ပြည်ပမှငွေလွှဲများကို တိုကင်ယူရန်မလို၊ ပမာဏအကန့်အသတ်မရှိ ငွေသားထုတ်ယူနိုင်ပါပြီ

မြန်မာနိုင်ငံရှိ customer များအနေဖြင့် နိုင်ငံရပ်ခြားမှတဆင့် ၎င်းတို့၏ ကမ္ဘောဇဘဏ် ငွေစာရင်းအကောင့်သစ်များထံသို့ လွဲ့ပို့ငွေများကို စောင့်ဆိုင်းစရာမလို ၊ အကန့်အသတ် မရှိ ၊ ရက်ချိန်းယူရန်မလို ထုတ်ယူနိုင်ပြီ ဖြစ်ပါသည်။ 

ပြည်ပမှ ငွေလွှဲမည့်သူသည် ကမ္ဘောဇဘဏ် ၏ မိတ်ဖက်လုပ်ငန်းများဖြစ်သည့် Ria, Thunes, Tranglo ပြည်ပငွေလွှဲ ဝန်ဆောင်မှုများအသုံးပြုကာ ငွေလက်ခံမည့်သူ၏ ကမ္ဘောဇဘဏ် New Cash Account (Savings၊ Current နှင့် Call အကောင့်များ) သို့ တိုက်ရိုက် ငွေလွှဲပေးရန်လိုအပ်ပါသည်။

Customer များအနေဖြင့် နိုင်ငံခြားမှလွှဲငွေများကို အလွယ်တကူ ထုတ်ယူနိုင်မည့​​​ အဆိုပါဝန်ဆောင်မှုကို ယခုမှစ၍ အသုံးပြုနိုင်ပြီဖြစ်ပါသည်။ 

■ New Cash Account အကြောင်း ပိုမိုသိရှိရန်  – https://bit.ly/3vrIU44 
■ ပြည်ပမှ ငွေလွှဲဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိရန် – https://bit.ly/3y227en
■ ထပ်မံ သိရှိလိုသော အကြောင်းအရာများကို www.kbzbank.com သို့ 09951018555 သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။