Smart Deal (Installment Payment Plan)

လွယ်ကူစွာဝယ် စမတ်ကျကျ ငွေရှင်းမယ်

Smart Deal – Installment Payment Plan နဲ့ဆိုရင် KBZ Credit Card တွေအသုံးပြုပြီး ဝယ်ယူထားတဲ့ ငွေပေးချေမှုများကို သက်သာသော တစ်လလျှင် အတိုးနှုန်း 1%ဖြင့် လစဉ်ပြန်လည်ပေးဆပ်မှုအဖြစ်ပြောင်းလဲနိုင်ပါတယ်။

Smart Deal ပြောင်းလဲအသုံးပြုရန် ရရှိနိုင်သော သတ်မှတ်ကာလ (Tenure)

⮚       ၃ လ

⮚       ၆ လ

⮚       ၉ လ 

⮚       ၁၂ လ

Smart Deal ကို ဘယ်လိုလျှောက်ထားပြီးအသုံးပြုမလဲ?

– KBZ Credit Card များဖြင့် ၁၅၀,၀၀၀/- ကျပ် နှင့်အထက် ဝယ်ယူပေးချေမှုပြုလုပ်ပါ။

– ၎င်းငွေပေးချေမှုများကို Smart Deal – Installment Payment Plan အဖြစ်ပြောင်းလဲရန် စာရွက်စာတမ်းမလိုဘဲ KBZ Call Center 09-951018555 (Ext-7) သို့ဆက်သွယ်ပါ။

(လစဉ်ပြန်လည်ပေးဆပ်ရမည့် Credit Card Statement မရောက်မီ ဆက်သွယ်၍ Smart Deal – Installment Payment Plan အဖြစ် လျှောက်ထားရန်။)

– လျှောက်ထားလိုသော အရစ်ကျပေးချေရမည့်ကာလ (Tenure) ကိုရွေးချယ်ပါ။

– လစဉ်လတိုင်း Credit Card Statement တွင်ပါရှိသော အရစ်ကျပမာဏအတိုင်းပြန်လည်ပေးဆပ်ပါ။

– Smart Deal Plan – Installment Payment Plan အကြောင်း အသေးစိတ် သိရှိလိုပါက Terms & Conditions ကို ဖတ်ရှုနိုင်ပါတယ် ။