Ria, Thunes နှင့် Tranglo ငွေလွှဲဝန်ဆောင်မှုများ ဖြင့် အခမဲ့ငွေလွှဲနိုင်မည့် မဟာသင်္ကြန် အထူးအစီအစဉ် “စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ”

၁။ Ria၊ Thunes နှင့် Tranglo ငွေလွှဲဝန်ဆောင်မှုများကို အသုံးပြုနေသည့် ကမ္ဘောဇဘဏ် customer များအတွက် မဟာသင်္ကြန်ကာလ အထူးအစီအစဉ်သည် ၂၀၂၂ ခုနှစ် ဧပြီလ ၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဖြစ်ပါသည်။

၂။ မဟာသင်္ကြန်ကာလ အထူးအစီအစဉ်၏ ရည်ရွယ်ချက်မှာ RIA၊ Thunes နှင့် Tranglo ငွေလွှဲဝန်ဆောင်မှု သုံးစွဲသူကမ္ဘောဇဘဏ်customerများအတွက် ကျေးဇူးတုံ့ပြန်သောအားဖြင့် ပြည်ပမှ ကမ္ဘောဇဘဏ်အကောင့်သို့ ငွေလွှဲလျှင် ငွေလွှဲခ အခမဲ့ဖြင့် တိုက်ရိုက်ငွေလွှဲနိုင်ရန် ဖြစ်ပါသည်။

၃။ ဤအစီအစဉ်၌ API MTOs Inwards မှ ငွေလွှဲများ အားလုံး အကျုံးဝင်ပါသည်။ 

၄။ Ria၊ Thunes နှင့် Tranglo ငွေလွှဲဝန်ဆောင်မှုကွန်ရက်ရှိသော မည်သည့်နိုင်ငံမှမဆို  လွှဲပို့လိုက်သော ပြည်ပလွှဲပို့ငွေများအတွက် ငွေလွှဲခ ၁၀၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ရရှိနိုင်ပါသည်။

၅။ ယခုအစီအစဉ်ကာလအတွင်း ကမ္ဘောဇဘဏ် customersများ၏ အချက်အလက်များကို လိမ်ညာခြင်းမပြုနိုင်ရန်အတွက် တင်းကြပ်စွာ တားမြစ်ထားပါသည်။ Customerများ​၏ အချက်အလက်များကို လိမ်ညာသည်ဟု သံသယရှိသည့် မည်သူ့ကိုမဆို ကမ္ဘောဇဘဏ်မှ လိုအပ်သလို တာဝန်ယူ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။

၆။ ဤ Campaign နှင့်ပတ်သက်၍ KBZ Bank Customer များ နှင့် KBZ Bank တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ Bank ၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ Customer ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၇။ ကမ္ဘောဇဘဏ်အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤအစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် Customer အနေဖြင့် လျော်ကြေးတစ်စုံတစ်ရာရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၈။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့် ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၉။ ယခုအစီအစဉ်ကို ပါဝင်သူများသည် ကမ္ဘောဇဘဏ် ငွေလွှဲဝန်ဆောင်မှု၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များကိုလဲ လိုက်နာရမည် ဖြစ်ပါသည်။ ဤစည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၀။ ကမ္ဘောဇဘဏ်သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ်အနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၁၁။ ဤစည်းကမ်းချက်များကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ပြုစုထားပြီး ဗားရှင်းနှစ်ခုစလုံးသည် ညီတူညီမျှစစ်မှန်ထိရောက်သည်။ အင်္ဂလိပ်၊ မြန်မာဗားရှင်းနှစ်ရပ်တွင် ကွဲလွဲစရာများရှိပါက မြန်မာဗားရှင်းကိုသာ အမှန်ယူရမည်။