်းကို ဘဏ်က ပိတ်ပင်/ယာယီရပ်ဆိုင်းခွင့်ရှိသည်။ အဆိုပါဖြစ်ရပ်တွင် ငွေအပ်နှံသူက ငွေစာရင်းဖွင့်သည့်ဘဏ်သို့ လူကိုယ်တိုင်လာ၍ အကောင့် ပြန်ဖွင့် ကာ ဘဏ်ကတောင်းဆို သည့် KYC (ဆက်သွယ်ဆောင်ရွက်သူအကြောင်းသိရှိရန်) လိုအပ်ချက် အားလုံးကို ဖြည့်ဆည်းရမည်။

(စ) ဘဏ်သည် အခါအားလျော်စွာ ဥပဒေကလိုအပ်သည့်အတိုင်း ပြည်ထောင်စုမြန်မာနိုင်ငံ ဗဟိုဘဏ်ထံ သို့ ဘဏ်သည် အထုတ်အသွင်းမရှိသော ငွေစာရင်း အပ်ငွေစာရင်း ဆိုင်ရာအချက်အလက်များကို တင်ပြနိုင်သည်။

(ဆ) ငွေစာရင်းလုပ်ငန်းဆောင်ရွက်မှုများအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ဥပဒေ၊ စည်းမျဉ်းစည်း ကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။

၁၄။ “ ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း”၏ အထူးအစီအစဉ်များနှင့် စည်းကမ်းသတ်မှတ်ချက်များ

ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း‘ သည် အထူးစာရင်းအမျိုးအစားတစ်ခုဖြစ်ပြီး သီးခြားအစီအစဉ် များနှင့်ကန့်သတ်ချက်များဖြင့် အသုံးပြုနိုင်သော စာရင်အမျိုးအစားဖြစ်ပါသည်။ Relationship Manager (သို့မဟုတ်) ငွေစာရင်းဖွင့်လှစ်ခဲ့သော မန်နေဂျာထံမှ မိမိအသုံးပြုမည့်ငွေစာရင်းအမျိုးအစားမှတ်စု (PRODUCT NOTE) ၏ မိတ္တူတစ်စုံကိုရယူပါ။

ဤအထူးအစီအစဉ်များတွင် ကန့်သတ်ခြင်းမရှိဘဲ အောက်ဖော်ပြပါ အချက်များပါ၀င်ပါသည်။ အထူး အင်္ဂါရပ်များအား ကြိုတင်အသိပေးခြင်းမရှိဘဲ အခါအားလျော်စွာ ပြင်ဆင်ပြောင်းလဲနိုင်သည်။နောက်ထပ် အသေးစိတ်အတွက် Relationship Manager (သို့မဟုတ်) ငွေစာရင်းဖွင့်လှစ်ထားသော ဘဏ်ခွဲမန်နေဂျာကို ဆက်သွယ်ပါ။

(က) ဤစည်းကမ်းချက်ပါ စာရင်းဖွင့်ခြင်း ၀န်ဆောင်မှုကို သတ်မှတ်ထားသောမြို့များနှင့် ဖော်ပြထား သောဘဏ်ခွဲများ (Dedicated Centers) ၌သာ ရရှိနိုင်မည်ဖြစ်ပါသည်။

(ခ) ငွေစာရင်းတွင် အချိန်တိုင်း ထားရှိရန်လိုအပ်သည့် အနည်းဆုံးလက်ကျန်ငွေပမာဏမှာ ငွေကျပ် ၁,၀၀၀,၀၀၀ (ငွေကျပ် တစ်သန်း) ဖြစ်သည်။ ငွေစာရင်းသို့ အနည်းဆုံး ‘ကနဦး အပ်နှံငွေ’ ငွေကျပ် ၁,၀၀၀,၀၀၀ (ငွေကျပ် တစ်သန်း)အား ငွေစာရင်းသို့ ငွေသားထည့်သွင်းအပ်နှံခြင်းဖြင့် ငွေစာရင်း ဖွင့်လှစ်၍ စတင်အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့နောက် အနည်းဆုံးလက်ကျန်ငွေပမာဏ ငွေကျပ် ၁,၀၀၀,၀၀၀ (ငွေကျပ် တစ်သန်း)အား ငွေစာရင်းတွင် အချိန်တိုင်း ထားရှိရမည်ဖြစ်သည်။

(ဂ) ဤငွေစာရင်းထဲသို့ ငွေသားထည့်သွင်းခြင်းကိုသာ ခွင့်ပြုထားပါသည်။ အခြားသောမည်သည့် နည်း လမ်းဖြင့်မဆို ငွေသားထည့်သွင်းလုပ်ဆောင်ခြင်းကို ခွင့်မပြုပါ။ 

(ဃ) ငွေဖြစ်လွယ်ကူမှုစီမံခန့်ခွဲမှုသေချာစေရန် ငွေထုတ်ယူခြင်း ၀န်ဆောင်မှုကို သတ်မှတ်ထားသောမြို့များနှင့် ဖော်ပြထားသောဘဏ်ခွဲများ (Dedicated Centers) ၌သာ ရရှိနိုင်မည်ဖြစ်ပါသည်။ ပမာဏများပြားသော ငွေထုတ်ယူခြင်းအတွက် သက်ဆိုင်ရာဘဏ်သို့ အနည်းဆုံး ကြိုတင်အသိပေး အကြောင်းကြားရန် လိုအပ်ပါသည်။

၁၅။ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ ပြောင်းလဲခြင်း

ငွေစာရင်း နှင့်/သို့မဟုတ် ငွေစာရင်းနှင့်ဆက်စပ်၍ ပေးအပ်သည့်ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စည်း ကမ်းချက်တစ်ခုခုကို မည်သည့်အချိန်၌မဆို ပြင်ဆင်ရန် (သို့မဟုတ်) ဖြည့်စွက်ရန် ဘဏ်တွင်အခွင့် အာဏာ လုံးဝရှိစေရမည်။ ဘဏ်သည် ပြင်ဆင်သည့် စည်းကမ်းချက်များအား ဘဏ်၏ Website တွင် ထုတ်ပြန်ခြင်း (သို့မဟုတ်) ဘဏ်မှသင့်တော်သည့် အခြားနည်းလမ်း တစ်ခုခုဖြင့်ဖြစ်စေ ဆက်သွယ် အကြောင်းကြားနိုင်သည်။ Website တွင်ထုတ်ပြန်မည့် ပြင်ဆင်ချက်များအပါအဝင် အဆိုပါ စည်းကမ်းချက်များကို ပုံမှန်စစ်ဆေးရန် ငွေအပ်နှံသူတွင် တာဝန်ရှိစေရမည်။