ကမ္ဘောဇဘဏ်၏ အမှုဆောင် အရာရှိချုပ်အဖြစ် အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်လင်းအောင်ကို ရွေးချယ်ခန့်အပ်၊
Mr. Mike DeNoma အနေဖြင့် (၆၆) နှစ်မြောက်မွေးနေ့တွင် တာဝန်များမှ အနားယူမည် ဧပြီလ ၆၊ ၂၀၂၂၊ ရန်ကုန် - ကမ္ဘောဇဘဏ်တွင် အမှုဆောင် အရာရှိချုပ်အဖြစ် ၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သော Mr. Mike DeNoma သည် ဧပြီလ ၂၀၂၂တွင် ကျရောက်မည့် သူ၏ ၆၆ နှစ်မြောက်မွေးနေ့တွင် လုပ်ငန်းတာဝန်များမှ အနားယူမည် ဖြစ်ပါသည်။ Mr. Mike DeNoma သည် ဒစ်ဂျစ်တယ် နည်းပညာများကို ဆန်းသစ်တီထွင်မှု နှင့် လူတိုင်း လက်လှမ်းမီနိုင်သော ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းများကို တိုးတက် အောင်မြင်စေရန်၊ ပြည်တွင်းမှ အတတ်ပညာရှင်များကို နောင်အနာဂတ်တွင် ဘဏ်လုပ်ငန်းဆိုင်ရာ...