၁။ “ငွေပိုစုရင်း လစဉ်ဆုကြီးတွေ ကံထူးနိုင်မယ့် ရွှေရောင်နှစ်သစ် Lucky Draw Campaign” ကာလကို ၂၀၂၆ခုနှစ် မတ်လ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါသည်။
၂။ “ငွေပိုစုရင်း လစဉ်ဆုကြီးတွေ ကံထူးနိုင်မယ့် ရွှေရောင်နှစ်သစ် Lucky Draw Campaignတွင်ပါဝင်ရန်၊ Customer များသည် ကမ္ဘောဇဘဏ်၏ ငွေစုဘဏ်အပ်ငွေစာရင်းများ (Savings Account) ၏ Customerများဖြစ်ရန် လိုအပ်ပြီး Personal Accountများ (Individual/Joint) ဖြစ်ရန်လိုအပ်ပါသည်။ ကမ္ဘောဇဘဏ်၏ ငွေစုဘဏ်အပ်ငွေစာရင်းများ (Savings Account) ၏ Special Cash နှင့် Ordinary အမျိုးအစား ( ၂ ) မျိုးစလုံးသည် ဤCampaign တွင် အကျုံးဝင်ပါသည်။
၃။ ဤ Campaign၏ ရည်ရွယ်ချက်မှာ ကမ္ဘောဇဘဏ်၏ ငွေစုဘဏ်အပ်ငွေစာရင်းများကိုလစဉ်ငွေသွင်းသော Personal Account (Individual/Joint) Customer များအတွက် ကျေးဇူးတုံ့ပြန်သောအားဖြင့် ကံစမ်းရန် အခွင့်အရေးအား ပေးအပ်ပြီး လစဉ်ဆုလက်ဆောင်များ ရရှိနိုင်ရန်ဖြစ်ပါသည်။
၄။ ဤ Campaign ကာလအတွင်း ငွေစုဘဏ်အပ်ငွေစာရင်းများ (Savings Account) ၏ Personal Account (Individual/Joint) Customer များသည် ၂၀၂၆ ခုနှစ် မတ်လ မှစ၍ တစ်ဆက်တည်းဖြစ်သောလနှစ်လအား နှိုင်းယှဉ်၍ ၎င်းတို့၏ အပ်ငွေစာရင်းများ၏ လစဉ် ပျမ်းမျှအပ်ငွေပမာဏ ငွေ ၅ သိန်း (၅၀၀,၀၀၀) ကျပ် တိုးလာတိုင်းတွင် iPhone 17 Promax အပြင် အခြားဆုလက်ဆောင်များစွာကံစမ်းနိုင်မည့် Lucky Draw ကံစမ်းမဲ တစ်စောင်စီ ရရှိပါမည်။ [Customer တစ်ဦးလျှင် အများဆုံး ကံစမ်းမဲ အစောင်ရေ စုစုပေါင်း တစ်သောင်းခွဲ (၁၅,၀၀၀) ထိသာ တွက်ချက် ပေးမည်ဖြစ်ပါသည်။]
ရှင်းလင်းချက်။ ။ ၂၀၂၆ ခုနှစ်၊ မတ်လ အတွက် ကံစမ်းမဲ အရေအတွက်အား တွက်ချက်ရာတွင် ၂၀၂၆ ခုနှစ်၊ မတ်လ၏ တစ်လစာ ပျမ်းမျှလက်ကျန်ငွေနှင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၏တစ်လစာ ပျမ်းမျှလက်ကျန်ငွေပမာဏအား နှိုင်းယှဥ်၍ ခြားနားပြီး အပ်ငွေပမာဏ ၅ သိန်း (၅၀၀,၀၀၀) ကျပ် တိုးလာတိုင်း Lucky Draw ကံစမ်းမဲ တစ်စောင်စီ ရရှိမည်ဟု သတ်မှတ်သည်။
၅။ ဤ Campaign ကာလအတွင်း လစဉ် လဆန်း (၁) ရက်နေ့ မှ (၅) ရက်နေ့အတွင်း သတ်မှတ်ချက်ပြည့်မီသော Lucky Draw ကံစမ်းမဲ အစောင်ရေစုစုပေါင်းအား ကမ္ဘောဇဘဏ်၏ Official Website တွင် ဝင်ရောက်ကြည့်ရှု စစ်ဆေးနိုင်ပါသည်။
၆။ ဤ Campaign ကာလအတွင်း လစဉ် ဆုလက်ဆောင်များ၏ ကံထူးရှင်များအား လဆန်း (၇) ရက်နေ့ နောက်ဆုံးထား၍ရွေးချယ်သွားမည်ဖြစ်ပါသည်။ ကံထူးသူများကို အပြာရောင်အမှန်ခြစ်ပါသော KBZ Bank Social Media Channel မှတဆင့် ကြေညာမည်ဖြစ်ပြီး ကံထူးရှင်များ ၏ Mobile ဖုန်းသို့ SMS တိုက်ရိုက်ပေးပို့ အကြောင်းကြားမည် ဖြစ်ပါသည်။
၇။ Campaign တွင် ပါဝင်သောဆုလက်ဆောင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
| ဆုလက်ဆောင်များ | (၁)လ အတွင်းပေးအပ်မည့် ဆုအရေအတွက် | (၄)လ အတွင်းပေးအပ်မည့် ဆု အရေအတွက် |
| iPhone 17 Promax | 1 | 4 |
| M3 iPad Air 11″ 2025 | 1 | 4 |
| Apple Watch Series 11, 42mm | 1 | 4 |
| Air Pod Pro 3 | 1 | 4 |
| ၇ သိန်း | 3 | 12 |
| ၅ သိန်း | 3 | 12 |
| ၃ သိန်း | 3 | 12 |
| ၁ သိန်း | 9 | 36 |
| ၅ သောင်း | 70 | 280 |
| စုစုပေါင်း | 92 | 368 |
၈။ ငွေပိုစုရင်း လစဉ်ဆုကြီးတွေ ကံထူးနိုင်မယ့် ရွှေရောင်နှစ်သစ် Lucky Draw Campaign မှ ရရှိသော ဆုလက်ဆောင်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့် ရရှိမည် မဟုတ်ပါ။
၉။ လစဉ်ဆုလက်ဆောင်များ၏ ကံထူးရှင်များကို ရွေးချယ်ပြီးနောက် ရုံးဖွင့်ရက် (၇) ရက်နေ့နောက်ဆုံးထားပြီး ကံထူးသူများကို အပြာရောင်အမှန်ခြစ်ပါသော KBZ Bank Social Media channel မှ တဆင့် ကြေညာဆက်သွယ်ပြီး ကံထူးရှင်များ ၏ Mobile ဖုန်းသို့လည်း SMS ပေးပို့မည်ဖြစ်ပါသည်။ ဆုလက်ဆောင်ရရှိသောကံထူးရှင်များသည် မိမိ၏ ကိုယ်ရေးအချက် အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ် နှင့် လက်ရှိနေရပ်လိပ်စာတို့အပြင် ရရှိထားသော အတည်ပြု SMS Screenshot နှင့် အတူ KBZ Bank Hotline Phone No. +95 9 951018555 သို့ ဆက်သွယ်၍သော်လည်းကောင်း၊ အပြာရောင် အမှန်ခြစ်ပါသော KBZ Bank Facebook Page Messenger (သို့) customer_service@kbzbank.com သို့ပေးပို့၍ ဆက်သွယ်ရပါမည်။
၁၀။ ကမ္ဘောဇဘဏ် မှ အချက်အလက်များစုံလင်စွာရရှိပါပြီး အတည်ပြုပြီးပါက ဆုလက်ဆောင်ရရှိသူထံသို့ ဆုလက်ဆောင် လာရောက်ထုတ်ယူနိုင်မည့် လိပ်စာအား အကြောင်းကြားပေးသွား မည်ဖြစ်ပါသည်။
၁၁။ ဆုရရှိသည့် ကံထူးရှင်များကို Social Media များနှင့် website များတွင် ကြေညာရန်အလို့ငှာ ဆုလက်ဆောင် ကံထူးရှင်များ၏ အမည်ကို ကမ္ဘောဇဘဏ်မှ အသုံးပြုနိုင်သည်ကို ဆုလက်ဆောင် ကံထူးရှင်များမှ သိရှိပြီး သဘောတူ ပါသည်။
၁၂။ ဤ Campaign တွင် ပါဝင်သော ဆုလက်ဆောင်များသည် နေရာဒေသပေါ်မူတည်၍ အပြောင်းအလဲ ရှိကြောင်းကို Customerဘက်မှ သိရှိနားလည်သဘောတူပါသည်။
၁၃။ ဆုလက်ဆောင်များအား ပိုင်ဆိုင်ခွင့်ရရှိသူသည် ဆုလက်ဆောင်အား လက်ခံရယူရန် ကမ္ဘောဇဘဏ် မှ ဆက်သွယ် အကြောင်းကြားပြီးနောက် ရုံးဖွင့်ရက် (၁၀) ရက်အတွင်း သတ်မှတ်ထားသည့်လိပ်စာတွင် ဆုရရှိသူကိုယ်တိုင် ကမ္ဘောဇဘဏ်မှ သတ်မှတ်ထားသည့် လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ ဆုလက်ဆောင်အား လာရောက် ထုတ်ယူရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက ဆုလက်ဆောင်အား ကမ္ဘောဇဘဏ်မှ ပြန်လည်ရုပ်သိမ်းသွားမည် ဖြစ်သည်။ ဆုလက်ဆောင်ရရှိသူမှ မိမိရရှိသည့်ဆုအားထုတ်ယူစဉ်တွင် သေချာစစ်ဆေးပြီးမှသာ လက်ခံရယူရမည်ဖြစ်ပြီး ဆုလက်ဆောင်ရရှိသူမှ ထုတ်ယူပြီးသော ဆုများနှင့်ပတ်သက်၍ ချို့ယွင်းမှုတစ်စုံတစ်ရာ ပေါ်ပေါက် လာပါက ကမ္ဘောဇဘဏ်မှတာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။
၁၄။ ဤCampaign မှပေးအပ်မည့် ငွေသားဆုကံထူးသော ကံထူးရှင်များအတွက် ငွေသားဆုအား ကံထူးရှင်၏ သက်ဆိုင်ရာ ငွေစုဘဏ်အပ်ငွေစာရင်း ( Savings Account) ထဲသို့ Social Media Platform များတွင်ကြေညာအပြီး ရုံးဖွင့်ရက် (၇) ရက်အတွင်း ထည့်သွင်း ပေးသွားပါမည်။
၁၅။ ဆုလက်ဆောင်များအားလုံးသည် ကမ္ဘောဇဘဏ်၏ ဆုံးဖြတ်ချက်အပေါ်တွင် မူတည်ပြီး ဆုလက်ဆောင်အမျိုးအစား တစ်ခုစီတွင် သက်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ ပါဝင်မည်ဖြစ်သည်။ ဤCampaign ကာလပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် Campaign မှရရှိမည့် အကျိုးခံစားခွင့်များသည်လည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။
၁၆။ ကမ္ဘောဇဘဏ် ဝန်ထမ်းများသည် ယခု Campaign တွင် ပါဝင်ရန် အကျုံးမဝင်ပါ။
၁၇။ ကမ္ဘောဇဘဏ် ဝန်ထမ်းများသည် ယခု Campaign တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ OTP သို့မဟုတ် PIN နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။
၁၈။ ဤCampaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို ကမ္ဘောဇဘဏ် က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။
၁၉။ ဤ Campaign ကာလနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ် Customer များ နှင့် ကမ္ဘောဇဘဏ် တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ် ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ Customer များ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာစိစစ်၍ ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်သည်။
၂၀။ ကမ္ဘောဇဘဏ် သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
၂၁။ ကမ္ဘောဇဘဏ် အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ ဤ အစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် ကမ္ဘောဇဘဏ် Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။
၂၂။ ကမ္ဘောဇဘဏ် နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် ဆုလက်ဆောင်များ အသီးသီးတွင် သတ်မှတ်ပါရှိသော စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင် စေရမည်။
၂၃။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့် အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။
၂၄။ ကမ္ဘောဇဘဏ် သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ် အနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက် ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုး ကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့် ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း ကမ္ဘောဇဘဏ် မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် ကမ္ဘောဇဘဏ် အနေဖြင့် ကမ္ဘောဇဘဏ် Customer အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။
၂၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသား ထားသည့် စည်းကမ်းသတ်မှတ်ချက်များ ကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။