ကမ္ဘောဇဘဏ်ရှိ မသန်စွမ်းဝန်ထမ်းများအတွက် လုပ်ငန်းခွင်အတွင်း အသုံးချနိုင်မည့် စွမ်းရည်မြှင့်သင်တန်းများ တက်ရောက်နိင်ရန် စီစဥ်ပေး
ကမ္ဘောဇဘဏ်သည် စုံလင်ကွဲပြားမှုများကို တန်ဖိုးထားပြီး အားလုံးပါဝင်နိုင်သော လူမှုဝန်းကျင်ဖန်တီးနိုင်ရေးကို အစဉ်အလေးထားသည့်အလျောက် မသန်စွမ်းသူများ ပါဝင်လုပ်ကိုင်နိုင်မည့် လုပ်ငန်းခွင်ကို စဥ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ ဇူလိုင်လ ၁၇ ရက်နေ့က KBZ Learning Academy တွင် ကမ္ဘောဇဘဏ်၏ မသန်စွမ်းဝန်ထမ်းများအတွက် အထူးရေးဆွဲထားသော လုပ်ငန်းခွင်စွမ်းရည်မြှင့် သင်တန်းအစီအစဥ်နှင့် ပတ်သက်ပြီး မသန်စွမ်းဝန်ထမ်းများသို့ ဖိတ်ခေါ်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းတွင် လုပ်ငန်းခွင်အတွင်း လက်တွေ့အသုံးချနိုင်မည့် ဘာသာရပ်များဖြစ်သည့် Powerpoint Presentation အသုံးပြုပုံ၊ ဆက်သွယ်ပြောကြားရာတွင် အထောက်အကူဖြစ်စေမည့် Effective Communication Skill Training၊ စိတ်ဖိစီးမှုများကျော်လွှားနိုင်မည့် Stress Management Training နှင့် လုပ်ငန်းခွင်အတွင်း မရှိမဖြစ် လိုအပ်သည့် Basic English...