Language
Author: khinchanthar
ကမ္ဘောဇဘဏ်ခွဲများတွင် Western Union, Merchant Trade, Krung Thai Bank (ငွေလွှဲထုတ်ပေးခြင်း) Premium Service ဝန်ဆောင်မှုရယူနိုင်ပါပြီ
ပြည်ပနိုင်ငံများရှိ နိုင်ငံတကာ ငွေလွှဲအဖွဲ့အစည်းများဖြစ်ကြသည့် Western Union, Merchant Trade, Kurang Thai Bank တို့မှတစ်ဆင့် ငွေလွှဲပေးပို့ပြီး PIN Number (လျှို့ဝှက်ကုတ်) ဖြင့် မြန်မာပြည်အနှံ့ရှိ ကမ္ဘောဇဘဏ်ခွဲများတွင်
တန်ဆောင်တိုင်ရုံးပိတ်ရက် ဘဏ်ပိတ်ရက်များ ကြေညာခြင်း
၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့သည် တန်ဆောင်တိုင်ရုံးပိတ်ရက် ဘဏ်ပိတ်ရက်များဖြစ်ပါသောကြောင့် ကမ္ဘောဇဘဏ်ခွဲများ အားလုံးကို ပိတ်ထားမည်ဖြစ်ပြီး customer များအနေဖြင့် ငွေကြေးကိစ္စများကို KBZ mBanking, iBanking နှင့် KBZPay တို့ မှတစ်ဆင့် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း လေးစားစွာ အကြောင်းကြားအပ်ပါတယ်။ လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
ထပ်မံတိုးမြှင့်လိုက်သော စာရင်းသေအပ်ငွေစာရင်း၏ အတိုးနှုန်းအသစ်များအတွက် မေးလေ့မေးထရှိသော မေးခွန်းများ
စာရင်းသေအပ်ငွေ (Fixed Deposit) ဆိုသည်မှာ အဘယ်နည်း။ စာရင်းသေအပ်ငွေ (Fixed Deposit) ဆိုသည်မှာ သတ်မှတ်ထားသည့်ကာလအပိုင်းအခြား (Tenor) အလိုက် အပ်နှံငွေထားရှိ နိုင်ပြီး အဆိုပါအပ်နှံငွေအပေါ်ရရှိသည့် အတိုးနှုန်းသည် အခြားသောအပ်ငွေစာရင်းများနှင့် နှိုင်းယှဉ်ပါက ပိုမိုမြင့်မားစွာရရှိနိုင်သည့် အပ်ငွေစာရင်းအမျိုးအစား တစ်ခုဖြစ်ပါသည်။ ထို့အပြင် အခြားအပ်ငွေစာရင်းများနှင့် မတူဘဲ အပ်နှံငွေ၊ အပ်နှံထားသည့် ကာလအပိုင်း၊ သက်တမ်းစေ့ရောက်မည့်နေ့ရက်၊ အတိုးနှုန်းစသည့် အချက်အလက်များပါရှိသည့် Certificate of Term Deposit ကိုလည်း ဘဏ်မှ ထုတ်ပေးမည်ဖြစ်ပါသည်။ စာရင်းသေအပ်ငွေစာရင်း၏ စာရင်းပိတ်သိမ်းခြင်း၊ စာရင်းလွှဲပြောင်းခြင်းတို့အား ကိုယ်စားလှယ်ဖြင့် ဆောင်ရွက်နိုင်ပါသလား။ မဆောင်ရွက်နိုင်ပါ။ စာရင်းသေအပ်ငွေစာရင်း၏ စာရင်းပိတ်သိမ်းခြင်း၊စာရင်းလွှဲပြောင်းခြင်းတို့အား စာရင်းပိုင်ရှင် (ပူးတွဲ စာရင်းဖြစ်ပါက ပူးတွဲစာရင်ပါစာရင်းပိုင်ရှင်အားလုံး)ကိုယ်တိုင်သာ ဆောင်ရွက်နိုင်ပါသည်။...
ထပ်မံတိုးမြှင့်လိုက်သော စာရင်းသေအပ်ငွေစာရင်း၏ အတိုးနှုန်းအသစ်များ
ကမ္ဘောဇဘဏ်မှ အောက်တိုဘာလ ၂၅ရက်နေ့မှစ၍ တိုးမြှင့်လိုက်သော စားရင်းသေအပ်ငွေစာရင်း၏ အတိုးနှုန်းအသစ်များကို customer များ ခံစားရယူနိုင်ပြီဖြစ်ပါသည်။
ကမ္ဘောဇဘဏ်အကောင့်အချင်းချင်း KBZ i/mBanking တို့မှတဆင့် ဒီဇင်ဘာလ နှစ်ကုန်ပိုင်းအထိ အခမဲ့ငွေလွှဲနိုင်ပါပြီ
လေးစားအပ်ပါသော ကမ္ဘောဇဘဏ် Online Banking အသုံးပြုသူ customer များ ကမ္ဘောဇဘဏ် Online Banking အသုံးပြုသူ customer များအတွက် ငွေလွှဲဝန်ဆောင်မှုများ ပြုလုပ်ရာတွင် အဆင်ပြေချောမွေ့စေရန် ကမ္ဘောဇဘဏ်နေဖြင့် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်ပြီး KBZ mBanking နှင့် iBanking တို့မှတဆင့် ငွေလွှဲခ "အခမဲ့" အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ပြီးဖြစ်ပါသည်။ ယခုဆက်လက်ပြီး ဤအစီအစဉ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနှစ်ကုန်ပိုင်းထိ ဆက်လက်တိုးမြှင့်ပေးသွားမည် ဖြစ်သောကြောင့် ကမ္ဘောဇဘဏ်အကောင့်အချင်းချင်း (မြန်မာကျပ်ငွေ) အတွက် KBZ mBanking နှင့် iBanking မှ ငွေလွှဲမှုများကို အခမဲ့ဖြင့် ဆက်လက်လုပ်ဆောင်သွားနိုင်မည် ဖြစ်ပါသည်။ mBanking နှင့်...
ဒီပါဝလီနေ့ ဘဏ်ပိတ်ရက်ကြေညာခြင်း
(၂၀၂၁) ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့သည် ဒီပါဝလီနေ့ ဘဏ်ပိတ်ရက်ဖြစ်သည့်အတွက် ကမ္ဘောဇဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်
မြင့်မားသောအတိုးနှုန်း ၈.၅% ရရှိနိုင်သည့် ရက် ၃၀ အထူးငွေသားစာရင်းသေအပ်ငွေစာရင်းသစ်
လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ ကမ္ဘောဇဘဏ်မှ customer များအတွက် ပိုမိုများပြားသော အတိုးနှုန်း ၈.၅% ရရှိနိုင်သည့် ရက် ၃၀ အထူးငွေသားစာရင်းသေအပ်ငွေစာရင်းအား မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါသည်။ Customer များအနေဖြင့် ကမ္ဘောဇဘဏ် ရက် ၃၀ အထူးငွေသား စာရင်းသေအပ်ငွေစာရင်းအား တစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ်ခွဲတိုင်းတွင် သွားရောက်ဖွင့်လှစ်နိုင်ပြီဖြစ်ပါသည်။ ရက် ၃၀ အထူးငွေသားစာရင်းသေအပ်ငွေ စာရင်းသစ်အား အောက်ပါ customer များမှ ပေးသွင်းငွေ ကျပ်ငွေ ၁,၀၀၀,၀၀၀ ဖြင့် ဖွင့်လှစ်နိုင်ပါသည်။ လူပုဂ္ဂိုလ်များ (တစ်ဦးချင်း သို့မဟုတ် နှစ်ဦး၊ သုံးဦးစသဖြင့် တွဲဖက်စာရင်းများ) အဖွဲ့အစည်းများ (NGO, INGO, Pagoda Trustees, Universities, etc)...
သီတင်းကျွတ်ရုံးပိတ်ရက် ဘဏ်ပိတ်ရက်များ ကြေညာခြင်း
၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိသည် သီတင်းကျွတ်ရုံးပိတ်ရက် ဘဏ်ပိတ်ရက်များဖြစ်ပါသောကြောင့် ကမ္ဘောဇဘဏ်ခွဲများ အားလုံးကို ပိတ်ထားမည်ဖြစ်ပြီး ပိတ်ရက်များအတွင်း ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို KBZ iBanking/mBanking နှင့် KBZPay များမှတစ်ဆင့် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။ လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
အကြွေး၀ယ်ကတ် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ
ဤနေရာ တွင် ထည့်သွင်းထားသောစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များသည် ကျွန်ုပ်တို့မှ သင့်ကို အခါအားလျော်စွာ ထုတ်ပေးနိုင်သည့်ကတ်များနှင့်သက်ဆိုင်သည်။ သင့်အနေဖြင့် ဤစည်းမျဉ်း၊စည်းကမ်းအားလုံးကို ဖတ်ရှုနားလည်လက်ခံပြီးအချိန်တိုင်း လိုက်နာပါရန် သင်ကသဘောတူပါသည်။ (၁) သင်၏ကတ်လျှောက်ထားမှုကို ကျွန်ုပ်တို့သဘောတူပြီးနောက် သင့်အားထုတ်ပေးထားသော ကတ်နှင့် PIN တို့အား သင့်အနေဖြင့် လုံခြုံစွာ ထိန်းသိမ်းထားရပါမည်။ ၎င်းကတ်နှင့်ပတ်သက်၍ အသုံးပြုထားသောကိစ္စရပ်များအားလုံးအတွက် ကျွန်ုပ်တို့ထံတွင်တာဝန်မရှိစေရ။ (၂) ကတ်ပျောက်ဆုံးခြင်း (သို့) အခိုးခံရခြင်း (သို့) PINပေါက်ကြားခြင်းတို့ဖြစ်ပါက ကျွန်ုပ်တို့ထံ ချက်ချင်း အကြောင်းကြားရပါမည်။ အကြောင်း ကြားချက် ကျွန်ုပ်တို့ထံမရရှိမှီ တစ်ဦးဦးက သင့်ကတ်ကို အသုံးပြု၍ လုပ်ဆောင်သော လုပ်ငန်းအားလုံးအတွက် သင့်အနေဖြင့် တာဝန်ယူရ ပါမည်။ (၃) သင်၏ကတ်ပျောက်ဆုံးခြင်း (သို့) ကတ်ခိုးယူခံရခြင်း (သို့)...