ငွေပိုစုရင်း လစဉ်ဆုကြီးတွေ ကံထူးနိုင်မယ့် ရွှေရောင်နှစ်သစ် Lucky Draw Campaign

ကမ္ဘောဇဘဏ်၏ ငွေစုဘဏ်အပ်ငွေစာရင်း ထဲမှာ လစဥ်  ငွေ (၅) သိန်း ထပ်တိုးစုလိုက်ရုံနဲ့ iPhone 17 Pro Max အပါအဝင် တန်ဖိုးကြီး Electronic Device တွေနဲ့ ငွေသားဆုကြီးတွေကို ကံစမ်းနိုင်မယ့် ငွေပိုစုရင်း လစဉ်ဆုကြီးတွေ ကံထူးနိုင်မယ့်

ရွှေရောင်နှစ်သစ် Lucky Draw Campaign အစီအစဉ်ကြီးကို  ကမ္ဘောဇဘဏ်Customer များထံ ယူဆောင်လာပါပြီ။ 🥳

ဒီအစီအစဉ်မှာ ပါဝင်ဖို့အတွက် ကမ္ဘောဇဘဏ်ရဲ့ ငွေစုဘဏ်အပ်ငွေစာရင်း 

(Savings Account) ဖွင့်လှစ်ထားတဲ့ Personal Account (Individual သို့မဟုတ် Joint) Customer များ ဖြစ်ရပါမယ်။ Special Cash Account နဲ့ Ordinary Account အမျိုးအစား  (၂) မျိုးလုံး အကျုံးဝင်ပါတယ်။

၂၀၂၆ ခုနှစ်၊ မတ်လမှ စတင်ပြီး မိမိရဲ့ ငွေစုဘဏ်အပ်ငွေစာရင်းထဲမှာ ယခင်လထက် 

လစဉ် ပျမ်းမျှအပ်ငွေပမာဏ ၅ သိန်း (၅၀၀,၀၀၀) ကျပ် တိုးလာတိုင်း တိုးလာသောပမာဏ အပေါ်တွင်  Lucky Draw ကံစမ်းမဲ တစ်စောင်စီ ရရှိမှာ ဖြစ်ပါတယ်။

🎁 လစဉ် ကံထူးနိုင်မယ့် ဆုလက်ဆောင်တွေကတော့ 

📱 iPhone 17 Pro Max နှင့် အခြား Electronic Device များ

💵 ငွေကျပ် ၇ သိန်း၊ ၅ သိန်း၊ ၃ သိန်း၊ ၁ သိန်း နဲ့ ၅ သောင်း စတဲ့ ငွေသားဆုမဲများ

(စုစုပေါင်း ဆုမဲ ၉၂ ဆု ကို လစဉ် ကံစမ်းမဲ ဖောက်ပေးသွားမှာ ဖြစ်ပါတယ်)

🗓️ Campaign ကာလ ကတော့ မတ်လ ၁ ရက်မှ ဇွန်လ ၃၀ ရက် ၂၀၂၆ ခုနှစ်

အထိ ဖြစ်ပြီး မိမိရရှိထားတဲ့ Lucky Draw ကံစမ်းမဲ အစောင်အရေအတွက် စုစုပေါင်းကို လစဉ် လဆန်း (၁) ရက်နေ့မှ (၅) ရက်နေ့အတွင်း ကမ္ဘောဇဘဏ် ရဲ့ Official Website မှာ 

ဝင်ရောက်စစ်ဆေးနိုင်ပါမည်။

📣 ကံစမ်းမဲရလဒ်များကို လစဉ် လဆန်း (၁) ရက်နေ့မှ (၇) ရက်နေ့အတွင်း 

ကမ္ဘောဇဘဏ် ရဲ့ Official Social Media Channel 

တွေကနေလည်း ကြေညာပေးသွားမှာပါ။

၂၀၂၆ ခုနှစ်မှာ ငွေတွေပိုစုရင်း တန်ဖိုးကြီး iPhone တွေနဲ့ ငွေသားဆုများကို ရယူနိုင်ဖို့ 

အခုပဲ ကမ္ဘောဇဘဏ် မှာ စုငွေတွေ လာရောက်အပ်နှံဖို့ ဖိတ်ခေါ်လိုက်ပါတယ်! 🤗

အစီအစဉ်အကြောင်း အသေးစိတ်ကြည့်ရှုရန် – https://bit.ly/4d1cgwd

စည်းကမ်းသတ်မှတ်ချက်များရှိပါသည်။