Author: khinchanthar

Home / khinchanthar
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုတို့အား ‌ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာတိုးတက်အကောင်ထည်ဖော်ဆောင်ရွက်နေမှုများ နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဘဏ်များအသင်းမှ ထုတ်ပြန်ချက်

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုတို့အား ‌ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာတိုးတက်အကောင်ထည်ဖော်ဆောင်ရွက်နေမှုများ နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဘဏ်များအသင်းမှ ထုတ်ပြန်ချက်

မြန်မာနိုင်ငံဘဏ်များအသင်း၏ အသင်းဝင်ဘဏ်များအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ‌ငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေး (AML/CFT) ဆိုင်ရာ တိုးတက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဘဏ်များအသင်းမှ အသင်းဝင်ဘဏ်များအသီးသီးသို့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ (၁၃) ရက်နေ့တွင်  ထုတ်ပြန်ချက်တစ်ရပ်ကို ဖြန့်ဝေခဲ့ပါသည်။ ယင်းထုတ်ပြန်ချက်တွင် AML/CFT ဆိုင်ရာ တိုးတက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊AML/CFT ဆိုင်ရာဆပ်ကော်မတီအား ဖွဲ့စည်းခြင်း၊AML/CFT ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာနယ်ပယ်(၃)အကောင်အထည်ဖော်မှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ချက်များ၊ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU) သို့ သတင်းပေးပို့ချက်များပေးပို့ခြင်းနှင့် ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်ခြင်း၊AMl/CFT ဆိုင်ရာ အသိပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊လူအများအပြားသေကြေစေသော လက်နက် ပြန့်ပွားမှုကို ငွေကြေးထောက်ပံ့မှုနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်စေရန် အသိပညာပေးခြင်း စသည့်ကိစ္စရပ်များအား အသင်းဝင်ဘဏ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံဘဏ် များအသင်းမှ အသိပေးထုတ်ပြန်ခဲ့ပါသည်။ အသေးစိတ်ကြည့်ရှုရန်
“သီတင်းကျွတ်အထူးပရိုမိုးရှင်းအနေဖြင့် သတ်မှတ်ကာလအတွင်း Cash Account-Call နှင့် ပုံမှန်ခေါ်ယူအပ်ငွေစာရင်းများအတွက် အတိုးနှုန်းတိုးမြှင့်ပေးခြင်း” အစီအစဉ် စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ

“သီတင်းကျွတ်အထူးပရိုမိုးရှင်းအနေဖြင့် သတ်မှတ်ကာလအတွင်း Cash Account-Call နှင့် ပုံမှန်ခေါ်ယူအပ်ငွေစာရင်းများအတွက် အတိုးနှုန်းတိုးမြှင့်ပေးခြင်း” အစီအစဉ် စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ

၁။ ဤအစီအစဉ်ကာလသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၁ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့ထိ ဖြစ်ပါသည်။ (အများပြည်သူအလုပ်ပိတ်ရက်များ၊ ဘဏ်ပိတ်ရက်များနှင့် အစိုးရရုံးပိတ်ရက်များ မပါဝင်ပါ။) ၂။ ဤအစီအစဉ်​၏ ရည်ရွယ်ချက်မှာ အစီအစဉ်ကာလအတွင်း Cash Account-Call သို့မဟုတ် ပုံမှန်ခေါ်ယူအပ်ငွေစာရင်းအသစ်ဖွင့်လှစ်၍ ငွေအပ်နှံသော Customer များနှင့် အစီအစဉ်ကာလအတွင်း Cash Account-Call သို့မဟုတ် ပုံမှန်ခေါ်ယူအပ်ငွေစာရင်း များထဲသို့ ငွေအပ်နှံသည့် Existing Customer များအား အထူးအတိုးနှုန်းကို ရရှိခံစားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။  ၃။ ဤအစီအစဉ်ကာလအတွင်း Cash Account-Call သို့မဟုတ် ပုံမှန်ခေါ်ယူအပ်ငွေစာရင်းအသစ်ဖွင့်သော Customerများနှင့် Cash Account-Call...
MPT ရဲ့ “ဖုန်းဘေလ်များများဖြည့်ပြီး ဆုလက်ဆောင်များများ  ကံစမ်းပါ”အစီအစဉ် မှ ဖုန်းဘေလ် ကံထူးသွားသူများ

MPT ရဲ့ “ဖုန်းဘေလ်များများဖြည့်ပြီး ဆုလက်ဆောင်များများ ကံစမ်းပါ”အစီအစဉ် မှ ဖုန်းဘေလ် ကံထူးသွားသူများ

၂၃ ရက်နေ့မှ ၃၀ ရက်နေ့၊ စက်တင်ဘာလ ၂၀၂၂ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော MPT ရဲ့ “ဖုန်းဘေလ်များများဖြည့်ပြီး ဆုလက်ဆောင်များများ ကံစမ်းပါ”အစီအစဉ် မှ ဖုန်းဘေလ်ကံထူးသွားသူများ စာရင်းကို အောက်ပါဇယားတွင်ကြည့်ရှုနိုင်ပါတယ်။ 
တုန့်ပြန်ကျေးဇူး အတိုးနှုန်းအထူး 

တုန့်ပြန်ကျေးဇူး အတိုးနှုန်းအထူး 

အတိုးနှုန်း ၇.၅% အထိ ခံစားခွင့်ရရှိနိုင်မည့် Cash Account - Call နှင့် Ordinary Call  ကမ္ဘောဇဘဏ်၏ customer များ မြင့်မားသောအတိုးနှုန်းရယူခံစားနိုင်ရန် ငွေစာရင်းအကောင့် - ခေါ်ယူအပ်ငွေစာရင်း၏ အထူးအတိုးနှုန်းအား တစ်နှစ်လျှင် ၇.၅% အထိ တိုးမြှင့် သတ်မှတ်ပေးလိုက်ပါသည်။ အတိုးအား နေ့စဉ်လက်ကျန်ငွေပေါ်တွင် တွက်ချက်သည့် အတွက်လည်း လတစ်လ၏ မည်သည့်အချိန်တွင်မဆို အပ်နှံငွေထည့်သွင်းခြင်းဖြင့် အတိုးရယူခံစားနိုင်မှာဖြစ်ပါသည်။ ရယူခံစားနိုင်သော အထူးအတိုးနှုန်းများမှာ Cash Account- Call  အပ်နှံငွေ ကျပ် သိန်း ၅,၀၀၀ အောက် -  တစ်နှစ်လျှင်အတိုးနှုန်း ၆%အပ်နှံငွေ ကျပ် သိန်း ၅,၀၀၀ မှ ကျပ်...
သီတင်းကျွတ် ရုံးပိတ်ရက်အား ဘဏ်ပိတ်ရက်အဖြစ်ကြေညာခြင်း

သီတင်းကျွတ် ရုံးပိတ်ရက်အား ဘဏ်ပိတ်ရက်အဖြစ်ကြေညာခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် customer များ ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့ သည် သီတင်းကျွတ်ရုံးပိတ်ရက် ဘဏ်ပိတ်ရက်ဖြစ်ပါသောကြောင့် ကမ္ဘောဇဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ ဘဏ်ခွဲများပိတ်ထားသော်လည်း ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို   KBZ Online Banking (mBanking ၊ iBanking) နှင့်  KBZPay  များမှတစ်ဆင့် အချိန်မရွေး ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လေးစားစွာ အကြောင်းကြားအပ်ပါသည်။ လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
ရွှေရောင်းဝယ်သည့်လုပ်ငန်းများအတွက် ငွေပေးချေမှုအဆင်ပြေစေရန် Special Counter များ ဖွင့်လှစ်ခြင်း

ရွှေရောင်းဝယ်သည့်လုပ်ငန်းများအတွက် ငွေပေးချေမှုအဆင်ပြေစေရန် Special Counter များ ဖွင့်လှစ်ခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်အသုံးပြုသူ customer များ ရွှေရောင်းဝယ်သည့်လုပ်ငန်းများအတွက် ဘဏ်စနစ်အသုံးပြု၍ ငွေပေးချေမှုများအဆင်ပြေစေရန် Special Counter များဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးမည့် အကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ကမ္ဘောဇဘဏ်ရှိ Special Counter များတွင် ရယူနိုင်သော ဝန်‌ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ဘဏ်စာရင်းသစ်ဖွင့်လှစ်ပေးခြင်းပုံမှန်အပ်ငွေစာရင်းအချင်းချင်း စာရင်းပြောင်းပါက ငွေပမာဏအကန့်အသတ်မရှိဘဲ ဆောင်ရွက်ပေးခြင်းပုံမှန်အပ်ငွေစာရင်းမှ ငွေသားထုတ်ယူမည်ဆိုပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ပေးခြင်းငွေစာရင်းအကောင့်မှ ပုံမှန်အပ်ငွေစာရင်း သို့ စာရင်းပြောင်းပါက ငွေပမာဏအကန့်အသတ်မရှိဘဲ ဆောင်ရွက်ပေးခြင်းလိုအပ်ပါက ဘဏ်လုပ်ငန်းချိန် တိုးမြှင့်ဆောင်ရွက်ပေးခြင်းလုံခြုံစိတ်ချရသော ငွေသားသယ်ယူပို့ဆောင်မှုစနစ်ကို လိုအပ်ပါက ဆောင်ရွက်ပေးခြင်း  အထက်ပါဝန်ဆောင်မှုများရယူနိုင်သော Special Counter များရှိသည့် ဘဏ်ခွဲများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ YangonMandalayMawlamyaing
ကမ္ဘောဇဘဏ်မှာ စာရင်းသေအပ်ငွေစာရင်းဖွင့်လှစ်ပြီး အပ်ငွေပိုမိုတိုးပွားနိုင်ပါပြီ

ကမ္ဘောဇဘဏ်မှာ စာရင်းသေအပ်ငွေစာရင်းဖွင့်လှစ်ပြီး အပ်ငွေပိုမိုတိုးပွားနိုင်ပါပြီ

ကမ္ဘောဇဘဏ်ရဲ့  customer များအတွက် သတ်မှတ်ကာလတစ်ခုအထိငွေစုရင်း မိမိရဲ့အပ်ငွေကို ပုံမှန်ထက်ပိုမိုတိုးပွားစေမယ့် စာရင်းသေအပ်ငွေစာရင်း အစီအစဉ်တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ကမ္ဘောဇဘဏ်ရဲ့ စာရင်းသေအပ်ငွေစာရင်းအကောင့်များဖြစ်တဲ့ ပုံမှန်စာရင်းသေအပ်ငွေစာရင်း (ရက် ၉၀)၊ ပုံမှန်စာရင်းသေအပ်ငွေစာရင်း (ရက် ၁၈၀) နှင့် ငွေစာရင်းအကောင့် စာရင်းသေအပ်ငွေစာရင်း (ရက် ၉၀) အကောင့်တွေမှာ အပ်ငွေထည့်သွင်းပြီး ယခင်ထက်မြင့်မားတဲ့အတိုးနှုန်းကို ရယူခံစားနိုင်မှာဖြစ်ပါတယ်။ အထူးအတိုးနှုန်းများအနေနဲ့- -ရက် (၉၀) ပုံမှန်စာရင်းသေအပ်ငွေစာရင်း- တစ်နှစ်လျှင်အတိုးနှုန်း ၉.၀၀%-ရက် (၁၈၀) ပုံမှန်စာရင်းသေအပ်ငွေစာရင်း- တစ်နှစ်လျှင်အတိုးနှုန်း ၉.၂၅%-ရက် (၉၀) ငွေစာရင်းအကောင့် - စာရင်းသေအပ်ငွေစာရင်း- တစ်နှစ်လျှင်အတိုးနှုန်း ၉.၀၀% ကို ခံစားနိုင်မှာဖြစ်ပါတယ်။ အထူးအတိုးနှုန်းခံစားခွင့်ကာလကတော့  စက်တင်ဘာလ ၂၆ ရက် ကနေ အောက်တိုဘာလ...
“ အထူးပရိုမိုးရှင်းအနေဖြင့် သတ်မှတ်ကာလအတွင်း ပုံမှန်စာရင်းသေအပ်ငွေစာရင်းများနှင့် Special Cash Fixed Deposit စာရင်းများအတွက် အတိုးနှုန်းတိုးမြှင့်ပေးခြင်း” မေးလေ့မေးထရှိသော မေးခွန်းများ

“ အထူးပရိုမိုးရှင်းအနေဖြင့် သတ်မှတ်ကာလအတွင်း ပုံမှန်စာရင်းသေအပ်ငွေစာရင်းများနှင့် Special Cash Fixed Deposit စာရင်းများအတွက် အတိုးနှုန်းတိုးမြှင့်ပေးခြင်း” မေးလေ့မေးထရှိသော မေးခွန်းများ

စာရင်းသေအပ်ငွေစာရင်းများ၏ အတိုးနှုန်းတိုးမြှင့်ပေးသည့်အစီအစဉ်အား အချိန်ဘယ်လောက်ကြာ ပြုလုပ်မှာဖြစ်ပါသလဲ။ စာရင်းသေအပ်ငွေစာရင်းများ၏ အတိုးနှုန်းတိုးမြှင့်ပေးသည့်အစီအစဉ်မှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ထိ ဖြစ်ပါသည်။ (အများပြည်သူအလုပ်ပိတ်ရက်များ၊ ဘဏ်ပိတ်ရက်များနှင့် အစိုးရရုံးပိတ်ရက်များ မပါဝင်ပါ။) အစီအစဉ်တွင် ရရှိခံစားနိုင်မည့် အထူးအတိုးနှုန်းများကိုဖော်ပြပါ။ စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၂၈ ရက်၂၀၂၂ ခုနှစ် အထိရယူခံစားနိုင်မည့် စာရင်းသေအပ်ငွေစာရင်းများ၏ တိုးမြှင့်လိုက်သောအထူးအတိုးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ -ရက်(၉၀) ပုံမှန်စာရင်းသေအပ်စာရင်းအတွက် တစ်နှစ်လျှင်အတိုးနှုန်း ၉%  -ရက်(၁၈၀) ပုံမှန်စာရင်းသေအပ်စာရင်းအတွက် တစ်နှစ်လျှင်အတိုးနှုန် ၉.၂၅% -ရက်(၉၀) ငွေစာရင်းအကောင့်-စာရင်းသေအပ်ငွေစာရင်းအတွက် တစ်နှစ်လျှင်အတိုးနှုန်း ၉ ဤအစီအစဉ်တွင် အထူးအတိုးနှုန်းကိုမည်သူတို့ပါဝင်ခံစားခွင့်ရှိပါသလဲ။ ဤအစီအစဉ်တွင်...
“သီတင်းကျွတ်အကြို အထူးပရိုမိုးရှင်းအနေဖြင့် သတ်မှတ်ကာလအတွင်း ပုံမှန်စာရင်းသေအပ်ငွေစာရင်းများနှင့် Special Cash Fixed Deposit စာရင်းများအတွက် အတိုးနှုန်းတိုးမြှင့်ပေးခြင်း” အစီအစဉ် စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ

“သီတင်းကျွတ်အကြို အထူးပရိုမိုးရှင်းအနေဖြင့် သတ်မှတ်ကာလအတွင်း ပုံမှန်စာရင်းသေအပ်ငွေစာရင်းများနှင့် Special Cash Fixed Deposit စာရင်းများအတွက် အတိုးနှုန်းတိုးမြှင့်ပေးခြင်း” အစီအစဉ် စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ

၁။    ဤအစီအစဉ်ကာလသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ထိ ဖြစ်ပါသည်။ (အများပြည်သူအလုပ်ပိတ်ရက်များ၊ ဘဏ်ပိတ်ရက်များနှင့် အစိုးရရုံးပိတ်ရက်များ မပါဝင်ပါ။) ၂။     ဤအစီအစဉ်​၏ ရည်ရွယ်ချက်မှာ အစီအစဉ်ကာလအတွင်း ပုံမှန်စာရင်းသေအပ်ငွေစာရင်း ရက် (၉၀) သို့မဟုတ် ရက် (၁၈၀) စာရင်းအသစ်ဖွင့်လှစ်သော Customer များ၊ Special Cash Fixed Deposit စာရင်း ရက် (၉၀) စာရင်းအသစ်ဖွင့်လှစ်သော Customer များနှင့် ဤအစီအစဉ်ကာလတွင်း သက်တမ်းစေ့ရောက်သည့် Auto Rollover Option ဖြင့် ဖွင့်လှစ်ထားသော...
“KBZ mBanking နဲ့ MPT ဖုန်းဘေလ်များများဖြည့်ပြီး ဆုလက်ဆောင်များများ  ကံစမ်းပါ”အစီအစဉ် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်မျာ

“KBZ mBanking နဲ့ MPT ဖုန်းဘေလ်များများဖြည့်ပြီး ဆုလက်ဆောင်များများ  ကံစမ်းပါ”အစီအစဉ် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်မျာ

၁။ လေးစားတန်ဖိုးထားအပ်သော KBZ mBanking အသုံးပြုသူများကို ကျေးဇူးတုံ့ပြန်သောအနေနဲ့ KBZ mBanking မှတစ်ဆင့် ၅,၀၀၀ ကျပ်နှင့်အထက် MPT ဖုန်းဘေလ်ဖြည့်ပါက ဆုလက်ဆောင်များ ကံစမ်းရယူနိုင်မည့် အစီအစဥ်အား ပြုလုပ်သွားမည် ဖြစ်ပါသည်။ ၂။ အစီအစဉ်ကာလ မှာ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့ မှ စက်တင်ဘာလ (၃၀) ရက် အထိဖြစ်ပါသည်။ ၃။      MPT GSM/ WCDMA prepaid (ဆွေသဟာ/ ရှယ်ပြော/ ရွှေစကား) လက်ရှိအသုံးပြုနေသူများသည် KBZ mBanking Appမှတစ်ဆင့် ဖုန်းဘေလ်ဖြည့်သွင်းခြင်းဖြင့်ပါဝင်နိုင်ပါသည်။ Postpaid, CDMA, Base Tariff သုံးစွဲသူများနှင့်...