Announcements

မြန်မာတစ်နိုင်ငံလုံးရှိကမ္ဘောဇဘဏ်ခွဲများ၌ QuickPay ဝန်ဆောင်မှုအား ဆောင်ရွက်ပေးနေပါပြီ

မြန်မာတစ်နိုင်ငံလုံးရှိကမ္ဘောဇဘဏ်ခွဲများ၌ QuickPay ဝန်ဆောင်မှုအား ဆောင်ရွက်ပေးနေပါပြီ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်၏ QuickPay သုံးစွဲသူများ ကမ္ဘောဇဘဏ်၏ QuickPay ဝန်ဆောင်မှုအား အစဥ်သုံးစွဲပေးကြသော ကုန်သည်ကြီးများနှင့် Customer များ အတွက် တနင်္လာမှ သောကြာ မနက် ၁၀နာရီမှ နေ့လည် ၁ နာရီအတွင်း ကမ္ဘောဇဘဏ်ခွဲများ၌ QuickPay ဝန်ဆောင်မှုအား appointment ယူရန်မလိုဘဲ ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း လေးစားစွာ အကြောင်းကြားအပ်ပါသည်။ Customer များအနေနှင့် “ငွေသား (သို့) ချက်လက်မှတ်ကိုအသုံးပြု၍ ငွေပေးသွင်းခြင်းဖြင့်” မိမိတို့ ကုမ္ပဏီ၏ ငွေအရင်းအမြစ်များကို လွယ်ကူထိရောက်စွာ စီမံနိုင်မည်ဖြစ်သည်။  ကမ္ဘောဇဘဏ်၏ QuickPay ဝန်ဆောင်မှုကို အသုံးပြုခြင်းအတွက် ကျေးဇူးတင်ရှိပါသည်။
ရန်ကုန်မြို့ရှိ customer များအတွက်ချက်လက်မှတ်စာအုပ် အမြန်တောင်းခံ ထုတ်ယူနိုင်မည့် စင်တာ

ရန်ကုန်မြို့ရှိ customer များအတွက်ချက်လက်မှတ်စာအုပ် အမြန်တောင်းခံ ထုတ်ယူနိုင်မည့် စင်တာ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ customer များ မေလ (၁၇) ရက် မှစ၍ ရန်ကုန်မြို့ရှိ customer များအနေဖြင့် ချက်လက်မှတ်စာအုပ် အမြန်တောင်းခံထုတ်ယူနိုင်မည့်ဝန်ဆောင်မှုအသစ်ဖြင့် ချက်စာအုပ်များရယူနိုင်ပြီဖြစ်ပါသည်။ ချက်လက်မှတ်စာအုပ် အမြန်တောင်းခံထုတ်ယူနိုင်မည့် ဝန်ဆောင်မှုအသစ်အတွက် KBZPay ရှိ "ချက်လက်မှတ်စာအုပ် အမြန်တောင်းခံထုတ်ယူခြင်း" မှတစ်ဆင့် appointment ရယူကာ တောင်းခံနိုင်ပြီး ချက်စာအုပ်အသစ်အား customer များအား ချက်ချင်းထုတ်ပေးသွားမည်ဖြစ်ပါသည်။ ချက်လက်မှတ်စာအုပ် အမြန်တောင်းခံထုတ်ယူခြင်း တည်နေရာနှင့် အချိန် KBZPay စင်တာ : ၅လွှာ ဘဏ်ဖွင့်ချိန် : နံနက် ၉ နာရီ - နေ့လည် ၃:၃၀ နာရီ တိုက် အေ (၁)၊ ၅ လွှာ၊ မင်းရဲကျော်စွာ...
မေလအတွက်  ငွေစုဘဏ်အပ်ငွေစာရင်း၏ အပ်ငွေကာလအား တိုးမြှင့်ပေးခြင်း

မေလအတွက် ငွေစုဘဏ်အပ်ငွေစာရင်း၏ အပ်ငွေကာလအား တိုးမြှင့်ပေးခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ  ၂၀၂၁ခုနှစ်၊ ဧပြီလ ၂၇ရက် နေ့ပါ ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ  အများပြည်သူရုံးပိတ်ရက်များဖြစ်သည့် ဧပြီလ ၃၀ရက်နေ့ မှ မေလ ၂ရက်နေ့အထိအား အစားထိုးပေးသည့်အနေဖြင့် ကမ္ဘောဇဘဏ် ငွေစုဘဏ်အပ်ငွေစာရင်း၏ အပ်ငွေများကို  မေလ ၇ ရက်အထိ အပ်နှံနိုင်ပြီဖြစ်ပါသည်။ မေလ ၇ ရက်နေ့အထိ ငွေစုဘဏ်အပ်ငွေစာရင်းသို့အပ်ငွေများသည် မေလအတွက် အတိုးနှုန်းတွက်ချက်ရာတွင် အကျုံးဝင်မည်ဖြစ်ပါသည်။ ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို KBZ iBanking/mBanking၊ KBZPay၊ မြန်မာနိုင်ငံ၏ ကွန်ရက်အကျယ်ပြန့်ဆုံးဖြစ်သည့် ဘဏ်ခွဲများနှင့် ATM များမှတဆင့် ဘဏ္ဍာရေး စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်ကြောင်းလည်း အကြောင်းကြားအပ်ပါသည်။  လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
KBZ i/mBanking နှင့် KBZPay များကို MPT၊ Telenor ၊ Ooredoo နှင့် Mytel မိုဘိုင်း        အင်တာနက်ဖြင့် အသုံးပြုနိုင်ပါပြီ

KBZ i/mBanking နှင့် KBZPay များကို MPT၊ Telenor ၊ Ooredoo နှင့် Mytel မိုဘိုင်း အင်တာနက်ဖြင့် အသုံးပြုနိုင်ပါပြီ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ  ကမ္ဘောဇဘဏ်သုံးစွဲသူ customer များအနေဖြင့် KBZ iBanking၊ KBZ mBanking နှင့် KBZPay တို့ကို MPT၊ Telenor, Ooredoo and Mytel မိုဘိုင်းအင်တာနက်ဖြင့် အချိန်နေရာမရွေးအသုံးပြုနိုင်ပြီဖြစ်​ကြောင်း ​လေးစားစွာအ​ကြောင်းကြားအပ်ပါသည်။ Login ဝင်​ရောက်သည့်အခါတွင် WiFi နှင့် VPN ပိတ်ထားပြီး အသုံးပြုရန် အကြုံပြုလိုပါသည်။ KBZ Online Banking (i/mBanking) ကိုအသုံးပြု၍  ​ငွေလွှဲခြင်း၊ ​ဘေလ်​ပေး​ဆောင်ခြင်း၊ နှင့် အ​ကောင့်​လက်ကျန်ငွေ စစ်​ဆေးခြင်းတို့ကို ဘဏ်ခွဲများသို့ သွား​​ရောက်စရာမလိုဘဲ လွယ်ကူစွာ လုပ်​ဆောင်နိုင်ပါသည်။ KBZPay အားအသုံးပြု၍ အချင်းချင်း ငွေလွှဲခြင်း(အခမဲ့) ၊ ဖုန်းငွေဖြည့်ခြင်း၊ KBZ ATM...
မြန်မာတစ်နိုင်ငံလုံးရှိ ဖွင့်လှစ်ထားမည့် ကမ္ဘောဇဘဏ်ခွဲများနှင့် ရရှိနိုင်သော ဝန်ဆောင်မှုများ

မြန်မာတစ်နိုင်ငံလုံးရှိ ဖွင့်လှစ်ထားမည့် ကမ္ဘောဇဘဏ်ခွဲများနှင့် ရရှိနိုင်သော ဝန်ဆောင်မှုများ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်အသုံးပြုသူ customer များ ကမ္ဘောဇဘဏ်အနေဖြင့် Customer များ၏ ဘဏ်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အစဉ်ကြိုးပမ်းလျက်ရှိပါသည်။ Customer များအနေဖြင့် ငွေကြေးစီမံခန့်ခွဲမှုများ ပြုလုပ်နိုင်ရန် ကမ္ဘောဇဘဏ်၏ ဝန်ဆောင်မှုများကို ဖွင့်လှစ်ထားသော ဘဏ်ခွဲများနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုများဖြစ်သော mBanking/iBanking တို့တွင် လုပ်ဆောင်နိုင်ပါသည်။ ဖွင့်လှစ်ထားသော ဘဏ်ခွဲများစာရင်းကို အောက်ပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။ Self-services စနစ်ဖြင့် ရယူနိုင်သောဝန်ဆောင်မှုများ   ၂၁ ရက် အောက်တိုဘာလ ၊ ၂၀၂၅ ခုနစ် - မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဖွင့်လှစ်ထားရှိသော ဘဏ်ခွဲများ YangonMandalayNaypyidawAyeyarwaddyBagoChinKachinKayahKayinMagwayMonRakhineSagaingShanTanintharyi ကမ္ဘောဇဘဏ်အနေဖြင့် customer များ ငွေသားထုတ်ယူရာတွင် အဆင်ပြေလွယ်ကူမှုရှိစေရန် သတ်မှတ်ထားသော ATM များ၌...
သင်္ကြန်ကာလ ဘဏ်ပိတ်ရက်များ ကြေငြာခြင်း

သင်္ကြန်ကာလ ဘဏ်ပိတ်ရက်များ ကြေငြာခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ မြန်မာနိုင်ငံရှိ ငွေသွင်းစင်တာအပါအဝင် အခြားကမ္ဘောဇဘဏ်ခွဲများအားလုံး ကို ဧပြီလ ၁၃ ရက်နေ့ မှ ၁၉ ရက်နေ့အထိ သင်္ကြန်ပိတ်ရက်များအတွင်း  ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။  ဘဏ်ပိတ်ရက်အတွင်း ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို KBZPay၊ KBZ iBanking/mBanking နှင့် ATM များမှတဆင့် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လေးစားစွာအကြောင်းကြားအပ်ပါသည်။  လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
ရန်ကုန်မြို့ရှိ customer များအတွက် သီးသန့် ငွေသွင်းစင်တာ စတင်ဖွင့်လှစ်

ရန်ကုန်မြို့ရှိ customer များအတွက် သီးသန့် ငွေသွင်းစင်တာ စတင်ဖွင့်လှစ်

ရန်ကုန်မြို့ရှိ customer များအနေဖြင့် ငွေသွင်းဝန်ဆောင်မှုများ ရယူလိုပါက သီးသန့်ဖွင့်လှစ်ထားသော ငွေသွင်းစင်တာသို့ သွားရောက်ဝန်ဆောင်မှု ရယူနိုင်ပြီဖြစ်ပါသည်။  ရယူနိုင်သော ငွေသွင်းဝန်ဆောင်မှုများမှာ  ၁။ မြန်မာကျပ်ငွေ နှင့် အမေရိကန်ဒေါ်လာ ငွေသွင်း ၂။ ချက်လက်မှတ် သွင်းခြင်း ၃။ QuickPay ပေးဆောင်ခြင်း နှင့် ၄။ KBZPayသို့ ငွေသွင်းခြင်း စသည့်တို့ ဖြစ်ပါသည်။  ရန်ကုန်မြို့တွင် လာမည့်ရက်များအတွင်း ငွေသွင်းစင်တာများထပ်မံဖွင့်လှစ်သွားမည်ဖြစ်ပါသည်။  ဝန်ဆောင်မှုရယူရန် ကြိုတင်စာရင်းပေးသွင်းလိုပါက အပြာရောင် KBZPay အက်ပလီကေးရှင်း၏ Branch Appointment မှတဆင့်သော်လည်းကောင်း၊ Customer Service team ၏ ဖုန်းနံပါတ် ၀၉-၉၅၁၀၁၈၅၅၅ သို့လည်းကောင်း ဆက်သွယ်နိုင်ပါသည်။  ငွေသွင်းစင်တာများအကြောင်း သိရှိလိုပါက Customer...
ဘဏ်ပိတ်ရက်ကြေငြာခြင်း

ဘဏ်ပိတ်ရက်ကြေငြာခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ ၂၀၂၁ခုနှစ်၊ ဧပြီလ ၁ ရက်နေ့အား ဘဏ္ဍာရေးနှစ်ချုပ်စာရင်းပိတ်လုပ်ငန်း ဆောင်ရွက်ရန်အတွက် ကမ္ဘောဇဘဏ်ခွဲများအား ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။  ဘဏ်ပိတ်ရက်အတွင်း ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို KBZPay၊ KBZ iBanking/mBanking နှင့် ATM များမှတဆင့် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လေးစားစွာအကြောင်းကြားအပ်ပါသည်။  လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
ရုံးပိတ်ရက်အတွင်း ဘဏ်ခွဲများပိတ်ထားမည်ဖြစ်ကြောင်း အသိပေးခြင်း

ရုံးပိတ်ရက်အတွင်း ဘဏ်ခွဲများပိတ်ထားမည်ဖြစ်ကြောင်း အသိပေးခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ  မြန်မာတစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲများအားလုံးကို ရုံးပိတ်ရက်များဖြစ်သော မတ်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့ (သောကြာနေ့မှ တနင်္လာနေ့) အထိ ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ Customer များအနေဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအတွက်  ကမ္ဘောဇဘဏ် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများဖြစ်သော KBZPay၊ KBZ iBanking နှင့် mBanking များအသုံးပြုခြင်းဖြင့် ဘဏ်ခွဲများသို့ လာရောက်ရန် မလိုအပ်ပဲ ဘဏ္ဍာရေး စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်မှာ ဖြစ်ပါသည်။  မတ်လ ၃၀ ရက်နေ့ (အင်္ဂါနေ့) တွင် ဖွင့်လှစ်သွားမည့် ဘဏ်ခွဲစာရင်းများကို ကမ္ဘောဇဘဏ် website တွင် ကြည့်ရှုနိုင်ပါသည်။  လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
List of How to Videos

List of How to Videos

KBZ Bank အသုံးပြုသူများအတွက် KBZ Bank မှ ဝန်ဆောင်မှုများနှင့် လုပ်ဆောင်ချက်များ၏ အသုံးပြုနည်းများကို အောက်ပါလင့်ခ်များမှတဆင့်ကြည့်ရှုနိုင်ပါသည်။ https://www.youtube.com/watch?v=ABgE_MnJQns&list=PLATUDBq-zzIFlnaiSNF-jeBrK7aStY-Uq KBZ mBankingမှ အကောင့် History ကို စစ်ဆေးပုံအဆင့်ဆင့် https://www.youtube.com/watch?v=7Lm1fak7tCg&list=PLATUDBq-zzIFlnaiSNF-jeBrK7aStY-Uq&index=2 ငွေလွှဲနှင့် အခြားဝန်ဆောင်မှုနှုန်းထားများ၏ ကန့်သတ်ချက်များကို KBZ mBankingတွင် ကြည့်ရှုနိုင်ပုံအဆင့်ဆင့် https://www.youtube.com/watch?v=-2n_PYUpl00&list=PLATUDBq-zzIFlnaiSNF-jeBrK7aStY-Uq&index=3 KBZ mBanking မှ Bank Statement ထုတ်ယူပုံ အဆင့်ဆင့် https://www.youtube.com/watch?v=OYdqIRSt5JU&list=PLATUDBq-zzIFlnaiSNF-jeBrK7aStY-Uq&index=4 KBZ mBanking မှ Card Registration ပြုလုပ်ပုံ နှင့် Credit Card အတွက် ငွေပေးသွင်းပုံအဆင့်ဆင့် https://www.youtube.com/watch?v=tESHIjyDKIU&list=PLATUDBq-zzIFlnaiSNF-jeBrK7aStY-Uq&index=5 KBZ mBanking ကို ATM ကတ်အသုံးပြုပြီး...
ဖေ‌ဖော်ဝါရီ 18, 2021ဇွန် 1, 2021 In Announcements