ကမ္ဘောဇဘဏ်အကောင့်များသို့ ပြည်ပမှလွှဲပို့ငွေများကို ငွေသားဖြင့် ၁၀၀% ထုတ်ယူနိုင်ပါပြီ – မေးလေ့မေးထရှိသော မေးခွန်းများ

Thunes (Transfer To), Tranglo, Ria မှတစ်ဆင့် လွှဲငွေများကို မည်သို့ပြန်လည် ထုတ်ယူနိုင်မည်နည်း။ 

ကမ္ဘောဇဘဏ် ၏ ပုံမှန်ငွေစာရင်းအကောင့်ဟောင်းများနှင့် ငွေစာရင်းအကောင့်သစ်များသို့ တိုက်ရိုက် ငွေလွှဲခြင်းအားဖြင့် လွှဲပို့ငွေများကို ၁၀၀% ပြန်လည် ထုတ်ယူနိုင်မှာ ဖြစ်ပါသည်။ 

ငွေလွှဲပို့နိုင်သော ဘဏ်အကောင့်အမျိုးအစားများမှာ 

 ပုံမှန်ငွေစာရင်းအကောင့်ဟောင်း အမျိုးအစားများ

  • Saving Account – Individual and Joint ,Minor
  • Current Account – Individual and Joint 
  • Call Account- Individual and Joint 
  • Loan Bank account- Individual and Joint (linked to current account)
  • Card Bank account – Individual (Linked to current account)

ငွေစာရင်းအကောင့်သစ် အမျိုးအစားများ 

  • Current_Individual(Myanmar Citizen/Resident Foreigner)
  • CASH ACCOUNT_Current_Joint(Myanmar Citizen/Resident Foreigner)
  • CASH ACCOUNT_Call_Individual(Myanmar Citizen/Resident Foreigner)
  • CASH ACCOUNT_Call_Joint(Myanmar Citizen/Resident Foreigner)
  • CASH ACCOUNT – Savings_Individual_LCY
  • CASH ACCOUNT – Savings_Joint_LCY

Thunes (Transfer To), Tranglo, Ria မှ တဆင့် Fixed Deposit အကောင့်ထဲသို့ ငွေလွှဲလို့ရပါသလား။ 

လွှဲ၍ မရပါ။

Thunes (Transfer To), Tranglo, Ria မှ တဆင့် Corporate Deposit အကောင့်ထဲသို့ ငွေလွှဲလို့ရပါသလား။

မရပါ။

Thunes (Transfer To), Tranglo, Ria မှ ငွေတစ်ခါလွှဲလျှင် ပမာဏ မည်မျှ အများဆုံး လွှဲ နိင်သနည်း။

USD $ 5,000 နှင့် ညီမျှသော မြန်မာငွေ ပမာဏ အား အများဆုံး လွှဲနိုင်ပါသည်။ 

Thunes (Transfer To), Tranglo, Ria မှတစ်ဆင့် နိုင်ငံခြားသို့ ငွေလွှဲနိုင်ပါသလား။

 မရပါ။ ငွေလွှဲအ၀င် သီးသန့်သာ ရပါသည်။ 

Thunes (Transfer To), Tranglo, Ria မှ လွှဲအပ်ငွေများကို လက်ခံရရှိရန် မည်မျှကြာသနည်း။

ငွေလွှဲပို့သည့်နေ့အတွင်း အချိန်နှင့်တပြေးညီ ငွေလက်ခံရရှိနိုင်မှာ ဖြစ်ပါသည်။ 

Thunes (Transfer To), Tranglo, Ria မှ ငွေလွှဲ၀င်ရောက်ပြီး ငွေသားထုတ်သည့်အခါတွင် ငွေလွှဲခပေးဆောင်ရပါသလား။

မည်သည့်‌ငွေလွှဲခမျှ မပေးဆောင်ရပါ။

Western Union မှတစ်ဆင့် မည်သို့ ငွေထုတ်ယူနိုင်သနည်း။ 

ငွေလွှဲလက်ခံမည့်သူအနေဖြင့် ငွေလွှဲသူထံမှ ရရှိသော လျှို့ဝှက်နံပါတ် ၁၀ လုံး၊ မှတ်ပုံတင်မူရင်းတို့နှင့်တကွ နီးစပ်ရာ ကမ္ဘောဇဘဏ်ခွဲများတွင် တိုကင်ရယူရန်မလိုဘဲ လွှဲသည့်ငွေပမာဏအတိုင်း အကန့်အသတ်မရှိ ငွေသားထုတ်ယူနိုင်ပါသည်။

Merchant Trade (Malaysia)  မှ လွှဲပို့ငွေများအား မည်သို့ ထုတ်ယူနိုင်သနည်း။ 

ငွေလွှဲလက်ခံမည့်သူအနေဖြင့် ငွေလွှဲသူထံမှ ရရှိသော လျှို့ဝှက်နံပါတ်၁၄လုံး၊ မှတ်ပုံတင်မူရင်းတို့နှင့်တကွ နီးစပ်ရာ ကမ္ဘောဇဘဏ်ခွဲများတွင် တိုကင်ရယူရန်မလိုဘဲ လွှဲသည့်ငွေပမာဏအတိုင်း အကန့်အသတ်မရှိ ငွေသားထုတ်ယူနိုင်ပါသည်။

ငွေသားထုတ်ယူမည့်ငွေပမာဏ ကန့်သတ်ချက် ရှိပါသလား။

ကန့်သတ်ချက် မရှိပါ။ လွှဲပို့လိုက်သည့် ပမာဏ၏ ၁၀၀% အား ပြန်လည် ထုတ်ယူနိုင်ပါသည်။ 

ငွေသားထုတ်ယူရာတွင် တိုကင် ရယူရန်လိုအပ်ပါသလား။

တိုကင်ယူရန် မလိုအပ်ပါ။

မည်သည့်နိုင်ငံများမှ ငွေလွှဲလို့ရပါလဲ။

Western  Union, Thunes(Transfer To), Tranglo, Ria, Merchant Trade (Malaysia)  စသည့် ငွေလွှဲဝန်ဆောင်မှုကွန်ရက်ရှိသော မည်သည့်နိုင်ငံ မှ မဆို လွယ်ကူမြန်ဆန်စွာ ငွေလွှဲပို့နိုင်ပါသည်။

အကောင့်အသစ်နှင့် အကောင့်ဟောင်း ၂ မျိုး လုံးမှ မှ ငွေသားထုတ်ယူနိုင်ပါသလား။

အကောင့်အမျိုးအစားအားလုံးသို့ လွှဲပို့ငွေများကို မြန်မာကျပ်ဖြင့် ၁၀၀% ထုတ်ယူနိုင်ပါသည်။

 KEB Bank နှင့် Krung Thai Bank တို့မှ လွှဲပို့ငွေများကို မြန်မာကျပ်ငွေဖြင့် ၁၀၀% ထုတ်ယူနိုင်ပါသလား။

KEB Bank နှင့် Krung Thai Bank များမှ တစ်ဆင့် ပုံမှန်ငွေစာရင်းအကောင့်ဟောင်းများနှင့် ငွေစာရင်းအကောင့်သစ်များ သို့ လွှဲပို့ငွေများကို မြန်မာကျပ်ငွေဖြင့်  ၁၀၀% ပြန်လည် ထုတ်ယူနိုင်ပါသည်။ 

အလုပ်သမားငွေလွှဲခြင်း ( Worker Inward Remittance) အတွက် မြန်မာကျပ်ငွေဖြင့် ကမ္ဘောဇဘဏ်ခွဲများအားလုံးတွင် ငွေထုတ်ယူနိုင်ပါသလား။

ပုံမှန်ငွေစာရင်းအကောင့်ဟောင်းများနှင့် ငွေစာရင်းအကောင့်သစ်များ သို့ လွှဲပို့ငွေများကို  မြန်မာကျပ်ငွေဖြင့် ကမ္ဘောဇဘဏ်ခွဲများအားလုံးတွင် ၁၀၀ % ငွေထုတ်ယူနိုင်ပါသည်။

အသေးစိတ်သိရှိလိုသည်များရှိပါက 09 951018555 သို့မဟုတ် [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ Worker Remittance နှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက 09 443211683 သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။