Shop Easy, Pay Smart

မိမိတို့ရဲ့ နေ့စဉ်ဘဝအတွက်လိုအပ်တဲ့ တန်ဖိုးကြီးပစ္စည်းတွေကို အပူအပင်ကင်းစွာ ဝယ်ယူနိုင်မယ့် အရစ်ကျပေးချေမှု (Installment Payment Plan) ဖြစ်တဲ့ Smart Deal အစီအစဉ်ကို Customer များအတွက် စတင်မိတ်ဆက်ပေးလိုက်ပါပြီ။ 

Smart Deal နဲ့ဆိုရင် KBZ Credit Card တွေအသုံးပြုပြီး ဝယ်ယူထားတဲ့ ငွေပေးချေမှုများကို သက်သာသော အတိုးနှုန်းဖြင့် လစဉ်ပြန်လည်ပေးဆပ်မှုအဖြစ်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ Smart Deal ပြောင်းလဲအသုံးပြုရန် ရရှိနိုင်တဲ့ သတ်မှတ်ကာလ (Tenure) ကတော့ (၃) လ၊ (၆) လ၊ (၉) လ၊ (၁၂) လ တို့ဖြစ်ပါတယ်။ 

Smart Deal ကို  စတင်မိတ်ဆက်သောအနေဖြင့် အတိုးပေးစရာမလိုသော အထူးအစီအစဉ် (0 % Interest Campaign)

  1.  သတ်မှတ်ထားတဲ့ မိတ်ဖက်ဆိုင်တွေမှာ KBZ Credit Card များဖြင့် ၁၅၀,၀၀၀/- ကျပ်နှင့်အထက် ငွေပေးချေမှုတိုင်းအတွက် အတိုးနှုန်း 0 % ဖြင့် (၃) လ မှ (၆) လ အထိ အရစ်ကျ ပြန်လည်ပေးချေနိုင်ခြင်း။
  2. အစောဆုံးဝယ်ယူသူ Smart Deal Customer အယောက် (၁၀၀)  အတွက် လျှောက်ထားခ ပေးစရာမလိုတဲ့ Early Bird Promotion ရရှိနိုင်ခြင်း။
  3. (၆) လ Campaign ၏ ပထမ (၃) လ အတွင်းတွင် ငွေကျပ် ၅၀၀,၀၀၀/-နှင့်အထက် Smart Deal ဝန်ဆောင်မှုရယူထားသူများအတွက် ငွေသားကံစမ်းမဲများဖောက်ပေးသွားမည့်အစီအစဥ်တွင် ပါဝင်နိုင်ခြင်း။

အစီအစဉ်ကာလကတော့ ဖေဖော်ဝါရီလ ၁၀ ရက် မှ သြဂုတ်လ ၁၀ ရက် ၂၀၂၆ ခုနှစ်ထိ ဖြစ်ပြီး သတ်မှတ်ထားသောမိတ်ဖက်ဆိုင်များနှင့် အစီအစဉ်အသေးစိတ်ကို ဤလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Smart Deal ကို ဘယ်လိုလျှောက်ထားပြီးအသုံးပြုမလဲ?

  1. KBZ Credit Card များဖြင့် ၁၅၀,၀၀၀/- ကျပ် နှင့်အထက် ဝယ်ယူပေးချေမှုပြုလုပ်ပါ။
  2.  Smart Deal အဖြစ်ပြောင်းလဲရန် စာရွက်စာတမ်းမလိုဘဲ KBZ Call Center 09-951018555 (Ext-7) သို့ဆက်သွယ်ပါ။
  3. လျှောက်ထားလိုသော သတ်မှတ်ကာလ (Tenure) ကိုရွေးချယ်ပါ။
  4.  လစဉ်လတိုင်း Credit Card Statement တွင်ပါရှိသော အရစ်ကျပမာဏအတိုင်းပြန်လည်ပေးဆပ်ပါ။

 ဘာကြောင့် Smart Deal ကို ရွေးချယ်သင့်တာလဲ?

  1.  မိမိလိုအပ်သမျှကို ချက်ချင်းဝယ်ယူနိုင်ပြီး လစဉ်ပြန်လည်ပေးဆပ်မှုများကို တစ်လလျှင် အတိုးနှုန်း (၁) % ဖြင့် (၁၂) လအထိ ‌ရွေးချယ်နိုင်ခြင်း ။
  2. Smart Deal ဝန်ဆောင်မှုကို KBZ Credit Card များဖြင့် ငွေပေးချေမှုတိုင်းအတွက် အသုံးပြုနိုင်ခြင်း။
  3.  လစဉ်ပေးချေရမယ့် ငွေပမာဏကိုလည်း ရှင်းလင်းစွာ သိနိုင်ပြီးအသုံးစရိတ်များကို Smart ကျကျ စီမံခန့်ခွဲနိုင်ခြင်း။