KBZ i/mBanking နှင့် KBZPay များကို MPT၊ Telenor ၊ Ooredoo နှင့် Mytel မိုဘိုင်း အင်တာနက်ဖြင့် အသုံးပြုနိုင်ပါပြီ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ 

ကမ္ဘောဇဘဏ်သုံးစွဲသူ customer များအနေဖြင့် KBZ iBanking၊ KBZ mBanking နှင့် KBZPay တို့ကို MPT၊ Telenor, Ooredoo and Mytel မိုဘိုင်းအင်တာနက်ဖြင့် အချိန်နေရာမရွေးအသုံးပြုနိုင်ပြီဖြစ်​ကြောင်း ​လေးစားစွာအ​ကြောင်းကြားအပ်ပါသည်။ Login ဝင်​ရောက်သည့်အခါတွင် WiFi နှင့် VPN ပိတ်ထားပြီး အသုံးပြုရန် အကြုံပြုလိုပါသည်။

KBZ Online Banking (i/mBanking) ကိုအသုံးပြု၍  ​ငွေလွှဲခြင်း၊ ​ဘေလ်​ပေး​ဆောင်ခြင်း၊ နှင့် အ​ကောင့်​လက်ကျန်ငွေ စစ်​ဆေးခြင်းတို့ကို ဘဏ်ခွဲများသို့ သွား​​ရောက်စရာမလိုဘဲ လွယ်ကူစွာ လုပ်​ဆောင်နိုင်ပါသည်။

KBZPay အားအသုံးပြု၍ အချင်းချင်း ငွေလွှဲခြင်း(အခမဲ့) ၊ ဖုန်းငွေဖြည့်ခြင်း၊ KBZ ATM များတွင်ငွေထုတ်ယူခြင်းအပြင် အခြား လုပ်ဆောင်မှုများ ကိုပြုလုပ်နိုင်ပါသည်။

ကမ္ဘောဇဘဏ်၏ ဒစ်ဂျစ်တယ်ဘဏ်ဝန်ဆောင်မှုများကို အသုံးပြုခြင်းအတွက် ကျေးဇူးတင်ရှိပါသည်။