ငွေသားအကန့်အသတ်မရှိထုတ်ယူဖို့ Krungthai Bank Web Application ကနေ ကမ္ဘောဇဘဏ်သို့ ငွေလွှဲလိုက်ပါ
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသော ရွှေ့ပြောင်းအလုပ်သမား မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံသို့ ငွေလွှဲလိုပါက Krungthai Bank ၏ web application မှတစ်ဆင့် ကမ္ဘောဇဘဏ်သို့ ငွေလွှဲခအခမဲ့ဖြင့် တိုက်ရိုက်ငွေလွှဲပေးပို့နိုင်ပြီဖြစ်ပါသည်။ ထိုင်းနိုင်ငံဘက်ရှိ ငွေလွှဲနိုင်မည့် နေရာများမှာ Eastern Economic Corridor(EEC) Area ရှိ Chonburi, Rayong, Chanthaburi, Trat နဲ့ Chachoengsao မြို့များဖြစ်ပါသည်။ ငွေလွှဲသည့်အချိန်တွင် Krungthai Bank web application (link: https://smartfx.krungthai.com/apg) မှတစ်ဆင့် ဝင်ရောက်ပြီး ငွေလွှဲလက်ခံမည့်ဘဏ်နေရာတွင် ကမ္ဘောဇဘဏ်ကို ရွေးချယ်ပေးရမည် ဖြစ်ပါသည်။ ကမ္ဘောဇဘဏ်မှ ငွေလွှဲထုတ်ယူရာတွင် အကန့်အသတ်မရှိငွေသားထုတ်ယူနိုင်ပြီးနိုင်ငံတော်မှ အပိုဆောင်းချီးမြှင့်ငွေ (၃၀) ကျပ်ကိုပါထပ်ဆောင်းရရှိနိုင်မည် ဖြစ်ပါသည်။...