၁၀ သိန်းကျပ်ကံထူးနိုင်မယ့် CASH ACCOUNT LUCKY DRAW CAMPAIGN ၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ ကမ္ဘောဇဘဏ်​၏ Cash Account Lucky Draw Campaign ကာလ သည် ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဧပြီလ ၇ ရက်နေ့ထိဖြစ်ပါသည်။

၂။ ကမ္ဘောဇဘဏ်​၏ Cash Account Lucky Draw Campaign ​၏ ရည်ရွယ်ချက်မှာ ဤ Campaign ကာလအတွင်း Cash Account အသစ်ဖွင့်သည့် Customer များနှင့်Cash Account ရှိပြီးသား Customer များအနေဖြင့် ၎င်းတို့၏ အကောင့်ထဲသို့ ငွေသားထပ်မံထည့်သွင်းအပ်နှံကြရင်း ကံစမ်းနိုင်ရန် ရည်ရွယ်ပါသည်။

၃။ တစ်ဦးချင်း Cash Account ကို ဖြစ်စေ Corporate Cash Account ကို ဖြစ်စေ Cash Account (မည့်သည့် Cash Account အမျိုးအစားမဆို) အသစ်ဖွင့်လှစ်မည့် Customer များနှင့် Cash Account ရှိပြီးသော Customer များမှ မိမိတို့၏အကောင့်ထဲသို့ ငွေသားထပ်မံထည့်သွင်းအပ်နှံခြင်းဖြင့် (မည်သည့်ငွေသားပမာဏမဆို) ပါဝင်ကံစမ်းနိုင်ပါသည်။ Customer များသည် Lucky Draw ကာလတစ်လျှောက်တွင် ၎င်းတို့စာရင်းသစ်ဖွင့်ခြင်း (သို့) ငွေသားထပ်မံထည့်သွင်းသည့် ရက်သတ္တပတ်၏ ကံစမ်းမဲအစီအစဉ်အတွက် အကျုံးဝင်ပါသည်။ 

၄။ အပတ်စဉ် ကံထူးရှင်များကို အပတ်စဉ် သောကြာနေ့ တွင် ရွေးချယ်အသိပေးအကြောင်းကြားသွားမှာဖြစ်ပြီး  ရက်သတ္တပတ်၏ ကံထူးရှင်များအား ကြေညာပြီးပါက ရရှိမည့် ဆုကြေးငွေများကို အလုပ်လုပ်ရက် ၁၀ ရက်အတွင်း ကံထူးရှင်များ၏ ပုံမှန်ငွေစာရင်း တစ်ဦးချင်း/လုပ်ငန်းသုံးအကောင့် (ငွေစုဘဏ်အပ်ငွေစာရင်း (သို့) စာရင်းရှင်အပ်ငွေစာရင်း) ထဲသို့ ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ ဆုကြေးငွေထည့်သွင်းပေးမည့် အလုပ်လုပ်ရက်သည် အများပြည်သူအလုပ်ပိတ်ရက်အတွင်း ကျရောက်ပါက သို့မဟုတ် ဘဏ်၏ ထိန်းချုပ်မှုအောက်တွင် မရှိသော အခြားသောကိစ္စရပ်များရှိပါက ပြောင်းလဲမှုရှိနိုင်ပါသည်။   

၅။ Cash Account Lucky Draw ၏ ဆုလက်ဆောင်မှာ  ကံထူးရှင်တစ်ဦး အတွက် ငွေကျပ် ၁,၀၀၀,၀၀၀ (၁၀ သိန်း) နှင့် တစ်ပတ်လျှင် ကံထူးရှင်အယောက် ၃၀၊ Campaign ကာလအတွင်း  စုစုပေါင်း ကံထူးရှင် အယောက် ၉၀ ကို ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။ 

၆။ Customer တစ်ဦးအနေဖြင့် ကံစမ်းမဲကာလအတွင်း တစ်ကြိမ်သာ ကံထူးပြီးဆုလက်ဆောင်ရယူခွင့် ရှိပါသည်။

၇။ ဤအစီအစဉ်တွင် ပါဝင်ရန် Customers အသစ်များသည် မတ်လ ၂၁ရက်နေ့မှ ဧပြီလ ၇ ရက်နေ့ အတွင်း Cash Accountင့်အသစ် (မည်သည့် Cash Account အမျိုးအစားမဆို) ဖွင့်လှစ်ရပါမည်။ Cash Account ရှိပြီးသော Customer များအနေဖြင့် အဆိုပါအကောင့်များထဲသို့ ငွေသားထပ်မံထည့်သွင်းအပ်နှံခြင်းဖြင့် (မည့်သည်ငွေသားပမာဏမဆို) ပါဝင်နိုင်ပါသည်။ အစီအစဉ်ပြုလုပ်နေစဉ် ကာလအတွင်း သတ်မှတ်ထားသည့် အနည်းဆုံးလက်ကျန်ငွေပမာဏအား အကောင့်အတွင်း ထည့်သွင်းထားရှိရမည်ဖြစ်သည်။ ၈။ ဆုငွေကို Customer ၏ ပုံမှန်ငွေစုဘဏ်အပ်ငွေစာရင်း (သို့) စာရင်းရှင်အပ်ငွေစာရင်း ထဲသို့ထည့်သွင်းပေးသွားမည်ဖြစ်ပါ၍  ကံထူးရှင်သည် လက်ရှိတွင်  ပုံမှန် ငွေစုဘဏ်အပ်ငွေစာရင်း (သို့) စာရင်းရှင်အပ်ငွေစာရင်းရှိပြီးသူဖြစ်ရပါမည်။  ပုံမှန် ငွေစုဘဏ်အပ်ငွေစာရင်း (သို့) စာရင်းရှင်အပ်ငွေစာရင်း မရှိပါက နီးစပ်ရာဘဏ်ခွဲတွင်  ထိုအကောင့်တစ်ခုခုအား ဘဏ်ဖွင့်ရက် (၁၀) ရက်အတွင်း သွားရောက်ဖွင့်လှစ်ရပါမည်။

၉။ ကံထူးကြောင်းကြေညာပြီးနေ့ရက်မှ ဘဏ်ဖွင့်ရက် (၁၀) ရက်အတွင်း ပုံမှန်ငွေစာရင်း တစ်ဦးချင်း/လုပ်ငန်းသုံးအကောင့် (ငွေစုဘဏ်အပ်ငွေစာရင်း (သို့) စာရင်းရှင်အပ်ငွေစာရင်း) ဖွင့်လှစ်ထားခြင်းမရှိသော ကံထူးရှင်များအနေဖြင့် ကံစမ်းမဲဆုငွေအား ရရှိပိုင်ဆိုင်ခွင့်ရှိနိုင်တော့မည်မဟုတ်ပါ။ 

၁၀။  ကမ္ဘောဇဘဏ်​ နှင့် ဘဏ်၏ ဝန်ထမ်းများသည် ယခု ကံစမ်းမဲအစီအစဉ်တွင်ပါဝင်သူ Customer များကို OTP သို့မဟုတ် PIN အချက်အလက်များကို ဆက်သွယ်တောင်းခံမည် မဟုတ်ပါ။

၁၁။ ယခု Cash Account Lucky Draw Campaign ကာလအတွင်း ကမ္ဘောဇဘဏ်Customers များ ​၏ အချက်အလက် များကို လိမ်ညာခြင်းမပြုနိုင်ရန်အတွက် တင်းကျပ်စွာ တားမြစ်ထားပါသည်။ Customerများ ​၏ အချက်အလက်များကို လိမ်ညာသည်ဟု သံသယ ရှိသည့် မည်သူ့ကိုမဆို ကမ္ဘောဇဘဏ် မှ လိုအပ်သလို တာဝန်ယူဆုံးဖြတ် ပိုင်ခွင့်ရှိသည်။

၁၂။ ဤ Campaign နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ် Customer များ နှင့် ကမ္ဘောဇဘဏ် တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ်၏ တာဝန်ရှိသူများမှ  ပြဌာန်းဉပဒေအရ Customer ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန်  သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၃။  ကမ္ဘောဇဘဏ်အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤအစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် Customer အနေဖြင့် လျော်ကြေးတစ်စုံတစ်ရာရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၄။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိ ပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့် ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင် သည်။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေ များနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ ကမ္ဘောဇဘဏ် သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ်အနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များသာလျှင် အတည်ဖြစ်သည်။