စုပေါင်းစုဘူးဖြင့် ငွေစုဆောင်း ငွေသားဆုလက်ဆောင်များရနိုင်မယ့်အခွင့်အရေး‌ကောင်း” တန်ဆောင်တိုင် Campaign ၏ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

စုပေါင်းစုဘူးဖြင့် ငွေစုဆောင်း ငွေသားဆုလက်ဆောင်များရနိုင်မယ့်အခွင့်အရေး‌ကောင်း” တန်ဆောင်တိုင် Campaign ၏ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

၁။ “စုပေါင်းစုဘူးဖြင့် ငွေစုဆောင်း ငွေသားဆုလက်ဆောင်များ ရနိုင်မယ့် အခွင့်အရေး‌ကောင်း”  Campaign ကာလမှာ ​​၂၀၂၅ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့မှ ၂၀၂၆ခုနှစ် မတ်လ (၃၁) ရက်နေ့အထိ ကျင်းပ ပြုလုပ်မည်ဖြစ်သည်။ ဤ Campaign ၏ ရည်ရွယ်ချက်မှာ ကမ္ဘောဇဘဏ်၏ Customer များ အနေဖြင့် စုဘူးငွေစာရင်းများထဲမှ တစ်ခုဖြစ်သော စုပေါင်းစုဘူးစာရင်း (Recurring Deposit : Group Goal SuBoo Account)အား ဖွင့်လှစ်၍ မိမိတို့၏ အနာဂတ် ရည်မှန်းချက်များအတွက်  ငွေစုခြင်းဖြင့် ဆုလက်ဆောင်များ ကံထူးစေနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။ 

၂။ ယခု Campaign တွင်ပါဝင်ရန် Campaign ကာလအတွင်း Customer များသည် ကမ္ဘောဇဘဏ်၏ စုဘူး အပ်ငွေစာရင်းများထဲမှတစ်ခုဖြစ်သော စုပေါင်းစုဘူးစာရင်းအား အနည်းဆုံးအပ်နှံ ငွေပမာဏ သုံးသိန်း (၃၀၀,၀၀၀) ကျပ်မှစတင်၍ မိမိနှစ်သက်ရာ ကာလအလိုက် လစဉ်မပျက်မကွက် ထည့်သွင်းစုဆောင်း၍ စာရင်း ဖွင့်လှစ်နိုင်သည်။ 

၃။ ဤ Campaign တွင် အနည်းဆုံးအပ်နှံ ငွေပမာဏ သုံးသိန်း (၃၀၀,၀၀၀) ကျပ်မှစတင် ထည့်သွင်း စုဆောင်း၍ ဖွင့်လှစ်ထားရှိသော စုပေါင်းစုဘူးအကောင့်ဖွင့်လှစ်ထားသည့် စာရင်းပိုင်ရှင်များအားလုံး ပါဝင် ခွင့်ရှိမည်ဖြစ်ပါသည်။ Campaign ကာလအတွင်း စုပေါင်းစုဘူးစာရင်းများ ဖွင့်လှစ်ထားသော Customer များထဲမှ တစ်လလျှင် Lucky Draw ကံထူးရှင် (၇) ဦးစီဖြင့် စုစုပေါင်း (၅) လအတွက်  ကံထူးရှင် (၃၅) ဦးတို့ကို Random Picker Software ဖြင့် ရွေးချယ်ပေးမည်ဖြစ်ပြီး ကံထူးရှင်များကို ဆုငွေလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်ပါသည်။(မှတ်ချက် ။      ။ လစဉ် ပုံမှန်ငွေစုဆောင်းခြင်းဖြင့် ကံစမ်းမဲအစီအစဉ်တွင် အကျုံးဝင်မည်ဖြစ်ပြီး ငွေသွင်းရန် ပျက်ကွက်ခဲ့ပါက ပျက်ကွက်သည့်လအတွက် ကံစမ်းမဲအစီအစဉ်တွင် ပါဝင်မည်မဟုတ်ပါ။) 

ဥပမာ – နိုဝင်ဘာလ အတွက် ကံထူးရှင် (၇) ဦးကို  လာမည့် ဒီဇင်ဘာလ၏ ပထမအပတ်တွင် ရွေးချယ် မည်ဖြစ်ပြီး နောက်လများ၏ ကံထူးရှင်များကိုလည်း လကုန်ပြီး ပထမအပတ်တိုင်း သက်ဆိုင်ရာလတွင် အကျုံးဝင်သော Customer များထဲမှ ကံထူးရှင် (၇) ဦးစီအား  Random ရွေးချယ်ပေးသွားမည်ဖြစ်သည်။

၄။ ဤ Campaign တွင် ပါဝင်သော စုပေါင်းစုဘူးစာရင်း ဖွင့်လှစ်ထားသည့် Customer များအတွက် တစ်လတစ်ကြိမ် ကံထူးခွင့် ရရှိမည့် ဆုငွေလက်ဆောင်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ဆုငွေလက်ဆောင်များ (တစ်လလျှင်)အ‌ရေအတွက် (တစ်လလျှင်)
ကျပ်သုံးသိန်းဆု၁ ဆု
ကျပ်နှစ်သိန်းဆု၂ ဆု
ကျပ်တစ်သိန်းဆု၂ ဆု
ငါးသောင်းဆု၂ ဆု 
စုစုပေါင်း (တစ်လလျှင်)၇ ဆု

၅။ ကမ္ဘောဇဘဏ် ဝန်ထမ်းများသည် ယခု Campaign တွင် ပါဝင်ရန် အကျုံးမဝင်ပါ။

၆။ ဆုငွေလက်ဆောင်ရရှိသည့် ကံထူးရှင်များစာရင်းကို ကမ္ဘောဇဘဏ်၏ Official Facebook Page (သို့မဟုတ်) ကမ္ဘောဇဘဏ် ၏ Official Website  တို့မှတဆင့် ကြေညာပေးသွားမည်ဖြစ်ပါသည်။ ဆုရရှိ သည့် ကံထူးရှင်များကို Social Media များနှင့် Website များတွင်ကြေညာရန်အလို့ငှာ ကံထူးသူများ၏ အမည် နှင့် ဖုန်းနံပါတ် (ဖုန်းနံပါတ် အပြည့်အစုံမဟုတ်ပါ) တို့အား ကမ္ဘောဇဘဏ်မှ အသုံးပြုနိုင်သည်ကို ကံထူးသူမှ သိရှိပြီး သဘောတူပါသည်။ ဆုငွေလက်ဆောင်များအား ကြေညာပေးမည့် အချိန်သည် အစိုးရ ရုံးပိတ်ရက်များ (သို့မဟုတ်) ကမ္ဘောဇဘဏ်၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များ ရှိပါက ဆုငွေလက်ဆောင် ကြေညာမည့်အချိန် ပြောင်းလဲမှု ရှိနိုင်ပါသည်။

၇။ ကံထူးရှင်များကို အပိုဒ်(၃) တွင်ဖော်ပြခဲ့သော နည်းလမ်းအတိုင်း ရွေးချယ်ပြီးနောက် ရုံးဖွင့်ရက် (၃)ရက်အတွင်း  ကံထူးသူများကို  အပြာရောင်အမှန်ခြစ်ပါသော KBZ Bank Social Media channel မှ တဆင့် ကြေညာ၍လည်းကောင်း  ကံထူးရှင်များ ၏ Mobile ဖုန်းသို့ SMS ပေးပို့၍လည်းကောင်း ဆက်သွယ်မည်ဖြစ်ပါသည်။ ဆုငွေလက်ဆောင်ရရှိသောကံထူးရှင်များသည် မိမိ၏ ကိုယ်ရေးအချက် အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ် တို့အပြင် ရရှိထားသော အတည်ပြု SMS Screenshot ၊ ဖွင့်လှစ်ထားသော စုပေါင်းစုဘူးဘဏ်စာရင်းနံပါတ် နှင့် အတူ KBZ Bank Hotline Phone No. +95 9 951018555 သို့ ဆက်သွယ်၍သော်လည်းကောင်း၊ အပြာရောင် အမှန်ခြစ်ပါသော KBZ Bank official Facebook Page Messenger (သို့) customer_service@kbzbank.com သို့ပေးပို့၍လည်းကောင်း ဆက်သွယ်ရပါမည်။

၈။ ဤCampaign မှ ကံထူးရရှိသည့်ဆုကြေး‌ငွေများကို ကမ္ဘောဇဘဏ်မှ ကံထူးသူ Customer များကို ကြေညာပြီးသည့်အချိန်မှစ၍ တစ်ပတ်အတွင်း ကမ္ဘောဇဘဏ်မှ ကံထူးသူ Customer ၏ စုပေါင်းစုဘူး ဖွင့်လှစ်ခဲ့စဉ်က လစဉ်ငွေပေးချေခဲ့သော ပူးတွဲစာရင်း(Joint A)ဘဏ်စာရင်းထဲသို့ ထည့်သွင်းပေးမည် ဖြစ်သည်။ 

၉။ ဆုကြေး‌ငွေများကို သက်ဆိုင်ရာ ဘဏ်စာရင်းထဲသို့ ထည့်သွင်းပေးမည့် အချိန်သည် ကမ္ဘောဇဘဏ်၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ဆုကြေး‌ငွေအား ထည့်သွင်းချိန် ပြောင်းလဲမှုရှိ နိုင်ပါသည်။

၁၀။ ကမ္ဘောဇဘဏ်ဝန်ထမ်းများသည် ဤ Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး OTP ၊ PIN သို့မဟုတ် Account နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည်မဟုတ်ပါ။

၁၁။ ဤCampaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို ကမ္ဘောဇဘဏ် က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်း ပြုလုပ်ပိုင်ခွင့် ရှိသည်။

၁၂။ ဤ Campaign  ကာလအတွင်း Lucky Draw အစီအစဉ်နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်၏ Customer များမှ အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ်၏ တာဝန်ရှိသူ များမှ ပြဌာန်းဥပဒေအရ Customer များ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက် နစ်နာမှုမရှိစေရန် သေချာစွာစိစစ်၍ ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

၁၃။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းနှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲ ခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaignအား ပယ်ဖျက်ခွင့် နှင့် Campaignနှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၄။ ကမ္ဘောဇဘဏ်အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိ သဘောတူပါသည်။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့် အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ ကမ္ဘောဇဘဏ်သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ် အနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှု ကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ် မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း ကမ္ဘောဇဘဏ်မှ ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများ အတွက် ကမ္ဘောဇဘဏ် အနေဖြင့် ကမ္ဘောဇဘဏ်ဝန်ထမ်း အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက် ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။