ကမ္ဘောဇဘဏ်အကောင့်များသို့ ပြည်ပမှလွှဲပို့ငွေများကို ငွေသားဖြင့် ၁၀၀% ထုတ်ယူနိုင်ပါပြီ

ကမ္ဘောဇဘဏ်သုံးစွဲသူ customer များအနေဖြင့် ကမ္ဘောဇဘဏ် နှင့် ချိတ်ဆက်ထားသော ငွေလွှဲဝန်ဆောင်မှုများဖြစ်သည့် Ria ၊ Thunes ၊  Tranglo ၊  Western Union ၊ Merchant Trade ၊  KEB Bank ၊  Kasikorn Bank နှင့် Krung Thai Bank တို့မှ ပုံမှန်အပ်ငွေစာရင်းများ နှင့် ငွေစာရင်းအကောင့်သစ်များသို တိုက်ရိုက်လွှဲပို့ငွေများကို ငွေသားဖြင့် ၁၀၀% ပြန်လည် ထုတ်ယူနိုင်ပြီဖြစ်ပါသည်။ 

ငွေလွှဲဝန်ဆောင်မှုများမှတစ်ဆင့် လွှဲအပ်လိုက်သည့် ငွေသားများအား ပြန်လည်ထုတ်ယူရာတွင်  ဘိုကင် တင်ရန် မလိုအပ်ပဲ ဖွင့်လှစ်ထားသော မည့်သည့်ကမ္ဘောဇဘဏ်ခွဲတွင်မဆို ဝန်ဆောင်ခ အခမဲ့ ဖြင့် လွယ်ကူလျင်မြန်စွာ ထုတ်ယူနိုင်ပါသည်။

Ria, Thunes နှင့် Tranglo တို့မှ လွှဲပို့ငွေများအား ထုတ်ယူခြင်း အဆင့်ဆင့်
လွှဲပို့ငွေလက်ခံမည့်သူသည် ကမ္ဘောဇဘဏ် ပုံမှန်အပ်ငွေစာရင်းများဖြစ်သော ငွေစုဘဏ်အပ်ငွေ၊ ခေါ်ယူအပ်ငွေ နှင့် စာရင်းရှင်အပ်ငွေ (သို့မဟုတ်) ငွေစာရင်းအကောင့်သစ်_ငွေစုဘဏ်အပ်ငွေ၊ ခေါ်ယူအပ်ငွေ နှင့် စာရင်းရှင်အပ်ငွေစသဖြင့် အကောင့်တစ်ခုခု ဖွင့်လှစ်ထားရမည်ဖြစ်ပါသည်။  ထိုမှတဆင့် မိမိတို့၏ အကောင့်ထဲသို့ လွှဲပို့လာသော ငွေများကို  ဝန်ဆောင်ခအခမဲ့ဖြင့် ငွေသားထုတ်ယူနိုင်ပါသည်။ 

Western Union  မှ လွှဲပို့ငွေများအား ထုတ်ယူခြင်း အဆင့်ဆင့်
ငွေလက်ခံမည့်သူသည် ကမ္ဘောဇဘဏ်အကောင့်ရှိရန် မလိုအပ်ဘဲ ငွေလွှဲထုတ်ယူရန်ပေးပို့ထားသော MCTN ကုဒ်နံပါတ်  (၁၀) လုံး၊  မှတ်ပုံတင်နှင့်တကွ ဝန်ဆောင်ခ အခမဲ့ဖြင့် ကမ္ဘောဇဘဏ်ခွဲတိုင်းတွင်  ငွေသား ၁၀၀% ထုတ်ယူနိုင်ပါသည်။ 

Merchant Trade မှ လွှဲပို့ငွေများအား ထုတ်ယူခြင်း အဆင့်ဆင့်
ငွေလက်ခံမည့်သူသည် ကမ္ဘောဇဘဏ်အကောင့်ရှိရန် မလိုအပ်ဘဲ ငွေလွှဲထုတ်ယူရန်ပေးပို့ထားသော ကုဒ်နံပါတ် (၁၄) လုံး၊ မှတ်ပုံတင်နှင့်တကွ ဝန်ဆောင်ခ အခမဲ့ဖြင့် ကမ္ဘောဇဘဏ်ခွဲတိုင်းတွင် ငွေသား ၁၀၀% ထုတ်ယူနိုင်ပါသည်။ 

Kasikorn Bank နှင့် Krung Thai Bank တို့မှ လွှဲပို့ငွေများအား ထုတ်ယူခြင်း အဆင့်ဆင့်  
လွှဲပို့ငွေလက်ခံမည့်သူသည် ကမ္ဘောဇဘဏ် ပုံမှန်အပ်ငွေစာရင်းများဖြစ်သော ငွေစုဘဏ်အပ်ငွေ၊ ခေါ်ယူအပ်ငွေ နှင့် စာရင်းရှင်အပ်ငွေ (သို့မဟုတ်) ငွေစာရင်းအကောင့်သစ်_ငွေစုဘဏ်အပ်ငွေ၊ ခေါ်ယူအပ်ငွေ နှင့် စာရင်းရှင်အပ်ငွေစသဖြင့် အကောင့်တစ်ခုခု ဖွင့်လှစ်ထားရမည်ဖြစ်ပါသည်။  ထိုမှတဆင့် မိမိတို့၏ အကောင့်ထဲသို့ လွှဲပို့လာသော ငွေများကို  ၁၀၀% ဝန်ဆောင်ခအခမဲ့ဖြင့် ငွေသားထုတ်ယူနိုင်ပါသည်။ 

KEB ဘဏ်မှ SWIFT Code ဖြင့် လွှဲပို့ငွေများအား ထုတ်ယူခြင်း အဆင့်ဆင့်
KEB ဘဏ်မှ SWIFT ကုဒ် ဖြင့်  မိမိတို့၏ ဘဏ်အကောင့်ထဲသို့ လွှဲပို့လာသော ငွေများကို  မည်သည့် ကမ္ဘောဇဘဏ် တွင် မဆို  SWIFT ဝန်ဆောင်ခ နှင့် Commission Fees (ရန်ကုန်ပြင်ပမြို့များအတွက်) ကို ငွေလက်ခံမည့်သူမှ  ပေးပြီး ထုတ်ယူနိုင်ပါသည်။

နိုင်ငံခြားမှငွေလွှဲလက်ခံခြင်းဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက ဤနေရာတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 

အသေးစိတ်သိရှိလိုသည်များရှိပါက 09 951018555 သို့မဟုတ် [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ Worker Remittance နှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက 09 443211683 သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။