နိုင်ငံခြားမှ လွှဲပို့လိုက်သော ငွေလွှဲအဝင်များအတွက် ဝန်ဆောင်ခအခမဲ့ အထူးအစီအစဉ်၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ

၁။ INWARD Service အသုံးပြုသည့် ကမ္ဘောဇဘဏ် Customer များအတွက်  နိုင်ငံခြားမှ လွှဲပို့လိုက်သော ငွေလွှဲအဝင်များအတွက် ဝန်ဆောင်ခအခမဲ့ အစီအစဉ်ကာလသည် ယနေ့မှစ၍ နောက်ထပ် ကမ္ဘောဇဘဏ်မှ အစီအစဉ်ကာလပြီးဆုံးကြောင်းကြေညာသည့် နေ့ရက်အထိဖြစ်ပါသည်။ (အများပြည်သူအလုပ်ပိတ်ရက်များ၊ ဘဏ်ပိတ်ရက်များနှင့် အစိုးရရုံးပိတ်ရက်များ မပါဝင်ပါ။)

၂။ ဤအစီအစဉ်၏ ရည်ရွယ်ချက်မှာ Trade နှင့် Non-Trade Inward Service အား အသုံးပြုသည့် ကမ္ဘောဇဘဏ် Customer များအတွက် ကျေးဇူးတုံ့ပြန်သောအားဖြင့် ပြည်ပမှ လွှဲပို့ငွေများအတွက် ဝန်ဆောင်ခကို “အခမဲ့” ဖြင့် ငွေလွှဲလက်ခံနိုင်ရန် ဖြစ်ပါသည်။

၃။ ဤအစီအစဉ်တွင် (Exporterများ၊ CMP Inwards များ၊ NGO နှင့် INGO Inwards များ၊ Other Inwardများ) တို့မှ ငွေလွှဲများ အားလုံး အကျုံးဝင်ပါသည်။ 

၄။ ဤအစီအစဉ်ကာလအတွင်း Trade နှင့် Non-Trade Inward Service အား အသုံးပြုသည့် ကမ္ဘောဇဘဏ် Customer များအနေဖြင့် မည်သည့်နိုင်ငံမှမဆို  ပေးပို့လိုက်သော လွှဲပို့ငွေများအတွက် ဝန်ဆောင်ခ ပေးဆောင်စရာမလိုဘဲ အခမဲ့ ငွေလွှဲလက်ခံနိုင်မည်ဖြစ်ပါသည်။

၅။ ဤအစီအစဉ်အရ သတ်မှတ်ထားသည့် ခံစားခွင့်သည် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသည့် ‌ငွေလွှဲလက်ခံသူများအတွက်သာလျှင် ရရှိနိုင်မည်ဖြစ်ပြီး အခြားသော ငွေလွှဲအမျိုးအစားများအတွက်  ပုံမှန်ငွေလွှဲခ နှုန်းထားများအတိုင်း ပေးချေရမည်ဖြစ်သည်။ 

၆။ ဤအစီအစဉ်အား Trade နှင့် Non-Trade Inward Service အား အသုံးပြုသည့် ကမ္ဘောဇဘဏ် Customer များအတွက် အခမဲ့ ငွေလွှဲလက်ခံနိုင်စေရန်အတွက်သာ ပြုလုပ်ခြင်းဖြစ်သည်။ ငွေလွှဲခြင်းနှင့်ပတ်သက်၍ Customerများသည် ကမ္ဘောဇဘဏ်၏ ပုံမှန်စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက် ရမည် ဖြစ်သည်။

၇။ ဤအစီအစဉ်ကာလအတွင်းသာလျှင် Trade နှင့် Non-Trade Inward Service အား အသုံးပြုသည့် ကမ္ဘောဇဘဏ် customer များအနေဖြင့် ဤအစီအစဉ်အရပေးသည့် ခံစားခွင့်အားရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ်ကာလ ပြီးဆုံးသည်နှင့်တပြိုင်နက် ကမ္ဘောဇဘဏ်မှ ပုံမှန်ငွေလွှဲခများကို ပြန်လည်ကောက်ခံသွားမည်ဖြစ်သည်။

၈။ ဤအစီအစဉ်နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ် Customer များနှင့် ကမ္ဘောဇဘဏ်တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ်၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၉။ ကမ္ဘောဇဘဏ်အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤအစီအစဉ် အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် ကမ္ဘောဇဘဏ် Customerများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူ ပါသည်။

၁၀။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် ကြိုတင်အအသိပေးကြောင်းကြားနိုင်ခြင်းမရှိဘဲ   သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ရပ်စဲခြင်း နှင့်/သို့မဟုတ် အစီအစဉ်အားပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သောအကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်/သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၁။ ကမ္ဘောဇဘဏ်ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။ 

၁၂။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၃။ ကမ္ဘောဇဘဏ်သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ်အနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဆက်လက်ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ကမ္ဘောဇဘဏ်မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် ကမ္ဘောဇဘဏ်အနေဖြင့် ကမ္ဘောဇဘဏ် Customerများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၄။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များသာလျှင် အတည်ဖြစ်သည်။