ATM ကတ်ဖြင့် KBZ Mobile Banking အကောင့် လျှောက်ထားပြီး ဆုကြေးငွေများ ရယူနိုင်မည့် အခွင့်အရေး အစီအစဉ်၏ မေးလေ့မေးထရှိသော မေးခွန်းများ

ATM Self-registration Campaign က ဘယ်အချိန်အတွင်း အကျုံးဝင်တာလဲ။

၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့မှ မေလ ၃၁ ရက်အတွင်း အကျုံးဝင်မှာ ဖြစ်ပါတယ်။

ATM Self-registration Campaign မှာ ဘယ်သူတွေ ပါဝင်ခွင့်ရှိမလဲ။

မေလအတွင်း ATM Self-registration မှတဆင့် KBZ Mobile Banking account လျှောက်ထားသူအားလုံး ပါဝင်နိုင်ပါတယ်။

ATM Self-registration က ဘယ်လို Campaign မျိုးလဲ။

မေလအတွင်း ATM Self-registration မှတဆင့် KBZ Mobile Banking account လျှောက်ထားသူများထဲမှ ကံထူးရှင်များအား ရွေးချယ်၍ ဆုငွေ ၅၀၀ကျပ်မှစတင်ပြီး ကျပ်တစ်သိန်းထိ ဆုငွေများ ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

ကံထူးသူကို ဘယ်လို‌ရွေးချယ်ပေးမှာလဲ။

မေလအတွင်း ATM Self-registration မှတဆင့် KBZ Mobile Banking account လျှောက်ထားသော customer များအနက်မှ ကံထူးသူများကို ကျပန်းအနေနှင့် ရွေးချယ်ပေးသွားမည် ဖြစ်ပါသည်။

အကယ်၍ ဆုငွေများ ကံထူးခဲ့ပါက ဘယ်အချိန်မှာ ဆုငွေတွေ ရရှိမှာလဲ။

Campaign ကာလပြီးသည့်နောက် ၁ပတ်အတွင်း(ဇွန်လ ပထမပတ်အတွင်း) ဆုငွေများကို မိမိဖွင့်လှစ်ခဲ့သည့် ကမ္ဘောဇဘဏ်အကောင့်အတွင်းသို့ ထည့်သွင်းပေးသွားပါမည်။

ဆုငွေရရှိကြောင်း ဘယ်လိုသိရှိနိုင်မလဲ။

ဇွန်လ ပထမပတ်အတွင်း ဆုငွေရရှိသူစာရင်းအား KBZ Bank Viber Community Channel  နှင့်နှင့် KBZ Bank Website  တွင် ကြေငြာပေးသွားမည်ဖြစ်ပြီး ဆုငွေဖြည့်သွင်းပြီးပါက SMS မှတဆင့် အကြောင်းကြားပေးသွားပါမည်။ မိမိဘဏ်အကောင့်ထဲသို့ ဆုငွေရရှိခြင်းရှိ၊ မရှိ Mobile Banking app ရှိ Account History တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။