Announcements

သတ်မှတ်ထားသော မြို့ကြီးများရှိ KBZ ATM များတွင် ငွေသားထုတ်ယူနိုင်ပါပြီ

သတ်မှတ်ထားသော မြို့ကြီးများရှိ KBZ ATM များတွင် ငွေသားထုတ်ယူနိုင်ပါပြီ

ကမ္ဘောဇဘဏ်အနေဖြင့် Customer များ၏ ဘဏ်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အစဉ်ကြိုးပမ်းလျက်ရှိရာ ဇွန်လ ၉ ရက်နေ့ ၂၀၂၂ ခုနှစ်မှစတင်ပြီး သတ်မှတ်ထားသော ATM များ၌ ငွေသားထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလိုက်ပြီ ဖြစ်ပါသည်။ 
နိုဝင်ဘာ 24, 2022နိုဝင်ဘာ 24, 2023 In Announcements
USD ဘဏ်စာရင်းအချင်းချင်း လစာငွေလွှဲပြောင်းပေးနိုင်သည့် ကမ္ဘောဇဘဏ်၏ USD Payroll ဝန်ဆောင်မှု

USD ဘဏ်စာရင်းအချင်းချင်း လစာငွေလွှဲပြောင်းပေးနိုင်သည့် ကမ္ဘောဇဘဏ်၏ USD Payroll ဝန်ဆောင်မှု

သင်္ဘောသားအလုပ်အကိုင် အေဂျင်စီ နှင့် အေးဂျင့်များအနေဖြင့် မိမိတို့နှင့် လက်တွဲလုပ်ကိုင်နေသော  နိုင်ငံခြားရောက် မြန်မာနိုင်ငံသားအလုပ်သမားလစာများကို USD ဖြင့် ပေးအပ်ရာတွင် အဆင်ပြေလွယ်ကူစေရန် ကမ္ဘောဇဘဏ်၏ USD Payroll ဝန်ဆောင်မှုကို ရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
နိုဝင်ဘာ 21, 2022ဇွန် 11, 2025 In Announcements
အမျိုးသားနေ့ ဘဏ်ပိတ်ရက် ကြေညာခြင်း

အမျိုးသားနေ့ ဘဏ်ပိတ်ရက် ကြေညာခြင်း

၂၀၂၂ ခုနှစ် နိုဝင်ဘာလ  ၁၇ ရက်နေ့သည် အများပြည်သူရုံးပိတ်ရက် အမျိုးသားနေ့ဖြစ်ပါသောကြောင့် ကမ္ဘောဇဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ပြီး  ငွေကြေးဆိုင်ရာကိစ္စရပ်များကို  KBZ Online Banking (mBanking၊ iBanking) နှင့်  KBZPay များမှတစ်ဆင့် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
နိုဝင်ဘာ 16, 2022ဇွန် 11, 2025 In Announcements
တန်ဆောင်တိုင်ဘဏ်ပိတ်ရက်ကြေညာခြင်း

တန်ဆောင်တိုင်ဘဏ်ပိတ်ရက်ကြေညာခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် customer များ (၂၀၂၂) ခုနှစ် နိုဝင်ဘာလ (၇)  ရက်နေ့သည် တန်ဆောင်တိုင်ရုံးပိတ်ရက် ဘဏ်ပိတ်ရက်ဖြစ်ပါသောကြောင့် ကမ္ဘောဇဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ ဘဏ်ခွဲများပိတ်ထားသော်လည်း ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို   KBZ Online Banking (mBanking ၊ iBanking) နှင့်  KBZPay  တို့မှတစ်ဆင့် အချိန်မရွေး ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လေးစားစွာ အကြောင်းကြားအပ်ပါသည်။ လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
နိုဝင်ဘာ 4, 2022ဇွန် 11, 2025 In Announcements
ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ လုပ်ခလစာလွှဲပြောင်းခြင်းအတွက် ကမ္ဘောဇဘဏ်မှ အကောင်းဆုံး ငွေလွှဲနှုန်းအပြင် နိုင်ငံတော်မှ အပိုဆောင်းငွေထည့်သွင်းပေးခြင်း

ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ လုပ်ခလစာလွှဲပြောင်းခြင်းအတွက် ကမ္ဘောဇဘဏ်မှ အကောင်းဆုံး ငွေလွှဲနှုန်းအပြင် နိုင်ငံတော်မှ အပိုဆောင်းငွေထည့်သွင်းပေးခြင်း

 ပြည်ပတွင်အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ သ‌င်္ဘောသားလစာ (သို့) အခြားသောလုပ်ခလစာငွေများကို မြန်မာနိုင်ငံရှိ မိသားစုဝင်များထံသို့ လွှဲပို့ရာတွင် အမေရိကန် ၁ ဒေါ်လာ သို့မဟုတ် ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေအပေါ်  ကမ္ဘောဇဘဏ်မှ အကောင်းဆုံး ငွေလွှဲနှုန်း နှင့် နိုင်ငံတော်မှ အပိုဆောင်းငွေ ၃၀ ကျပ်အား ငွေလွှဲထုတ်ယူသည့်အခါတွင် ယနေ့မှစ၍ ထပ်မံထည့်သွင်းပေးမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။  ငွေလွှဲထုတ်ယူရာတွင်လည်း ကမ္ဘောဇဘဏ်ခွဲများတွင် ရက်ချိန်းယူစရာမလိုဘဲ အကန့်အသတ်မရှိ ငွေသားပြန်လည်ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ ကမ္ဘောဇဘဏ်၏ နိုင်ငံခြားငွေလွှဲဝန်ဆောင်မှုများ အကြောင်း အသေးစိတ်သိရှိလိုပါက KBZ Bank Call Center: 09-951018555 (သို့) Worker Remittance Team: 09-443211683 သို့ လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
နိုဝင်ဘာ 1, 2022ဇွန် 11, 2025 In Announcements
တုန့်ပြန်ကျေးဇူး အတိုးနှုန်းအထူး

တုန့်ပြန်ကျေးဇူး အတိုးနှုန်းအထူး

ကမ္ဘောဇဘဏ်မှာ Cash Account Saving (Special Account) ဖွင့်လှစ်ထားပြီးဖြစ်တဲ့ customer များသာမက အကောင့်သစ်စတင်ဖွင့်လှစ်မယ့် customer များ အတွက် အတိုးနှုန်း ၈% ရရှိနိုင်မယ့် အထူးအစီအစဉ်အကြောင်း သတင်းကောင်းပါးချင်ပါတယ်။  ငွေစာရင်းအကောင့်-ငွေစုဘဏ်အပ်ငွေစာရင်း၏ ရရှိနိုင်သည့်အကျိုးကျေးဇူးများမှာ - တစ်နှစ်လျှင် အတိုးနှုန်း ၈% - အပ်နှံငွေ ၁၀,၀၀၀ ကျပ်မှစတင်ဖွင့်လှစ်နိုင်ခြင်း - ဒီဂျစ်တယ်နည်းလမ်းမှတစ်ဆင့် ငွေကြေး စီမံနိုင်စေသည့် mBanking အားအသုံးပြုနိုင်ခြင်း တို့ဖြစ်ပါတယ်။ အထူးအတိုးနှုန်းကို ခံစားခွင့်ရရှိနိုင်မယ့်ကာလကတော့ နိုဝင်ဘာလ ၁ရက်နေ့ မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိဖြစ်တဲ့အတွက် နိုဝင်ဘာလနှင့် ဒီဇင်ဘာလရဲ့ အမြင့်ဆုံးအတိုးနှုန်းကိုရယူနိုင်ဖို့ အခုပဲ လက်ရှိ Cash Account-Saving...
အောက်တိုဘာ 25, 2022နိုဝင်ဘာ 4, 2022 In Announcements
ဒီပါဝလီနေ့ ဘဏ်ပိတ်ရက်ကြေငြာခြင်း

ဒီပါဝလီနေ့ ဘဏ်ပိတ်ရက်ကြေငြာခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် customer များ (၂၀၂၂) ခုနှစ် အောက်တိုဘာလ (၂၄)  ရက်နေ့သည် ဒီပါဝလီနေ့ ဘဏ်ပိတ်ရက်ဖြစ်ပါသောကြောင့် ကမ္ဘောဇဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ ဘဏ်ခွဲများပိတ်ထားသော်လည်း ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို   KBZ Online Banking (mBanking ၊ iBanking) နှင့်  KBZPay  တို့မှတစ်ဆင့် အချိန်မရွေး ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လေးစားစွာ အကြောင်းကြားအပ်ပါသည်။ လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
အောက်တိုဘာ 21, 2022ဇွန် 11, 2025 In Announcements
တုန့်ပြန်ကျေးဇူး အတိုးနှုန်းအထူး 

တုန့်ပြန်ကျေးဇူး အတိုးနှုန်းအထူး 

အတိုးနှုန်း ၇.၅% အထိ ခံစားခွင့်ရရှိနိုင်မည့် Cash Account - Call နှင့် Ordinary Call  ကမ္ဘောဇဘဏ်၏ customer များ မြင့်မားသောအတိုးနှုန်းရယူခံစားနိုင်ရန် ငွေစာရင်းအကောင့် - ခေါ်ယူအပ်ငွေစာရင်း၏ အထူးအတိုးနှုန်းအား တစ်နှစ်လျှင် ၇.၅% အထိ တိုးမြှင့် သတ်မှတ်ပေးလိုက်ပါသည်။ အတိုးအား နေ့စဉ်လက်ကျန်ငွေပေါ်တွင် တွက်ချက်သည့် အတွက်လည်း လတစ်လ၏ မည်သည့်အချိန်တွင်မဆို အပ်နှံငွေထည့်သွင်းခြင်းဖြင့် အတိုးရယူခံစားနိုင်မှာဖြစ်ပါသည်။ ရယူခံစားနိုင်သော အထူးအတိုးနှုန်းများမှာ Cash Account- Call  အပ်နှံငွေ ကျပ် သိန်း ၅,၀၀၀ အောက် -  တစ်နှစ်လျှင်အတိုးနှုန်း ၆%အပ်နှံငွေ ကျပ် သိန်း ၅,၀၀၀ မှ ကျပ်...
အောက်တိုဘာ 8, 2022အောက်တိုဘာ 13, 2022 In Announcements
သီတင်းကျွတ် ရုံးပိတ်ရက်အား ဘဏ်ပိတ်ရက်အဖြစ်ကြေညာခြင်း

သီတင်းကျွတ် ရုံးပိတ်ရက်အား ဘဏ်ပိတ်ရက်အဖြစ်ကြေညာခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် customer များ ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့ သည် သီတင်းကျွတ်ရုံးပိတ်ရက် ဘဏ်ပိတ်ရက်ဖြစ်ပါသောကြောင့် ကမ္ဘောဇဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ ဘဏ်ခွဲများပိတ်ထားသော်လည်း ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို   KBZ Online Banking (mBanking ၊ iBanking) နှင့်  KBZPay  များမှတစ်ဆင့် အချိန်မရွေး ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လေးစားစွာ အကြောင်းကြားအပ်ပါသည်။ လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
အောက်တိုဘာ 7, 2022အောက်တိုဘာ 7, 2022 In Announcements
ရွှေရောင်းဝယ်သည့်လုပ်ငန်းများအတွက် ငွေပေးချေမှုအဆင်ပြေစေရန် Special Counter များ ဖွင့်လှစ်ခြင်း

ရွှေရောင်းဝယ်သည့်လုပ်ငန်းများအတွက် ငွေပေးချေမှုအဆင်ပြေစေရန် Special Counter များ ဖွင့်လှစ်ခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်အသုံးပြုသူ customer များ ရွှေရောင်းဝယ်သည့်လုပ်ငန်းများအတွက် ဘဏ်စနစ်အသုံးပြု၍ ငွေပေးချေမှုများအဆင်ပြေစေရန် Special Counter များဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးမည့် အကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ကမ္ဘောဇဘဏ်ရှိ Special Counter များတွင် ရယူနိုင်သော ဝန်‌ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ဘဏ်စာရင်းသစ်ဖွင့်လှစ်ပေးခြင်းပုံမှန်အပ်ငွေစာရင်းအချင်းချင်း စာရင်းပြောင်းပါက ငွေပမာဏအကန့်အသတ်မရှိဘဲ ဆောင်ရွက်ပေးခြင်းပုံမှန်အပ်ငွေစာရင်းမှ ငွေသားထုတ်ယူမည်ဆိုပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ပေးခြင်းငွေစာရင်းအကောင့်မှ ပုံမှန်အပ်ငွေစာရင်း သို့ စာရင်းပြောင်းပါက ငွေပမာဏအကန့်အသတ်မရှိဘဲ ဆောင်ရွက်ပေးခြင်းလိုအပ်ပါက ဘဏ်လုပ်ငန်းချိန် တိုးမြှင့်ဆောင်ရွက်ပေးခြင်းလုံခြုံစိတ်ချရသော ငွေသားသယ်ယူပို့ဆောင်မှုစနစ်ကို လိုအပ်ပါက ဆောင်ရွက်ပေးခြင်း  အထက်ပါဝန်ဆောင်မှုများရယူနိုင်သော Special Counter များရှိသည့် ဘဏ်ခွဲများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ YangonMandalayMawlamyaing
စက်တင်ဘာ 30, 2022စက်တင်ဘာ 30, 2022 In Announcements