ဘဏ္ဍာရေးနှစ်ချုပ်စာရင်းပိတ်လုပ်ငန်း ဆောင်ရွက်မည်ဖြစ်သောကြောင့် အွန်လိုင်းဘဏ်ဝန်ဆောင်မှုများ ယာယီပြတ်တောက်မှုအား ကြိုတင်အသိပေးခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်အသုံးပြုသူ customer များ

ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါသောကြောင့် iBanking၊ mBanking အပါအဝင် ATM ဝန်ဆောင်မှုများ၊ MPU E-commerce နှင့်သက်ဆိုင်သော ဝန်ဆောင်မှုများကို မတ်လ (၃၁)ရက်နေ့ ည ၁၁း၀၀ နာရီမှ ဧပြီလ (၁)ရက်နေ့ မနက် ၈း၀၀နာရီအထိ အသုံးပြုနိုင်မည်မဟုတ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ 

***ချွင်းချက်အနေဖြင့် Online Tax Payment နှင့် Online Other Bank Transfer ဝန်ဆောင်မှုများကိုမူ မတ်လ (၃၁) ရက်နေ့ ညနေ ၃း၀၀ နာရီမှ ဧပြီလ (၁) ရက်နေ့ မနက် ၁၀း၀၀ နာရီအထိ အသုံးပြုနိုင်မည်မဟုတ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

လူကြီးမင်း၏နားလည်ပေးမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။