လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ 

မြန်မာတစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲများအားလုံးကို ရုံးပိတ်ရက်များဖြစ်သော မတ်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့ (သောကြာနေ့မှ တနင်္လာနေ့) အထိ ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ Customer များအနေဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအတွက်  ကမ္ဘောဇဘဏ် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများဖြစ်သော KBZPay၊ KBZ iBanking နှင့် mBanking များအသုံးပြုခြင်းဖြင့် ဘဏ်ခွဲများသို့ လာရောက်ရန် မလိုအပ်ပဲ ဘဏ္ဍာရေး စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်မှာ ဖြစ်ပါသည်။ 

မတ်လ ၃၀ ရက်နေ့ (အင်္ဂါနေ့) တွင် ဖွင့်လှစ်သွားမည့် ဘဏ်ခွဲစာရင်းများကို ကမ္ဘောဇဘဏ် website တွင် ကြည့်ရှုနိုင်ပါသည်။ 

လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။