မဟာသင်္ကြန်ကာလ အထူးအစီအစဉ်-ပြည်ပမှ ကမ္ဘောဇဘဏ်အကောင့်သို့ Ria, Thunes  နှင့် Tranglo ငွေလွှဲဝန်ဆောင်မှုများဖြင့် အခမဲ့ တိုက်ရိုက်ငွေလွှဲလိုက်ပါ

ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအတွက် ကမ္ဘောဇဘဏ်၏ မိတ်ဖက်လုပ်ငန်းများဖြစ်သော Ria, Thunes, Tranglo ပြည်ပငွေလွှဲဝန်ဆောင်မှုများမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ ငွေလွှဲခအခမဲ့ဖြင့် လွယ်ကူလျင်မြန်စွာ တိုက်ရိုက်ငွေလွှဲပေးပို့နိုင်မည့် “ ငွေလွှဲခအခမဲ့ မဟာသင်္ကြန်” အထူးအစီအစဉ်အား မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါသည်။

“ ငွေလွှဲခအခမဲ့” မဟာသင်္ကြန်အထူးအစီအစဉ်အား ၂၀၂၂ ခုနှစ်၊  ဧပြီလ ၄ ရက်နေ့ မှ ဧပြီလ ၁၈ ရက်နေ့ မဟာသင်္ကြန်ကာလအတွင်း ပြုလုပ်သွားမှာဖြစ်ပြီး  Ria, Thunes, Tranglo ပြည်ပငွေလွှဲဝန်ဆောင်မှုတွေကို အသုံးပြုပြီး ချစ်ခင်ရသောမိသားစုဝင်များ၏ ကမ္ဘောဇဘဏ် အကောင့်သို့ ငွေလွှဲခ ပေးစရာမလိုဘဲ အခမဲ့ တိုက်ရိုက် ငွေလွှဲပေးပို့နိုင်မှာဖြစ်ပါသည်။

စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ ပါရှိပါသည်။ 

အစီအစဉ်နှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက အောက်ပါလင့်ခ်များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။