မိမိတို့ရဲ့ နေ့စဉ်ဘဝအတွက်လိုအပ်တဲ့ တန်ဖိုးကြီးပစ္စည်းတွေကို အပူအပင်ကင်းစွာ ဝယ်ယူနိုင်မယ့် အရစ်ကျပေးချေမှု (Installment Payment Plan) ဖြစ်တဲ့ Smart Deal အစီအစဉ်ကို Customer များအတွက် စတင်မိတ်ဆက်ပေးလိုက်ပါပြီ။
Smart Deal နဲ့ဆိုရင် KBZ Credit Card တွေအသုံးပြုပြီး ဝယ်ယူထားတဲ့ ငွေပေးချေမှုများကို သက်သာသော အတိုးနှုန်းဖြင့် လစဉ်ပြန်လည်ပေးဆပ်မှုအဖြစ်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ Smart Deal ပြောင်းလဲအသုံးပြုရန် ရရှိနိုင်တဲ့ သတ်မှတ်ကာလ (Tenure) ကတော့ (၃) လ၊ (၆) လ၊ (၉) လ၊ (၁၂) လ တို့ဖြစ်ပါတယ်။
Smart Deal ကို စတင်မိတ်ဆက်သောအနေဖြင့် အတိုးပေးစရာမလိုသော အထူးအစီအစဉ် (0 % Interest Campaign)
- သတ်မှတ်ထားတဲ့ မိတ်ဖက်ဆိုင်တွေမှာ KBZ Credit Card များဖြင့် ၁၅၀,၀၀၀/- ကျပ်နှင့်အထက် ငွေပေးချေမှုတိုင်းအတွက် အတိုးနှုန်း 0 % ဖြင့် (၃) လ မှ (၆) လ အထိ အရစ်ကျ ပြန်လည်ပေးချေနိုင်ခြင်း။
- အစောဆုံးဝယ်ယူသူ Smart Deal Customer အယောက် (၁၀၀) အတွက် လျှောက်ထားခ ပေးစရာမလိုတဲ့ Early Bird Promotion ရရှိနိုင်ခြင်း။
- (၆) လ Campaign ၏ ပထမ (၃) လ အတွင်းတွင် ငွေကျပ် ၅၀၀,၀၀၀/-နှင့်အထက် Smart Deal ဝန်ဆောင်မှုရယူထားသူများအတွက် ငွေသားကံစမ်းမဲများဖောက်ပေးသွားမည့်အစီအစဥ်တွင် ပါဝင်နိုင်ခြင်း။
အစီအစဉ်ကာလကတော့ ဖေဖော်ဝါရီလ ၁၀ ရက် မှ သြဂုတ်လ ၁၀ ရက် ၂၀၂၆ ခုနှစ်ထိ ဖြစ်ပြီး သတ်မှတ်ထားသောမိတ်ဖက်ဆိုင်များနှင့် အစီအစဉ်အသေးစိတ်ကို ဤလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Smart Deal ကို ဘယ်လိုလျှောက်ထားပြီးအသုံးပြုမလဲ?
- KBZ Credit Card များဖြင့် ၁၅၀,၀၀၀/- ကျပ် နှင့်အထက် ဝယ်ယူပေးချေမှုပြုလုပ်ပါ။
- Smart Deal အဖြစ်ပြောင်းလဲရန် စာရွက်စာတမ်းမလိုဘဲ KBZ Call Center 09-951018555 (Ext-7) သို့ဆက်သွယ်ပါ။
- လျှောက်ထားလိုသော သတ်မှတ်ကာလ (Tenure) ကိုရွေးချယ်ပါ။
- လစဉ်လတိုင်း Credit Card Statement တွင်ပါရှိသော အရစ်ကျပမာဏအတိုင်းပြန်လည်ပေးဆပ်ပါ။
ဘာကြောင့် Smart Deal ကို ရွေးချယ်သင့်တာလဲ?
- မိမိလိုအပ်သမျှကို ချက်ချင်းဝယ်ယူနိုင်ပြီး လစဉ်ပြန်လည်ပေးဆပ်မှုများကို တစ်လလျှင် အတိုးနှုန်း (၁) % ဖြင့် (၁၂) လအထိ ရွေးချယ်နိုင်ခြင်း ။
- Smart Deal ဝန်ဆောင်မှုကို KBZ Credit Card များဖြင့် ငွေပေးချေမှုတိုင်းအတွက် အသုံးပြုနိုင်ခြင်း။
- လစဉ်ပေးချေရမယ့် ငွေပမာဏကိုလည်း ရှင်းလင်းစွာ သိနိုင်ပြီးအသုံးစရိတ်များကို Smart ကျကျ စီမံခန့်ခွဲနိုင်ခြင်း။