ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ကမ္ဘောဇ ကယ်ဆယ်ကူညီထောက်ပံ့ရေး စင်တာ (မန္တလေး)ကို စတင်ဖွင့်လှစ်ခြင်း
ကမ္ဘောဇဖောင်ဒေးရှင်းသည် သဘာဝဘေးအန္တရာယ်များကြုံတွေ့သည့် အချိန်တိုင်း လိုအပ်သည့် ကယ်ဆယ်ကူ ညီမှုများကို အချိန်နှင့်တပြေးညီဆောင်ရွက်လာခဲ့ရာ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်း ၌ အင်အား ၇.၇ မဂ္ဂနီကျုဖြင့် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးအပြီးတွင် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ငွေကျပ် (၁၅) ဘီလီယံကို ကနဦးလှူဒါန်းခဲ့ပြီး၊ ရေရှည်ကူညီနိုင်ရန် KBZ Center Mandalay အတွက် ငွေကျပ် (၃၀) ဘီလီယံ၊ စုစုပေါင်း ငွေကျပ် (၄၅) ဘီလီယံကို မတည်လှူဒါန်းထားရာ KBZ Center Mandalay ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။ ဖွင့်ပွဲတွင် မန္တလေးမြို့ရှိ...