၂၀၂၂ မေလကုန်အထိ KBZ အကောင့်အချင်းချင်း ငွေလွှဲပေးပို့မှုတိုင်းအတွက် အခမဲ့

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် အသုံးပြုသူ customer များ

ကမ္ဘောဇဘဏ် Online Banking အသုံးပြုသူ customer များအတွက် ငွေလွှဲဝန်ဆောင်မှုများ ပြုလုပ်ရာတွင် အဆင်ပြေချောမွေ့စေရန် ကမ္ဘောဇဘဏ်အနေဖြင့် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်ပြီး KBZ mBanking နှင့် iBanking တို့မှတစ်ဆင့် ငွေလွှဲခ “ အခမဲ့” အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ပြီးဖြစ်ပါသည်။ ယခုဆက်လက်ပြီး ဤအစီအစဉ်ကို ၂၀၂၂ ခုနှစ် မေလကုန်အထိ ဆက်လက်တိုးမြှင့်ပေးထားသောကြောင့် ကမ္ဘောဇဘဏ်အကောင့်အချင်းချင်း (မြန်မာကျပ်ငွေ) အတွက် KBZ mBanking နှင့် iBanking မှ ငွေလွှဲမှုများကို မေလတစ်လလုံး အခမဲ့ဖြင့် ဆက်လက်လုပ်ဆောင်သွားနိုင်မည် ဖြစ်ပါသည်။