<strong> </strong>Western Union ၏ campaign အမည်က ဘာလဲ။
Campaign အမည်မှာ Western Union ၏ အပိုဆုငွေရနိုင်မည့် နှစ်ကုန်အထူးအစီအစဉ်
ဖြစ်ပါသည်။
Bonus ဘယ်လောက်ရနိုင်မလဲ။
ရွေးချယ်ထားသောနိုင်ငံများမှ ၅၀၀,၀၀၀ ကျပ် (သို့မဟုတ်) ထို့ထက်ပို၍ Western Union ငွေလွှဲ လက်ခံရရှိသည့်အခါ ထိုနေ့တွင် ငွေလွှဲလက်ခံသူက အပိုထပ်ဆောင်းအနေဖြင့် ၁၀,၀၀၀ ကျပ် ရရှိပါမည်။
ပရိုမိုးရှင်းကာလ ဘယ်တော့စမလဲ။ ဘယ်လောက်ကြာမလဲ။
ပရိုမိုးရှင်းကာလသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ၂၀၂၂ ဇန်နဝါရီ ၁၅ ရက်အထိ ဖြစ်ပါသည်။(ငွေလွှဲပေးပို့ခြင်းနှင့် ငွေလွှဲလက်ခံသည့် ရက်စွဲ နှစ်ခုစလုံးသည် ဤရက်စွဲများအတွင်း အကျုံးဝင်ရမည်၊ ရက်စွဲနှစ်ခုလုံး အပါအဝင်)။
Western Union မှ မြန်မာပြည်သို့ ငွေလွှဲသည့် နိုင်ငံအားလုံးသည် ဤအပိုဆုအစီအစဉ်၌ ပါဝင်ပါသလား။
အားလုံး မပါဝင်ပါ။ ဤအပိုဆုအစီအစဉ်၌ စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံ စသည့် (၃) နိုင်ငံမှ ငွေလွှဲများသာ အကျုံးဝင်ပါသည်။
Bonus အစီအစဉ်မှာ customer အတွက် ဘာအခွင့်အရေးတွေ ရနိုင်ပါသလဲ။
ငွေလွှဲလက်ခံသူအတွက် တစ်ရက်လျှင် သတ်မှတ်ချက်ပြည့်မီသော ငွေလွှဲတစ်ခုအတွက် အကျုံးဝင်ပါသည်။ (ဥပမာ- ငွေကျပ် ၅၀၀,၀၀၀ နှင့်အထက် ငွေလွှဲများသာ)
Bonus လက်ခံရရှိခြင်းအပေါ် ငွေပမာဏ ကန့်သတ်ချက်ရှိပါသလား။
ငွေပမာဏ ၅၀၀,၀၀၀ ကျပ် နှင့်အထက် ငွေလွှဲများသာသတ်မှတ်ထားပါသည်။
ဤ Incentive Bonus အတွက် မည်သည့်ဘဏ်ခွဲများ အကျုံးဝင်ပါသနည်း။
Western Union ငွေလွှဲထုတ်ခွင့်ပြုထားသည့် KBZ ဘဏ်ခွဲပေါင်း ၂၁၇ ခု ၌သာ အကျုံးဝင်ပါသည်။
Western Union Incentive Bonus ကို ငွေလွှဲထုတ်သူမှ မည်သို့ထုတ်ယူနိုင်ပါသနည်း။
ငွေလွှဲလာရောက်ထုတ်ယူမည့်သူသည် ငွေလွှဲသူအမည်၊ ငွေလွှဲသည့် ပမာဏ၊ ငွေလွှဲသည့်နိုင်ငံ၊ လျှို့ဝှက်ကုတ် (၁၀)လုံး၊ မှတ်ပုံတင်မူရင်း တို့ကို တစ်ပါတည်း ယူဆောင်လာရပါမည်။(ဥပမာ-ငွေလွှဲထုတ်ယူမည့်သူမှ လွှဲပို့ငွေ ၅၀၀,၀၀၀ ကျပ် ထုတ်ယူမည်ဆိုပါက ၅၀၀,၀၀၀ ကျပ် + အပိုဆုငွေ ၁၀,၀၀၀ ကျပ် စုစုပေါင်း ၅၁၀,၀၀၀ ကျပ်ကို ရရှိမည် ဖြစ်ပါသည်။) ငွေလွှဲလက်ခံသူသည် အပိုဆုငွေ ရရှိပြီးပါက ငွေလွှဲလက်ခံဖြတ်ပိုင်းပေါ်တွင် အပိုဆုငွေ ၁၀,၀၀၀ ကျပ် လက်ခံရရှိကြောင်း လက်မှတ်ထိုးပေးရပါမည်။
အကယ်၍ Payout Transaction ပမာဏသည် ၁,၀၀၀,၀၀၀ ကျပ်ဖြစ်ပြီး ငွေလွှဲမှုတစ်ခုလျှင် ၅၀၀,၀၀၀ ကျပ် နှစ်ခါကို ကောင်တာတွင် ထုတ်ယူနိုင်ပြီး bonus နှစ်ကြိမ်ရနိုင်ပါသလား။
ငွေလွှဲလက်ခံသူတစ်ဦးအနေနှင့် တစ်ရက်လျှင် တစ်ကြိမ်သာ bonus ရရှိနိုင်ပါသည်။