ATM ကတ်ဖြင့် KBZ Mobile Banking အကောင့် လျှောက်ထားပြီး ဆုကြေးငွေများ ရယူနိုင်မည့် အခွင့်အရေး အစီစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ KBZ Mobile Banking ATM Self-registration Campaign သည် ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ဖြစ်ပါသည်။

၂။ KBZ Mobile Banking ATM Self-registration Campaign ၏ ရည်ရွယ်ချက်မှာ KBZ Mobile Banking account အသစ် လျှောက်ထားသော customer များ အတွက် ကျေးဇူးတုံ့ပြန်သောအားဖြင့် ငွေသားလက်ဆောင်များ ပြန်လည်ထည့်သွင်းပေးခြင်း ဖြစ်ပါသည်။

၃။ ဤအစီအစဉ်၌ မေလအတွင်း KBZ Mobile Banking account လျှောက်ထားမှုအောင်မြင်သူ အားလုံးအတွက် အကျုံးဝင်ပါသည်။ 

၄။ ၂၀၂၂ခုနှစ် မေလ ၁ ရက်နေ့မှ ၃၁ရက်နေ့အတွင်း ATM Self-registration မှတဆင့် KBZ Mobile Banking account အား အောင်မြင်စွာလျှောက်ထားနိုင်သော customer များအနေဖြင့် အနည်းဆုံး ၅၀၀ ကျပ်မှစ၍ အများဆုံး ၁သိန်းကျပ်အထိ ငွေသားလက်ဆောင်များ ရရှိနိုင်မည် ဖြစ်ပါသည်။

၅။ မေလအတွင်း ATM Self-registration မှတဆင့် KBZ Mobile Banking account အား အောင်မြင်စွာ လျှောက်ထားနိုင်သော customer များအနက်မှ ကံထူးသူများကို ကျပန်းအနေနှင့်  ရွေးချယ်ပေးသွားမည် ဖြစ်ပါသည်။

၆။ ကံထူးသူများကို ကမ္ဘောဇဘဏ်၏ တရားဝင်စာမျက်နှာများမှတဆင့် ၂၀၂၂ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ကြေငြာပေးသွားမည်ဖြစ်ပြီး Campaign  ကာလပြီးသည့်နောက် အလုပ်လုပ်ရက် တစ်ပတ်အတွင်း(ဇွန်လ ပထမပတ်အတွင်း) ဆုငွေများကို ကံထူးသူများ၏ KBZ Mobile banking account သို့ ထည့်သွင်းပေးသွားပါမည်။ 

၇။ ကံထူးသူများအား ဆုငွေထည့်သွင်းပေးပြီးနောက် SMS မှတဆင့်လည်း အကြောင်းကြားပေးသွားပါမည်။

၈။ ဤ Campaign ကာလအတွင်းသာလျှင် ကမ္ဘောဇဘဏ် Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။

၉။ ဤ Campaign နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ် Customer များ နှင့် ကမ္ဘောဇဘဏ် တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ် ၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ Customer ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၀။ ကမ္ဘောဇဘဏ်အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် Customer အနေဖြင့် လျော်ကြေးတစ်စုံတစ်ရာရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၁။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့် Campaign အစီအစဉ်နှင့် ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၂။ ယခုအစီအစဉ်ကို ပါဝင်သူများသည် ကမ္ဘောဇဘဏ် ငွေလွှဲဝန်ဆောင်မှု၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များကိုလဲ လိုက်နာရမည် ဖြစ်ပါသည်။ ဤစည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၃။ ကမ္ဘောဇဘဏ်သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ်အနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၁၄။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များသာလျှင် အတည်ဖြစ်သည်။

၁၅။  ဤ Campaign အစီအစဥ်နှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက KBZ Call Center ဖုန်းနံပါတ် 09951018555 သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။