နိုင်ငံခြားသုံးငွေများ လွှဲပြောင်းခြင်း၊ သုံးစွဲခြင်းနှင့် ပတ်သက်၍ ကြေညာခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားချက်အမှတ် (၆/၂၀၂၂) အရ ပြည်တွင်း၌ နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက်ငွေများနှင့် ပြည်ပသို့ နိုင်ငံခြားသုံးငွေများ လွှဲပြောင်းခြင်း၊ ပြည်တွင်း၌ နေထိုင်သူများ၏ နိုင်ငံခြားငွေစာရင်းများရှိ နိုင်ငံခြားငွေများနှင့် စပ်လျဉ်း၍ ကမ္ဘောဇဘဏ် သုံးစွဲသူ customer များအတွက် အောက်ပါအချက်များကို အသိပေးကြေညာအပ်ပါသည်။ 

 ■ ဧပြီလ ၄ ရက် ၂၀၂၂ ခုနှစ်မှစတင်ပြီး ဝင်ရောက်လာသော နိုင်ငံခြားငွေများကို ဝင်ရောက်လာသည့်နေ့တွင် ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ငွေလဲလှယ်နှုန်းဖြင့် ကျပ်ငွေစာရင်းထဲသို့ ထည့်ရမည်ဖြစ်ပါသည်။

■ ပြည်တွင်း၌ နေထိုင်သူက ပြည်ပသို့ နိုင်ငံခြားသုံးငွေများ လွှဲပြောင်းရာတွင် နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ၏ ခွင့်ပြုချက်လိုအပ်ပါသည်။ အဆိုပါ ခွင့်ပြုချက်ရရှိမှာသာ နိုင်ငံခြားဘဏ်များသို့ လွှဲပြောင်းနိုင်မည် ဖြစ်ပါသည်။ 

■ ငွေလဲလှယ်နှုန်းမှာ ဗဟိုဘဏ်၏ သတ်မှတ်နှုန်း တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ်ဖြစ်ပြီး ပြောင်းလဲမှုရှိပါက အချိန်နှင့်တပြေးညီ အသိပေးကြေညာသွားမည်ဖြစ်ပါသည်။

အသေးစိတ်သိလိုသည်များရှိပါက ကမ္ဘောဇဘဏ်၏ Call center ၀၉၉၅၁၀၁၈၅၅၅ သို့လည်းကောင်း၊ Corporate နှင့် Trade Customer ကြီးများအနေဖြင့် သက်ဆိုင်ရာ Relationship Manager များထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။