ကမ္ဘောဇဘဏ်သည် ၂၀၂၆ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ Top Employer အဖြစ် တရားဝင်အသိအမှတ်ပြုခြင်း ခံခဲ့ရပါသည်။ အဆိုပါ နိုင်ငံတကာအဆင့် အသိအမှတ်ပြုမှုကို သုံးနှစ်ဆက်တိုက် ရရှိခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်တွင် မြန်မာ့ဘဏ်လုပ်ငန်းလောက၌ ပထမဦးဆုံး စတင်ဆွတ်ခူးနိုင်ခဲ့သည့် အစဉ်အလာကို ထိန်းသိမ်းကာ လုပ်ငန်းခွင်ယဉ်ကျေးမှုမှာ ကမ္ဘာ့အဆင့်မီ ဖြစ်ကြောင်း သက်သေပြလိုက်ခြင်း ဖြစ်ပါသည်။
ဘဏ်၏ ဝန်ထမ်း ၁,၃၀၀၀ ကျော်၏ ကြိုးပမ်းအားထုတ်မှုမှာ ဤအောင်မြင်မှု၏ အဓိကသော့ချက် ဖြစ်ပါသည်။ ကမ္ဘောဇဘဏ်သည် ဝန်ထမ်းများအတွက် အစဉ်တစိုက် ရင်းနှီးမြှုပ်နှံလျက်ရှိပြီး ဝန်ထမ်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားသည့် KBZ Learning Academy နှင့် လူငယ်များကို ပျိုးထောင်ပေးသည့် Young Talent Catalyst Programကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့သည်။ ထို့ပြင် အားလုံးပါဝင်ခွင့်ရှိပြီး တရားမျှတသည့် လုပ်ငန်းခွင်ဖြစ်စေရန် DEI Program နှင့် Employee Engagement Program များကိုလည်း အလေးထား ဆောင်ရွက်ခဲ့ပါသည်။
ဤလုပ်ငန်းစဉ်များအားလုံးကို ဘဏ်၏ အဓိကစံတန်ဖိုးများးဖြစ်သည့် “မေတ္တာ၊ သတ္တိ၊ ဝီရိယ” တို့နှင့် ပေါင်းစပ်ဖော်ဆောင်ခြင်းဖြင့် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသော လုပ်ငန်းခွင်တစ်ခုကို တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ကမ္ဘောဇဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းအောင်က ယခုကဲ့သို့သုံးနှစ်ဆက်တိုက် အသိအမှတ်ပြုခံရခြင်းက ဘဏ်၏ လုပ်ငန်းခွင်ယဉ်ကျေးမှုသည် ကမ္ဘာ့အဆင့်မီ ဖြစ်ကြောင်း သက်သေပြလိုက်ခြင်းဖြစ်သည်ဟု ဆိုပါသည်။ ဝန်ထမ်းများသည် ဘဏ်၏ အဖိုးတန်ဆုံးသော အရင်းအမြစ်များဖြစ်သည့်အတွက် သူတို့၏ တိုးတက်မှု၊ ပျော်ရွှင်မှုနှင့် အောင်မြင်မှုများသည် ဘဏ်၏ အောင်မြင်မှုပင်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံ၏ Top Employer တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်တွင် အတူတကွ လက်တွဲလုပ်ကိုင်ရန် အလုပ်အကိုင် အခွင့်အလမ်းများကို https://www.kbzbank.com/en/about-us/join-us/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
#TopEmployer2026 #KBZBank #WorkplaceExcellence #LifeAtKBZ #MyanmarBanking