၁၀ သိန်းကျပ်ကံထူးနိုင်မဲ့ CASH ACCOUNT LUCKY DRAW CAMPAIGN – မေးလေ့မေးထရှိသော မေးခွန်းများ

Lucky Draw အစီအစဉ်မှာ ဘယ်သူတွေပါဝင်ကံစမ်းနိုင်ပါသလဲ။ 

ကံစမ်းမဲကာလ မတ်လ ၂၁ ရက်နေ့ မှ ဧပြီ ၇ ရက်နေ့၊ ၂၀၂၂ ခုနှစ်အတွင်း ငွေစာရင်းအကောင့်အသစ် (မည့်သည့်ငွေစာရင်းအကောင့်အမျိုးအစားမဆို) ဖွင့်မည့် customer အသစ်များ (တစ်ဦးချင်း သို့မဟုတ် Corporate) နှင့် ငွေစာရင်းအကောင့်ရှိပြီး customer များ (တစ်ဦးချင်း သို့မဟုတ် Corporate) မှ ၎င်းတို့၏ အကောင့်များထဲသို့ ငွေသားထပ်မံထည့်သွင်းခြင်း (မည်သည့်ငွေသားပမာဏမဆို) ဖြင့်ပါဝင်နိုင်ပါသည်။

ကံစမ်းမဲအစီအစဉ်ကို အချိန်ဘယ်လောက်ကြာ ပြုလုပ်မှာဖြစ်ပါသလဲ။ 

Cash Account Lucky Draw အစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ မှ ဧပြီလ ၇ ရက်နေ့အထိ၊ ၃ ပတ်ကြာပြုလုပ်သွားမှာဖြစ်ပါတယ်။ 

ကံထူးရှင် စုစုပေါင်းဘယ်နှစ်ဦးရှိပါသလဲ။ 

တစ်ပတ်လျှင် ကံထူးရှင် အယောက် ၃၀ နှင့် အစီအစဉ်အပြီးတွင် ကံထူးရှင် စုစုပေါင်း အယောက် ၉၀ ရှိပါသည်။ 

 မည်သည့် ငွေစာရင်းအကောင့်ဖွင့်ပြီး Lucky Draw အစီအစဉ်တွင် ပါဝင်နိုင်ပါသလဲ။ 

မိမိကြိုက်နှစ်သက်ရာ ငွေစာရင်းအကောင့် (ငွေစာရင်းအကောင့်သစ် ငွေစုဘဏ်အပ်ငွေစာရင်း − Savings၊ ငွေစာရင်းအကောင့်သစ် စာရင်းရှင်အပ်ငွေစာရင်း – Current၊ ငွေစာရင်းအကောင့်သစ် ခေါ်ယူအပ်ငွေစာရင်း – Call နှင့် ငွေစာရင်းအကောင့်သစ် စာရင်းသေအပ်ငွေစာရင်း – Fixed Deposit) တို့ကို တစ်ဦးချင်းဖြစ်စေ၊ Corporate ဖြစ်စေ ဖွင့်လှစ်နိုင်ပါသည်။ Customer များအနေဖြင့် မိမိတို့ဖွင့်လိုက်သော ငွေစာရင်းအကောင့်၏ သတ်မှတ်ထားသော အနည်းဆုံးလက်ကျန်ငွေ ထားရှိရမည် ဖြစ်ပါသည်။ 

ငွေစာရင်းအကောင့် အသစ်ဖွင့်ထားတာရှိပါတယ် Lucky Draw မှာ ဘယ်လိုပါဝင်နိုင်ပါသလဲ။ 

ယခု Campaign ကာလဖြစ်သော မတ်လ ၂၁ ရက်နေ့မှ ဧပြီလ ၇ရက်နေ့အတွင်း မည်သည့်ဘဏ်ခွဲတိုင်းမှာမဆို ငွေစာရင်းအကောင့်သစ် အောင်မြင်စွာဖွင့်ခြင်း နှင့် ရှိပြီးသား ငွေစာရင်းအကောင့်များထဲသို့ ငွေသားထပ်မံထည့်သွင်းခြင်း (မည်သည့်ငွေသားပမာဏမဆို) ဖြင့် ယခု Lucky Draw campaign ကာလ ၃ ပတ်အတွင်း အလိုလျောက်ပါဝင်သွားပြီဖြစ်ပါသည်။ ကံထူးရှင်စုစုပေါင်း အယောက် ၉၀ အား မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ၈ ရက်အနေ့အတွင်း ရွေးချယ်အကြောင်းကြားသွားမှာဖြစ်ပါသည်။ 

ဘယ်လိုဆုလက်ဆောင် ရရှိနိုင်ပါသလဲ၊ ရရှိသော ဆုလက်ဆောင်အား ဘယ်လိုရယူနိုင်ပါသလဲ။ 

ကံထူးရှင်တစ်ဦးလျှင် ငွေကျပ် ၁,၀၀၀,၀၀၀ (၁၀ သိန်း) ကို ၎င်းတို့၏ ပုံမှန် ငွေစုဘဏ်အပ်ငွေစာရင်း သို့ စာရင်းရှင်အပ်ငွေစာရင်းသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ ကမ္ဘောဇဘဏ်မှ လိုအပ်သော စိစစ်မှုများပြုလုပ်အပြီးတွင် အဆိုပါအကောင်းအတွင်းသို့ အလိုအလျောက်ထည့်သွင်းပေး သွားမည်ဖြစ်ပါသည်။ 

ဆုလက်ဆောင်ရယူရန် ကမ္ဘောဇဘဏ်တွင် လက်ရှိအသုံးပြုနေသော ပုံမှန် ငွေစုဘဏ်အပ်ငွေစာရင်း (သို့) စာရင်းရှင်အပ်ငွေ စာရင်းမရှိသေးပါက ဘယ်လိုဆက်လက်လုပ်ဆောင်နိုင်ပါသလဲ။ 

အစီအစဉ်၏ ဆုလက်ဆောင် ငွေကျပ်  ၁,၀၀၀,၀၀၀ (၁၀ သိန်း) ကို ကံထူးရှင်များ၏  ပုံမှန် ငွေစုဘဏ်အပ်ငွေစာရင်း သို့ စာရင်းရှင်အပ်ငွေစာရင်းသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်ပါသောကြောင့် အဆိုပါအကောင့်မရှိသေးသော ကံထူးရှင် customer များအနေဖြင့် ကံထူးရှင်ကြေညာပြီးနောက် ဘဏ်ဖွင့်ရက် ၁၀ ရက်အတွင်း နီးစပ်ရာကမ္ဘောဇဘဏ်ခွဲသို့ သွားရောက်ပြီး အကောင့်ဖွင့်လှစ်နိုင်ပါသည်။

သတိပြုရန်။ ကမ္ဘောဇဘဏ်သည် ယခု အစီအစဉ် ​၏ တစိတ်တဒေသဖြစ်သည့် Customer တို့​၏ အကောင့်အချက်အလက်များ ၊ OTP သို့မဟုတ်  စကားဝှက်များ ကို Customers များထံမှကို မည်သည့်အခါမျှ ဖုန်းဆက်ခေါ်ယူ မေးမြန်းမည်မဟုတ်ပါ။ ထိုကဲ့သို့ သော သတင်းအချက်အလက်များကို တစ်စုံတစ်ယောက် မှ ဖုန်းဆက်မေးမြန်းလာပြီဆိုပါက ထိုသူတို့​၏ မေးခွန်းများကို ပြန်လည်ဖြေကြားခြင်းမပြုခြင်းဖြင့် လိမ်လည်မှုများကို ရှောင်ရှားပါ။