မဟာသင်္ကြန်ကာလ အထူးအစီအစဉ် – မေးလေ့မေးထရှိသော မေးခွန်းများ

ယခုပြုလုပ်သော အစီအစဉ်၏အမည် နှင့် မည်သည့်customer များ ပါဝင်နိုင်ပါသလဲ။

ယခုပြုလုပ်သောအစီအစဉ်၏အမည်မှာ ငွေလွှဲခ အခမဲ့ မဟာသင်္ကြန်ကာလ အထူးအစီအစဉ် ဖြစ်ပြီး ကမ္ဘောဇဘဏ် နှင့် ၎င်း၏ မိတ်ဖက်ငွေလွှဲဝန်ဆောင်မှုများဖြစ်သော Ria၊ Thunes နှင့် Tranglo တို့ကို အသုံးပြုသော customer များအတွက် ဖြစ်ပါသည်။ 

ငွေလွှဲခအခမဲ့ မဟာသင်္ကြန်အထူးအစီအစဉ်က ဘယ်လိုအစီအစဉ်မျိုးဖြစ်ပါသလဲ ။

နိုင်ငံရပ်ခြားမှ customer များအနေဖြင့် မြန်မာနိုင်ငံရှိ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများကို ငွေလွှဲရာတွင် ငွေလွှဲခအခမဲ့ (၁၀၀ ရာခိုင်နှုန်းအခမဲ့ဖြင်) လွယ်ကူလျင်မြန်စွာ တိုက်ရိုက်ငွေလွှဲပေးပို့နိုင်မည့်  “ ငွေလွှဲခအခမဲ့” မဟာသင်္ကြန်အထူးအစီအစဉ် ဖြစ်ပါသည်။

ငွေလွှဲခအခမဲ့ မဟာသင်္ကြန်အထူးအစီအစဉ်ကို စတင်မည့်အချိန် နှင့် ကြာမြင့်မည့်အချိန်မှာ ဘယ်လောက်ဖြစ်ပါသလဲ။

ငွေလွှဲခအခမဲ့ မဟာသင်္ကြန်အထူးအစီအစဉ်ကို  ၂၀၂၂ ခုနှစ် ဧပြီလ ၄ ရက်မှ ၁၈ ရက်အထိ ၂ ပတ်ကြာပြုလုပ်သွားမှာဖြစ်ပါသည်။

ငွေလွှဲခအခမဲ့ မဟာသင်္ကြန်အထူးအစီအစဉ်တွင် မည့်သည့် ငွေလွှဲဝန်ဆောင်မှုများ ပါဝင်ပါသလဲ။

ဤအအစီအစဉ်၌ Ria၊ Thunes နှင့် Tranglo တို့မှ ငွေလွှဲများသာ အကျုံးဝင်ပါသည်။

ဤအစီအစဉ်မှာ customer အတွက် ဘာအခွင့်အရေးတွေ ရနိုင်ပါသလဲ။

ပြည်ပမှ ငွေလွှဲသူများအတွက် ငွေလွှဲခ အခမဲ့ဖြင့် မြန်မာပြည်ရှိ ကမ္ဘောဇဘဏ်အကောင့်သို့ တိုက်ရိုက် ငွေလွှဲနိုင်ခြင်း ဖြစ်ပါသည်။