တိုးမြှင့်လိုက်သော ပုံမှန်ငွေစုဘဏ်အပ်ငွေစာရင်း၏ အတိုးနှုန်းအသစ်

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ 

ကမ္ဘောဇဘဏ်မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှစ၍  တိုးမြှင့်လိုက်သော ငွေစုဘဏ်အပ်ငွေစာရင်း၏ အတိုးနှုန်းအသစ် တစ်နှစ်လျှင် ၆% အား customer များ ခံစားရယူနိုင်ပြီဖြစ်ပါသည်။

Customer များအနေဖြင့် ကမ္ဘောဇဘဏ် ငွေစုဘဏ်အပ်ငွေစာရင်းအား တစ်ဦးတစ်ယောက်တည်း စာရင်း (သို့) တစ်ဦးထက်ပို၍ တွဲဖက်စာရင်း စသည်ဖြင့်  ကမ္ဘောဇဘဏ်ခွဲတိုင်းတွင် ကနဦးအပ်နှံငွေ ၁၀၀၀၀ ကျပ်ဖြင့်  မှတ်ပုံတင်နှင့်တစ်ကွ ဖွင့်လှစ်နိုင်ပြီဖြစ်ပါသည်။

သင်၏ငွေစုဘဏ်အပ်ငွေစာရင်းတွင် မြှင့်မားသော အတိုးနှုန်းရရှိစေရန် လစဉ် ၁ ရက်နေ့မှ ၅ ရက်နေ့အတွင်း အပ်နှံလိုက်ပါ။

အသေးစိတ်သိရှိလိုပါက 09 9510 18555 သို့မဟုတ် 8555သို့ ခေါ်ဆိုမေးမြန်းနိုင်ပါသည်။
ကမ္ဘောဇဘဏ်၏ ဝန်ဆောင်မှုများကို အသုံးပြုခြင်းအတွက် ကျေးဇူးတင်ရှိပါသည်။

*****စည်းကမ်းသတ်မှတ်ချက်များပါရှိပါသည်။