ရန်ကုန်မြို့ရှိ customer များအတွက်ချက်လက်မှတ်စာအုပ် အမြန်တောင်းခံ ထုတ်ယူနိုင်မည့် စင်တာ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ customer များ

မေလ (၁၇) ရက် မှစ၍ ရန်ကုန်မြို့ရှိ customer များအနေဖြင့် ချက်လက်မှတ်စာအုပ် အမြန်တောင်းခံထုတ်ယူနိုင်မည့်ဝန်ဆောင်မှုအသစ်ဖြင့် ချက်စာအုပ်များရယူနိုင်ပြီဖြစ်ပါသည်။

ချက်လက်မှတ်စာအုပ် အမြန်တောင်းခံထုတ်ယူနိုင်မည့် ဝန်ဆောင်မှုအသစ်အတွက် KBZPay ရှိ “ ချက်လက်မှတ်စာအုပ် အမြန်တောင်းခံထုတ်ယူခြင်း” မှတစ်ဆင့် appointment ရယူကာ တောင်းခံနိုင်ပြီး ချက်စာအုပ်အသစ်အား customer များအား ချက်ချင်းထုတ်ပေးသွားမည်ဖြစ်ပါသည်။

ချက်လက်မှတ်စာအုပ် အမြန်တောင်းခံထုတ်ယူခြင်း တည်နေရာနှင့် အချိန်

KBZPay စင်တာ : ၅လွှာ

ဘဏ်ဖွင့်ချိန် : နံနက် ၉ နာရီ – နေ့လည် ၃:၃၀ နာရီ

တိုက် အေ (၁)၊ ၅ လွှာ၊ မင်းရဲကျော်စွာ လမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။ (ဘဏ်ခွဲ ၂၃၅)
(စိန့်ဂျွန်း City Mall အနောက်)


ကျေးဇူးပြု၍ အောက်ပါစာရွက်စာတမ်းများနှင့် ID ယူဆောင်လာရန် လိုအပ်ပါသည်။
• မှတ်ပုံတင်/နိုင်ငံကူးလက်မှတ်
• ချက်စာအုပ်တောင်းခံသည့် ပုံစံ

Customer များအနေဖြင့် အင်တာနက်အသုံးပြု၍ ကမ္ဘောဇဘဏ်၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများဖြစ်သော KBZ iBanking နှင့် mBanking တို့ဖြင့် ဘဏ်ခွဲများသို့ လာရောက်ရန် မလိုအပ်ဘဲ ဘဏ္ဍာရေး စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်မှာဖြစ်ပါသည်။ ကမ္ဘောဇဘဏ်၏ ထုတ်ကုန် နှင့် ဝန်ဆောင်မှုများနှင့် ပတ်သတ်သည့် နောက်ဆုံးပေါ် သတင်းအချက်အလက်များကို www.kbzbank.com တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။