Announcements

ဘဏ္ဍာရေး နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းဆောင်ရွက်ရန် ဘဏ်ပိတ်ရက်အဖြစ်ကြေညာခြင်း

ဘဏ္ဍာရေး နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းဆောင်ရွက်ရန် ဘဏ်ပိတ်ရက်အဖြစ်ကြေညာခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် customer များ (၂၀၂၂)ခုနှစ် ဧပြီလ (၁)  ရက်နေ့သည် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ အက်ဥပဒေအရ ဘဏ္ဍာရေးနှစ်ချုပ်စာရင်းပိတ်လုပ်ငန်းဆောင်ရွက်သည့် ဘဏ်ပိတ်ရက်ဖြစ်ပါသောကြောင့် ကမ္ဘောဇဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ ဘဏ်ခွဲများပိတ်ထားသော်လည်း ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို   KBZ Online Banking (mBanking ၊ iBanking) နှင့်  KBZPay  များမှတစ်ဆင့် အချိန်မရွေး ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လေးစားစွာ အကြောင်းကြားအပ်ပါသည်။ လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
တိုးမြှင့်လိုက်သော ပုံမှန်ငွေစုဘဏ်အပ်ငွေစာရင်း၏ အတိုးနှုန်းအသစ်

တိုးမြှင့်လိုက်သော ပုံမှန်ငွေစုဘဏ်အပ်ငွေစာရင်း၏ အတိုးနှုန်းအသစ်

ငွေစုဘဏ်အပ်ငွေစာရင်း၏ အတိုးနှုန်းအသစ် တစ်နှစ်လျှင် ၆% အား customer များ ခံစားရယူနိုင်ပြီဖြစ်ပါသည်။
၁၀ သိန်းကျပ်ကံထူးနိုင်မဲ့ CASH ACCOUNT LUCKY DRAW CAMPAIGN

၁၀ သိန်းကျပ်ကံထူးနိုင်မဲ့ CASH ACCOUNT LUCKY DRAW CAMPAIGN

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ  ကမ္ဘောဇဘဏ်၏  ငွေစာရင်းအကောင့် customer အသစ်များ နှင့် customer အဟောင်းများအတွက် အပတ်စဉ် ၁၀သိန်းကျပ်ကံထူးနိုင်မည့် Lucky draw campaign အားမိတ်ဆက်ပေးလိုက်ပါပြီ ဖြစ်ပါသည်။  ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့အထိ ငွေစာရင်းအကောင့်သစ် စတင်ဖွင့်လှစ်၍ဖြစ်စေ၊ လက်ရှိအသုံးပြုနေသော ငွေစာရင်းအကောင့်သို့ ငွေအပ်နှံ၍ဖြစ်စေ Lucky draw campaign တွင် ပါဝင်ကံစမ်းနိုင်မှာဖြစ်ပါသည်။  ကံထူးရှင်သည် ၁၀သိန်းကျပ် ရရှိမှာဖြစ်ပြီး ကံထူးရှင်၏  ပုံမှန်ငွေစာရင်းများသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမှာ ဖြစ်ပါသည်။  ကံထူးရှင်များကိုလည်း အပတ်စဉ်သောကြာနေ့တိုင်း ရွေးချယ်ပေးသွားမှာဖြစ်ပါသည်။  Cash Account Lucky Draw Campaign...
Myanmar Seaman Salary Withdrawal

Myanmar Seaman Salary Withdrawal

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ customer များ  မြန်မာသင်္ဘောသားများအနေဖြင့် ကုမ္ပဏီလစာငွေများကို ငွေသားဖြင့်  သတ်မှတ်ထားသော ကမ္ဘောဇဘဏ်ခွဲများတွင် ထုတ်ယူနိုင်ပြီ ဖြစ်ပါသည်။ ငွေသားထုတ်ယူထုတ်ယူရန် ကမ္ဘောဇဘဏ်ခွဲများတွင် ဖွင့်လှစ်ထားသော နိုင်ငံခြားငွေစာရင်း (FCY) ရှိ ငွေသားများကို သတ်မှတ်ထားသောနှုန်းထားဖြင့် အကန့်အသတ်မရှိ ရောင်းချနိုင်မည်ဖြစ်ပြီး ဘဏ်မှနိုင်ငံခြားငွေနှင့် တန်ဖိုးညီမျှသည့် မြန်မာကျပ်ငွေများထုတ်ယူနိုင်မည် ဖြစ်ပါသည်။ မြန်မာသင်္ဘောသားများ လစာထုတ်ယူနိုင်သော ဘဏ်ခွဲများစာရင်းကို အောက်ပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။ ဘဏ်ခွဲအမည်လိပ်စာရွှေဂုံတိုင်အမှတ်(၂၁၂/က)၊ အခန်း(၁၀၁/၁၀၂)၊ ရွှေဂုံတိုင်လမ်းမကြီး (အလယ်)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်ဗိုလ်တထောင်အမှတ်(၁၇၈)၊ ဗိုလ်အောင်ကျော်လမ်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်ကျွန်းတောလမ်းတိုက်(၁)၊ Junction Square၊ ကျွန်းတောလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်ကျောက်တံတားအမှတ်(၃၃/၄၉)၊ ဘဏ်လမ်းနှင့် မဟာဗန္ဓုလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်IBD (SOC)အမှတ်(၅၃)၊ ကုန်သည်လမ်းနှင့်...
တပေါင်းလပြည့်နေ့ ဘဏ်ပိတ်ရက်ကြေညာခြင်း

တပေါင်းလပြည့်နေ့ ဘဏ်ပိတ်ရက်ကြေညာခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် customer များ ၂၀၂၂ ခုနှစ်၊ မတ်လ၊ ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့သည် တပေါင်းလပြည့်နေ့ ဘဏ်ပိတ်ရက်ဖြစ်ပါသောကြောင့် ကမ္ဘောဇဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ပြီး ငွေကြေးဆိုင်ရာကိစ္စရပ်များကို  KBZ Online Banking (mBanking၊ iBanking) နှင့် KBZPay တို့မှတစ်ဆင့် ဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း အသိပေးအပ်ပါသည်။ လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
ကမ္ဘောဇဘဏ်မှ လက်ရှိပေးအပ်လျက်ရှိသော ငွေထုတ်ဝန်ဆောင်မှုမျာ:

ကမ္ဘောဇဘဏ်မှ လက်ရှိပေးအပ်လျက်ရှိသော ငွေထုတ်ဝန်ဆောင်မှုမျာ:

Customer များအနေဖြင့် ငွေသားထုတ်ယူခြင်းဝန်ဆောင်မှုများ အပါအဝင် အခြားသော ဘဏ်ဝန်ဆောင်မှုများ အားလုံးကိုအဆင်ပြေစွာ ရရှိအသုံးပြုနိုင်ရန် ကမ္ဘောဇဘဏ်မှ ကြိုးစားဝန်ဆောင်မှုပေးလျက်ရှိပါသည်။
Self-service Banking Portal မှတစ်ဆင့် အိမ်မှာနေရင်း ဘဏ်အကောင့်ဖွင့်နိုင်ပါပြီ

Self-service Banking Portal မှတစ်ဆင့် အိမ်မှာနေရင်း ဘဏ်အကောင့်ဖွင့်နိုင်ပါပြီ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် customer များ၊ ကမ္ဘောဇဘဏ်မှ ဘဏ်အကောင့်စတင်ဖွင့်လှစ်မည့် customer အသစ်များကိုယ်တိုင်အလွယ်တကူ  ဘဏ်အကောင့်ဖွင့်နိုင်ပြီး ဘဏ်အကောင့်ဆိုင်ရာ အပိုဝန်ဆောင်မှုများကိုရယူနိုင်သော Self-service Banking Portal နှင့်မိတ်ဆက်ပေးလိုက်ပါပြီ။  ဘဏ်အကောင့်အသစ်ဖွင့်ရန် လုပ်ဆောင်ပုံအဆင့်ဆင့် အဆင့် ၁။ Self-service Banking Portal တွင် စာရင်းသွင်းပါ။ အဆင့် ၂။ Self-service Banking Portal သို့ ဝင်ရောက်ပြီး သင်နှစ်သက်ရာ အကောင့်ဖွင့်လှစ်ရန် ရွေးချယ်ပါ။ အဆင့် ၃။ လိုအပ်သော အချက်အလက်အားလုံးကို ဖြည့်စွက်ပါ။ အကောင့်အသစ်တွင် အပ်နှံငွေထည့်သွင်းခြင်း နီးစပ်ရာ ကမ္ဘောဇဘဏ်ခွဲသို့ သွားရောက်နိုင်၍ဖြစ်စေ သင်၏အခြားဘဏ်အကောင့်များမှငွေလွှဲ၍ဖြစ်စေ စတင်အပ်နှံငွေထည့်သွင်းနိုင်ပါသည်။ Self-service Banking Portal နှင့်ပတ်သတ်၍အသေးစိတ်သိရှိလိုပါက...
တောင်သူလယ်သမားနေ့ ဘဏ်ပိတ်ရက် ကြေညာခြင်း

တောင်သူလယ်သမားနေ့ ဘဏ်ပိတ်ရက် ကြေညာခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် customer များ ၂၀၂၂ ခုနှစ် မတ်လ  ၂ ရက်နေ့သည် အများပြည်သူရုံးပိတ်ရက် တောင်သူလယ်သမားနေ့ဖြစ်ပါသောကြောင့် ကမ္ဘောဇဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ပြီး  ငွေကြေးဆိုင်ရာကိစ္စရပ်များကို  KBZ Online Banking (mBanking၊ iBanking) နှင့်  KBZPay များမှတစ်ဆင့် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
ကမ္ဘောဇဘဏ်ခွဲပေါင်း ၃၀၀ကျော်တွင် Western Union (ငွေလွှဲထုတ်ပေးခြင်း) Premium Service ဝန်ဆောင်မှုအား ရယူနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာခြင်း

ကမ္ဘောဇဘဏ်ခွဲပေါင်း ၃၀၀ကျော်တွင် Western Union (ငွေလွှဲထုတ်ပေးခြင်း) Premium Service ဝန်ဆောင်မှုအား ရယူနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာခြင်း

Customer များ ပိုမိုအဆင်ပြေစေရန်အတွက် Western Union (ငွေလွှဲထုတ်ပေးခြင်း) Premium Service  ဝန်ဆောင်မှုအား မြန်မာနိုင်ငံအနှံ့ရှိ ကမ္ဘောဇဘဏ်ခွဲပေါင်း ၃၀၀ကျော်တွင်
ဖေ‌ဖော်ဝါရီ 14, 2022မတ် 8, 2022 In Announcements
Bonus Saver အကောင့်​သစ်

Bonus Saver အကောင့်​သစ်

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် customer များ  ကမ္ဘောဇဘဏ်၏ ငွေစုဘဏ်အပ်ငွေစာရင်းအသစ်ဖြစ်သော ‘Bonus Saver’ အကောင့်​သစ်အား စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ပြီး အဆိုပါအကောင့်သစ်ကို မြန်မာတစ်နိုင်ငံလုံးရှိ ဘဏ်ခွဲများအားလုံးတွင်  လွယ်ကူစွာ ဖွင့်လှစ်နိုင်ပါသည်။ 'Bonus Saver' အကောင့်အသစ်အကြောင်း ပိုမိုသိရှိလိုပါက ဘဏ်ခွဲများတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။  **စည်းကမ်းသတ်မှတ်ချက်များပါဝင်ပါသည်။ 
ဖေ‌ဖော်ဝါရီ 2, 2022ဖေ‌ဖော်ဝါရီ 2, 2022 In Announcements