“KBZ Online Banking အသုံးပြုသူအသစ်များအတွက် အထူးအစီအစဥ်” စည်းမျဥ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ

၁။ “KBZ  Online Banking အသုံးပြုသူများအတွက် အထူးအစီအစဉ်”ကာလသည် ၂၀၂၆ ခုနှစ်၊ မေလ (၇) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ မေလ (၃၁) ရက်နေ့အထိ သတ်မှတ်ထားပါသည်။

၂။ ဤ Campaign ၏ရည်ရွယ်ချက်မှာ KBZ Online Banking စတင်အသုံးပြုမည့် User များအတွက် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် Campaign ကာလအတွင်း အောက်ပါ အပိုဒ် (၃) တွင် ဖော်ပြထားသည့် သတ်မှတ်ထားသော transaction များကို KBZ Online Banking မှတစ်ဆင့် ပြုလုပ်ပါက ပြန်အမ်းငွေလက်ဆောင် ငွေကျပ်(၁၀,၀၀၀) တစ်သောင်းဆု (၁၀) ဆု၊ ငွေကျပ်ငါးသောင်း(၅၀,၀၀၀)ဆု (၂) ဆု၊ ငွေကျပ်တစ်သိန်း(၁၀၀,၀၀၀)ဆု (၁)ဆု တို့အား ကံစမ်းနိုင်မည့် အခွင့်အရေးရရှိစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ပေးခြင်း  ဖြစ်ပါသည်။ KBZ ဘဏ်မှ KBZ Online Banking In-app Notification Channel ဖြင့် တိုက်ရိုက်ဆက်သွယ်အကြောင်းကြားခြင်း ခံရသည့် ရွေးချယ်ထားသော KBZ Bank Online Bankingအသုံးပြုသူအသစ်များသာလျှင် ဤအစီအစဉ်အတွက်အကျုံးဝင်မည်ဖြစ်ပြီး ပါဝင်ခွင့်ရှိမည်ဖြစ်သည်။ 

၃။ ဤ Campaign ကာလအတွင်း Campaign တွင် အကျုံးဝင်သော KBZ Online Banking User များသည် KBZ Online Banking မှတစ်ဆင့် KBZ Bank account အချင်းချင်း ငွေလွှဲခြင်း (သို့မဟုတ်) ဘေလ်ပေးဆောင်ခြင်း (သို့မဟုတ်) QuickPay ပေးဆောင်ခြင်း (သို့မဟုတ်) ဖုန်းဘေလ်ဖြည့်ခြင်း (သို့မဟုတ်) ဒေတာပက်ကေ့ချ်ဝယ်ယူခြင်း (သို့မဟုတ်) Gift Card ဝယ်ယူခြင်း (သို့မဟုတ်) အခြားဘဏ်သို့ ငွေလွှဲခြင်း စသည့် သတ်မှတ်ထားသော transaction တစ်ခုခုအား လုပ်ဆောင်ပါကCampaignတွင် အလိုအလျောက် ပါဝင်ကံထူးခွင့်ရရှိမည် ဖြစ်ပါသည်။ Campaign တွင်အကျုံးဝင်သော KBZ Online Banking User များသည် KBZ Online Banking မှတစ်ဆင့် သတ်မှတ်ထားသော transaction အနည်းဆုံး (၁)ကြိမ် ပြုလုပ်လျှင် ‘Lucky Draw’ အခွင့်အရေး (၁) ကြိမ်ရရှိနိုင်မည်ဖြစ်ပြီး အပိုဒ် (၂) တွင် ဖော်ပြထားသော ပြန်အမ်းငွေလက်ဆောင် များအား ကံစမ်းနိုင်မည်ဖြစ်သည်။  ဤ Campaign ကာလအတွင်း KBZ Online Banking မှတဆင့် သတ်မှတ်ထားသော transaction ပြုလုပ်ရမည့် အကြိမ်အရေအတွက် နှင့် transaction ပြုလုပ်ရမည့် ငွေပမာဏ ကန့်သတ်ထားခြင်းမရှိပါ။

၄။ ဤ Campaign မှ   ပြန်အမ်းငွေဆုလက်ဆောင်ကံထူးရရှိသည့် ကံထူးသူများကို campaignကာလ ပြီးဆုံးသည့်နောက် ရုံးဖွင့်ရက် (၅)ရက်အတွင်း အပြာရောင်အမှန်ခြစ်ပါသော KBZ Bank Social Media Channel မှတဆင့် ကြေညာမည်ဖြစ်ပြီး  SMS မှ တဆင့် အသိပေးအကြောင်းကြားသွားမည်ဖြစ်သည်။ ဆုရရှိသည့် ကံထူးရှင်များအား အသိပေးကြေငြာပြီးသည့်နောက် သတ်မှတ်ရုံးဖွင့်ရက် (၁၀) ရက်အတွင်း ပြန်အမ်းငွေကို ကံထူးသူများ၏ သက်ဆိုင်ရာ KBZ Online Banking Account သို့ တိုက်ရိုက်ထည့်သွင်းပေးသွားပါမည်။ အစိုးရ ရုံးပိတ်ရက်များ  သို့မဟုတ် KBZ Bank မှ ထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ပြန်အမ်းငွေများအား ထည့်သွင်းပေးမည့်အချိန်နှင့် ကံထူးသူကို ကြေညာပေးသည့် အချိန်နေ့ရက်သည် အပြောင်းအလဲရှိနိုင်ပါသည်။ 

၅။ ပြန်အမ်းငွေများအား ကံထူးသူ၏သက်ဆိုင်ရာ KBZ Online Banking Account ထဲသို့ထည့်သွင်းပေးပြီးနောက် SMS မှတဆင့်လည်း ထပ်မံအသိပေးအကြောင်းကြား ပေးသွားပါမည်။

၆။ ဆုရရှိသည့် ကံထူးရှင်များကို Social Media များနှင့် website များတွင် ကြေညာရန်အလို့ငှာ  ဆုလက်ဆောင် ကံထူးရှင်များ၏ အမည်ကို ကမ္ဘောဇဘဏ်မှ အသုံးပြုနိုင်သည်ကို ဆုလက်ဆောင် ကံထူးရှင်များမှ သိရှိပြီး သဘောတူ ပါသည်။

၇။ ဤ Campaign ကာလအတွင်းသာလျှင် ကမ္ဘောဇဘဏ်  User များ အနေဖြင့် ဤစည်းမျဥ်း စည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလ ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။

၈။ ကမ္ဘောဇဘဏ် ဝန်ထမ်းများသည် ယခု Campaign တွင် ပါဝင်ရန် အကျုံးမဝင်ပါ။

၉။ ကမ္ဘောဇဘဏ်  ဝန်ထမ်းများသည် ဤ Campaign တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ OTP သို့မဟုတ် PIN နှင့် KBZ Bank Account အချက်အလက်များနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက် အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၀။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ် ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကို မဆို ကမ္ဘောဇဘဏ်  က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၁။ ဤ Campaign နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်  User များ နှင့် ကမ္ဘောဇဘဏ်  တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ်  ၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ User ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၂။ ကမ္ဘောဇဘဏ်  သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့် ပတ်သက်သော အကျိုးခံစား ခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင် ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၃။ ကမ္ဘောဇဘဏ် အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့်User အနေဖြင့် လျော်ကြေးတစ်စုံတစ်ရာရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၄။ ကမ္ဘောဇဘဏ်  ၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၅။ ဤစည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ် ဖွင့်ဆိုရမည်။

၁၆။ ကမ္ဘောဇဘဏ် သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ်  အနေဖြင့်  ထိန်းချုပ်၍ မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့် ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ် ပေါ်မူတည်၍ ပြောင်းလဲ ခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ကမ္ဘောဇဘဏ်  မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ကမ္ဘောဇဘဏ်  မှပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် ကမ္ဘောဇဘဏ်  အနေဖြင့် ကမ္ဘောဇဘဏ်  User အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေတာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေး သားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာ ဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

၁၈။ ဤ Campaign နှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက KBZ Bank Call Center ဖုန်းနံပါတ် 09951018555 သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။